သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အေရးေပၚအေျခအေနထုတ္ထားတဲ့ မေလး႐ွားေရာက္ ျမန္မာေတြ သတိျပဳလိုက္နာၾကပါ


မေလးရွားႏိုင္ငံ Kuala Lumpur က စုပါမားကတ္တခုျမင္ကကြင္း - ဇန္န၀ါရီလ ၁၂ ရက္ေန႔ ၂၀၂၁

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး ႏုိင္ငံကိုအေရးေပၚအေျခအေနေၾကညာလိုက္ၿပီျဖစ္တဲ့ မေလးရွားႏုိင္ငံထဲ မေလးရွားအစိုးရ ခ်မွတ္ထားတဲ့ကပ္ေဘး စည္းမ်ဥ္းစည္းကမ္းေတြကို မေလးရွားေရာက္ျမန္မာအလုပ္သမားေတြ အထူးသတိထားလိုက္နာၾကဖို႔ အလုပ္သမားေရးေဆာင္ရြက္ေနသူေတြက သတိေပးတိုက္တြန္းလိုက္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္ စုစည္းတင္ျပေပးခ်င္ပါတယ္။

မေလးရွားႏုိင္ငံထဲမွာ ကိုဗစ္္ ၁၉ တေက်ာ့ျပန္ကူးစက္မႈေတြပိုတုိးလာၿပီး အေျခအေနက အေတာ္ေလးကို စိုးရိမ္စရာျဖစ္လာလို႔ မေလးရွားႏိုင္ငံတခုလံုးကို မေလးရွားဘုရင္က ဇန္နဝါရီလ ၁၂ရက္ေန႔ အဂၤါေန႔က ႏုိင္ငံကို အေရးေပၚ အေျခအေနေၾကညာလိုက္ၿပီျဖစ္ပါတယ္။ႏုိင္ငံတြင္း ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏို္င္ေရး ႏုိင္ငံကိုအေရးေပၚေၾကညာခ်က္ ထုတ္ျပန္ရတာလို႔လည္း မေလးဝန္ၾကီးခ်ဳပ္က ရုပ္ျမင္သံၾကားကေန ႏိုင္ငံကိုအသိေပးပါတယ္။ လတ္တေလာမွာေတာ့ မေလးရွားႏုိင္ငံရဲ႕ၿမိဳ႕ေတာ္ ကြာလာလမ္ပူနဲ႔ အနီးဝန္းက်င္က ၿမိဳ႕ေတြကိုသီတင္းႏွစ္ပတ္ၾကာ Lock-down ခ် အသြားအလာေတြ ကန္႔သတ္ထားၿပီး ျပည္နယ္အကူးအသန္းေတြ အသြားအလာေတြကို အထူးေစာင့္ၾကည့္ေနပါတယ္။

အခုလို ကိုဗစ္၁၉ ကာကြယ္ထိန္းခ်ဳပ္ေရး မေလးရွားႏိုင္ငံအတြင္းမွာ အေရးေပၚအေျခအေနေၾကညာ လိုက္တဲ့အေပၚ မေလးရွားေရာက္ျမန္မာ အလုပ္သမားေတြ အသြားအလာဆင္ျခင္ၿပီး စည္းကမ္းေတြ လိုက္နာၾကဖို႔ အလုပ္သမားေရး ကူညီေဆာင္ရြက္ေနသူေတြက တိုက္တြန္းပါတယ္။ အေရးေပၚအေျခအေနထုတ္ျပန္လိုက္တဲ့အေပၚ ျမန္မာသံရံုးနဲ႔အတူ မေလးရွားေရာက္ျမန္မာ အလုပ္သမားေတြအေရး ကူညီေဆာင္ရြက္ေပးေနတဲ့ ကိုသီဟေမာင္ေမာင္က အခုလိုသတိေပးပါတယ္။

“မေလးရွားမွာ ထုတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းကေတာ့ သူတို႔သတ္မွတ္ထားတဲ့အတုိင္းေပါ့ေနာ္ အဓိက အျပင္မထြက္ေစခ်င္ဘူး။ ေနာက္ၿပီး ျပည္နယ္၆ခုကို အေရးေပၚအမိန္႔ထုတ္ျပန္ထားတယ္။ အဓိကကေတာ့ ပိုးအမ်ားဆံုးကူးစက္ေနတဲ့ျပည္နယ္ေတြမွာ အေရးေပၚအေျခေနေၾကညာၿပီး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔ သတိေပးေနတယ္။ စည္းကမ္းခ်က္ေတြကို ေဖာက္ဖ်က္တယ္ဆိုရင္ မေလးရွားရင္းဂစ္ေငြတစ္ေထာင္ခ်မွတ္မယ္ဆိုတာက ၿပီးခဲ့တဲ့တေခါက္က ခ်မွတ္ထားတဲ့ စည္းကမ္းေတြ အတိုင္းပဲေပါ့။အခုဆိုရင္ လမ္းေတြေပၚမွာလည္း အဖြဲ႔ေပါင္းစံုေပါ့ေနာ္ ရဲေတြ စစ္သားေတြ က်န္းမာေရးအဖြဲ႔ေတြရွိၿပီး အတားအဆီးဘေလာက္ေတြ အၾကီးၾကီးေတြ ခ်ထားတဲ့ေနရာေတြဆိုရင္ ကိုယ္က တရားမဝင္ဘူးဆိုရင္လည္း အဲ့လိုေနရာေတြကို ေရွာင္သင့္တယ္ေပါ့ေနာ္ အေကာင္းဆံုးကေတာ့ ကိုယ့္ျမန္မာႏုိင္ငံသားအခ်င္းခ်င္း အျပန္အလွန္ေဖးမကူညီေပးၾကဖို႔ ဒီကိုဗစ္ကာလၾကီးမွာ တေယာက္နဲ႔တေယာက္ အဆက္အသြယ္ေလးေတြ လုပ္ၿပီးေတာ့ စည္းစည္းလံုးလံုးေနၾကဖို႔ကိုလည္း မွာခ်င္ပါတယ္ခင္ဗ်။”

ႏိုင္ငံမွာ အေရးေပၚအေျခအေနေၾကညာလိုက္တာေၾကာင့္ ကိုဗစ္ကာလ မေလးရွားႏုိင္ငံကေန ျမန္မာႏုိင္ငံကို ျပန္ပို႔ေဆာင္ေပးေနတဲ့အစီအစဥ္ေတြကိုေတာ့ သက္ေရာက္မႈမရွိပဲ မေလးရွားကခ်မွတ္ထားတဲ့ ကိုဗစ္စည္းကမ္းခ်က္ေတြနဲ႔အညီသံရံုးဘက္က စနစ္တက်ေဆာင္ရြက္ေပးေနပါတယ္လို႔လည္း ကိုသီဟေမာင္ေမာင္ကေျပာပါတယ္။

“က်ေနာ္တို႔ ျပန္ပို႔တဲ့အစီအစဥ္ေတြကေတာ့ လုပ္ရိုးလုပ္စဥ္အတိုင္း သြားလာလုပ္ကိုင္ေနၾကရမွာပါပဲ။ ဒါေပမဲ့ သူတို႔ရဲ႕ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းဥပေဒေတြနဲ႔အညီေတာ့ သြားရမွာေပါ့ေနာ္။ ဥပမာ ကားနဲ႔သြားၾကရင္ ကားေပၚမွာ လူ၂ဦးထက္ပိုစီးလို႔မရတာမ်ိဳးေပါ့။ ေလဆိပ္သြားမယ္ဆိုရင္လည္း ကယ္ဆယ္ေရးေလယာဥ္နဲ႔သြားမယ့္သူေတြကေလယာဥ္လက္မွတ္ေလးေတြကို ေသခ်ာ ပရင့္ထုတ္ၿပီး ယူသြားၾကေစခ်င္ပါတယ္။ လမ္းမွာ စစ္တာေဆးတာေတြရွိေနတဲ့အတြက္ေၾကာင့္ ေလယာဥ္နဲ႔ျပန္မွာမို႔ ေလယာဥ္ကြင္းသြားေနပါတယ္ဆိုတဲ့အေထာက္အထားေလးေတြ ျပႏို္င္လို႔ရွိရင္ စကားေတြ အမ်ားၾကီး မေျပာရဘူးေပါ့။ ကယ္ဆယ္ေရးေလယာဥ္ကလည္း တလကို ေလးေခါက္ရွိေနတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ဘက္ကေတာ့ ပံုမွန္သြားတဲ့အတိုင္း သြားပို႔ေနၾကရမွာပါပဲ။ အေရးအေၾကာင္းရွိလို႔ အျပင္သြားၾကတယ္ ဆိုရင္ သူထုတ္ျပန္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြလိုက္နာပါ မလိုအပ္ရင္ အျပင္မထြက္တာေတာ့ အေကာင္းဆံုးေပါ့။”

မေလးရွားေရာက္ျမန္မာေတြအေနနဲ႔ ႏုိင္ငံမွာထုတ္ျပန္ထားတဲ့ ကိုဗစ္၁၉ ကာကြယ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာၾကဖို႔ သတင္းေတြကို မ်က္ေျခမျပတ္နားစြင့္ၾကဖို႔ ကြာလမ္လမ္ပူၿမိဳ႕ေတာ္က ျမန္မာအလုပ္သမားေတြအတြက္ အလုပ္အကိုင္ကူညီရွာေဖြေပးတဲ့ေအဂ်င္စီက ကိုဟန္မြန္ေအာင္က အၾကံေပးပါတယ္။

“မေလးရွားဘုရင္ဆီကေန အေရးေပၚအေျခအေနက သူ႔ဆီက တုိက္ရိုက္လာတာဆိုေတာ့- အခုဆိုရင္ တိုးဂိတ္ေတြမွာ တျပည္နယ္နဲ႔တျပည္နယ္ သြားလို႔မရဘူး။ ကို္ယ့္အိမ္ကေနၿပီးေတာ့ ဆယ္ကီလိုမီတာထက္ ပိုၿပီးသြားလို႔မရဘူး။ကားတစီးထဲမွာ တအိမ္မိသားစုဆို လူ၂ေယာက္ပဲ စီးခြင့္ရမယ္။တခ်ိဳ႕စက္ရံုေတြကို အလုပ္သမား၃၀%ပဲ ခြင့္ျပဳထားတယ္။ အဲ့ေတာ့ ဒီအမိန္႔ထုတ္ျပန္ခ်က္ေတြက သူ႔ႏုိင္ငံသားေတြေတာင္မွ အမိန္႔အတိုင္း လိုက္နာၾကရမွာဆိုေတာ့ က်ေနာ္တို႔ႏုိင္ငံျခားသားအလုပ္သမားေတြက ပိုလိုက္နာသင့္တယ္ မေလးရွားမွာက ေတာ္ေတာ္မ်ားမ်ားက ပတ္စပို႔ပါမစ္ကိုင္ၿပီး ေနတဲ့သူထက္အိုဗာစေတးေနတဲ့သူေတြက ပိုမ်ားတာမို႔ က်ေနာ္တို႔ျမန္မာႏုိင္ငံသားေတြအေနနဲ႔ သူ႔ႏိုင္ငံက ခ်မွတ္ထားတဲ့ လိုက္နာေပးၾကပါ ၿပီးေတာ့ ဒီႏွစ္ပတ္ကို အိမ္ထဲမွာပဲေနေပးၾကပါ။ သူ႔ႏုိင္ငံက ေဆာင္ရြက္ေနတဲ့အမိန္႔အတုိင္း လိုက္နာမယ္ဆိုရင္ ဘာကိုမွ ေၾကာက္ရြ႔႔ံေနစရာမလိုပါဘူးလို႔။”

အေမရိကန္ျပည္ေထာင္စုအေျခစိုက္Johns Hopkins ေဆးတကၠသိုလ္ ကိုရိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္ေရးစင္တာရဲ႕အဂၤါေန႔ ေနာက္ဆံုး ထုတ္ျပန္တဲ့စာရင္းအရ မေလးရွားႏုိင္ငံတႏိုင္ငံလံုးအတုိင္းအတာနဲ႔ ကိုဗစ္၁၉ ကူးစက္သူေပါင္း( ၁၄၁,၅၃၃) တစ္သိန္းေလးေသာင္းေက်ာ္ရွိေနၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးသူက (၅၅၉)ေယာက္အထိ ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

ကိုဗစ်အရေးပေါ်အခြေအနေထုတ်ထားတဲ့မလေးရှားရောက် မြန်မာတွေ သတိပြုလိုက်နာကြပါ

(Unicode)

ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ရေး နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာလိုက်ပြီဖြစ်တဲ့ မလေးရှားနိုင်ငံထဲ မလေးရှားအစိုးရ ချမှတ်ထားတဲ့ကပ်ဘေး စည်းမျဉ်းစည်းကမ်းတွေကို မလေးရှားရောက်မြန်မာအလုပ်သမားတွေ အထူးသတိထားလိုက်နာကြဖို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက သတိပေးတိုက်တွန်းလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် စုစည်းတင်ပြပေးချင်ပါတယ်။

မလေးရှားနိုင်ငံထဲမှာ ကိုဗစ် ၁၉ တကျော့ပြန်ကူးစက်မှုတွေပိုတိုးလာပြီး အခြေအနေက အတော်လေးကို စိုးရိမ်စရာဖြစ်လာလို့ မလေးရှားနိုင်ငံတခုလုံးကို မလေးရှားဘုရင်က ဇန်နဝါရီလ ၁၂ရက်နေ့ အင်္ဂါနေ့က နိုင်ငံကို အရေးပေါ် အခြေအနေကြေညာလိုက်ပြီဖြစ်ပါတယ်။နိုင်ငံတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး နိုင်ငံကိုအရေးပေါ်ကြေညာချက် ထုတ်ပြန်ရတာလို့လည်း မလေးဝန်ကြီးချုပ်က ရုပ်မြင်သံကြားကနေ နိုင်ငံကိုအသိပေးပါတယ်။ လတ်တလောမှာတော့ မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလမ်ပူနဲ့ အနီးဝန်းကျင်က မြို့တွေကိုသီတင်းနှစ်ပတ်ကြာ Lock-down ချ အသွားအလာတွေ ကန့်သတ်ထားပြီး ပြည်နယ်အကူးအသန်းတွေ အသွားအလာတွေကို အထူးစောင့်ကြည့်နေပါတယ်။

အခုလို ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေး မလေးရှားနိုင်ငံအတွင်းမှာ အရေးပေါ်အခြေအနေကြေညာ လိုက်တဲ့အပေါ် မလေးရှားရောက်မြန်မာ အလုပ်သမားတွေ အသွားအလာဆင်ခြင်ပြီး စည်းကမ်းတွေ လိုက်နာကြဖို့ အလုပ်သမားရေး ကူညီဆောင်ရွက်နေသူတွေက တိုက်တွန်းပါတယ်။ အရေးပေါ်အခြေအနေထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာသံရုံးနဲ့အတူ မလေးရှားရောက်မြန်မာ အလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသီဟမောင်မောင်က အခုလိုသတိပေးပါတယ်။

“မလေးရှားမှာ ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းကတော့ သူတို့သတ်မှတ်ထားတဲ့အတိုင်းပေါ့နော် အဓိက အပြင်မထွက်စေချင်ဘူး။ နောက်ပြီး ပြည်နယ်၆ခုကို အရေးပေါ်အမိန့်ထုတ်ပြန်ထားတယ်။ အဓိကကတော့ ပိုးအများဆုံးကူးစက်နေတဲ့ပြည်နယ်တွေမှာ အရေးပေါ်အခြေနေကြေညာပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ သတိပေးနေတယ်။ စည်းကမ်းချက်တွေကို ဖောက်ဖျက်တယ်ဆိုရင် မလေးရှားရင်းဂစ်ငွေတစ်ထောင်ချမှတ်မယ်ဆိုတာက ပြီးခဲ့တဲ့တခေါက်က ချမှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်းပဲပေါ့။အခုဆိုရင် လမ်းတွေပေါ်မှာလည်း အဖွဲ့ပေါင်းစုံပေါ့နော် ရဲတွေ စစ်သားတွေ ကျန်းမာရေးအဖွဲ့တွေရှိပြီး အတားအဆီးဘလောက်တွေ အကြီးကြီးတွေ ချထားတဲ့နေရာတွေဆိုရင် ကိုယ်က တရားမဝင်ဘူးဆိုရင်လည်း အဲ့လိုနေရာတွေကို ရှောင်သင့်တယ်ပေါ့နော် အကောင်းဆုံးကတော့ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း အပြန်အလှန်ဖေးမကူညီပေးကြဖို့ ဒီကိုဗစ်ကာလကြီးမှာ တယောက်နဲ့တယောက် အဆက်အသွယ်လေးတွေ လုပ်ပြီးတော့ စည်းစည်းလုံးလုံးနေကြဖို့ကိုလည်း မှာချင်ပါတယ်ခင်ဗျ။”

နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာလိုက်တာကြောင့် ကိုဗစ်ကာလ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ဆောင်ပေးနေတဲ့အစီအစဉ်တွေကိုတော့ သက်ရောက်မှုမရှိပဲ မလေးရှားကချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီသံရုံးဘက်က စနစ်တကျဆောင်ရွက်ပေးနေပါတယ်လို့လည်း ကိုသီဟမောင်မောင်ကပြောပါတယ်။

“ကျနော်တို့ ပြန်ပို့တဲ့အစီအစဉ်တွေကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း သွားလာလုပ်ကိုင်နေကြရမှာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အညီတော့ သွားရမှာပေါ့နော်။ ဥပမာ ကားနဲ့သွားကြရင် ကားပေါ်မှာ လူ၂ဦးထက်ပိုစီးလို့မရတာမျိုးပေါ့။ လေဆိပ်သွားမယ်ဆိုရင်လည်း ကယ်ဆယ်ရေးလေယာဉ်နဲ့သွားမယ့်သူတွေကလေယာဉ်လက်မှတ်လေးတွေကို သေချာ ပရင့်ထုတ်ပြီး ယူသွားကြစေချင်ပါတယ်။ လမ်းမှာ စစ်တာဆေးတာတွေရှိနေတဲ့အတွက်ကြောင့် လေယာဉ်နဲ့ပြန်မှာမို့ လေယာဉ်ကွင်းသွားနေပါတယ်ဆိုတဲ့အထောက်အထားလေးတွေ ပြနိုင်လို့ရှိရင် စကားတွေ အများကြီး မပြောရဘူးပေါ့။ ကယ်ဆယ်ရေးလေယာဉ်ကလည်း တလကို လေးခေါက်ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကတော့ ပုံမှန်သွားတဲ့အတိုင်း သွားပို့နေကြရမှာပါပဲ။ အရေးအကြောင်းရှိလို့ အပြင်သွားကြတယ် ဆိုရင် သူထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေလိုက်နာပါ မလိုအပ်ရင် အပြင်မထွက်တာတော့ အကောင်းဆုံးပေါ့။”

မလေးရှားရောက်မြန်မာတွေအနေနဲ့ နိုင်ငံမှာထုတ်ပြန်ထားတဲ့ ကိုဗစ်၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာကြဖို့ သတင်းတွေကို မျက်ခြေမပြတ်နားစွင့်ကြဖို့ ကွာလမ်လမ်ပူမြို့တော်က မြန်မာအလုပ်သမားတွေအတွက် အလုပ်အကိုင်ကူညီရှာဖွေပေးတဲ့အေဂျင်စီက ကိုဟန်မွန်အောင်က အကြံပေးပါတယ်။

“မလေးရှားဘုရင်ဆီကနေ အရေးပေါ်အခြေအနေက သူ့ဆီက တိုက်ရိုက်လာတာဆိုတော့- အခုဆိုရင် တိုးဂိတ်တွေမှာ တပြည်နယ်နဲ့တပြည်နယ် သွားလို့မရဘူး။ ကိုယ့်အိမ်ကနေပြီးတော့ ဆယ်ကီလိုမီတာထက် ပိုပြီးသွားလို့မရဘူး။ကားတစီးထဲမှာ တအိမ်မိသားစုဆို လူ၂ယောက်ပဲ စီးခွင့်ရမယ်။တချို့စက်ရုံတွေကို အလုပ်သမား၃၀%ပဲ ခွင့်ပြုထားတယ်။ အဲ့တော့ ဒီအမိန့်ထုတ်ပြန်ချက်တွေက သူ့နိုင်ငံသားတွေတောင်မှ အမိန့်အတိုင်း လိုက်နာကြရမှာဆိုတော့ ကျနော်တို့နိုင်ငံခြားသားအလုပ်သမားတွေက ပိုလိုက်နာသင့်တယ် မလေးရှားမှာက တော်တော်များများက ပတ်စပို့ပါမစ်ကိုင်ပြီး နေတဲ့သူထက်အိုဗာစတေးနေတဲ့သူတွေက ပိုများတာမို့ ကျနော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ သူ့နိုင်ငံက ချမှတ်ထားတဲ့ လိုက်နာပေးကြပါ ပြီးတော့ ဒီနှစ်ပတ်ကို အိမ်ထဲမှာပဲနေပေးကြပါ။ သူ့နိုင်ငံက ဆောင်ရွက်နေတဲ့အမိန့်အတိုင်း လိုက်နာမယ်ဆိုရင် ဘာကိုမှ ကြောက်ရွ့ံ့နေစရာမလိုပါဘူးလို့။”

အမေရိကန်ပြည်ထောင်စုအခြေစိုက်Johns Hopkins ဆေးတက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေးစင်တာရဲ့အင်္ဂါနေ့ နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရ မလေးရှားနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်၁၉ ကူးစက်သူပေါင်း( ၁၄၁,၅၃၃) တစ်သိန်းလေးသောင်းကျော်ရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးသူက (၅၅၉)ယောက်အထိ ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG