သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားကုမၸဏီေတြ ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ နစ္နာေၾကးျပန္ေပး


Top Glove စက္႐ံုအလုပ္လုပ္ေနေသာျမင္ကြင္း

(Zawgyi/Unicode)

မေလးရွားႏုိင္ငံက ရာဘာလက္အိပ္ထုတ္လုပ္သူေတြဟာ အလုပ္သမားေတြကုိ အဓမၼလုပ္အားခုိင္းေစမႈေတြ ျပဳလုပ္ခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အေမရိကန္က မႏွစ္ေႏွာင္းပုိင္းက ေအာ္ဒါမွာထားတာေတြကုိ တင္သြင္းမႈေတြ ရပ္တန္႔လုိက္ၿပီးတဲ့ေနာက္ ကုမၸဏီ ပုိင္ရွင္ေတြက ေထာင္နဲ႔ခ်ီတဲ့ ၀န္ထမ္းေတြကုိ လုပ္အားခ နစ္နာေၾကးေတြ ျပန္ေပးေနၿပီ ျဖစ္ပါတယ္။

မေလးရွားႏုိင္ငံဟာ ကမၻာမွာ အသုံးျပဳေနတဲ့ တခါသုံးရာဘာလက္အိတ္ ၃ ပုံ ၂ ပုံကုိ ထုတ္လုပ္တင္ပုိ႔ေနတဲ့ႏုိင္ငံျဖစ္ပါတယ္။ လက္ရွိမွာ ကုိရုိနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ရာဘာလက္အိတ္နဲ႔ PPE ေဆးရုံေတြမွာ အသုံးျပဳတဲ့ အကာကြယ္၀တ္စုံ လုိအပ္မႈေတြ ျမင့္တက္လာေနတာပါ။ စက္ရုံအမ်ားစုဟာ ေရြ႕ေျပာင္း အလုပ္သမားေတြအေပၚ မွီခုိ အားထားေနရတာျဖစ္ၿပီး အလုပ္ရႏုိင္ဖုိ႔အတြက္ ၀န္ထမ္းေတြက ပြဲစားေတြကုိ ေဒၚလာ ေထာင္နဲ႔ခ်ီေပးၾကရတာမွာ အဲဒီလုိ ေပးႏုိင္ဖုိ႔အတြက္ ေငြေခ်းၿပီး ေပးၾကရတယ္လုိ႔ ဆုိပါတယ္။

အလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူေတြကေတာ့ အဲဒီလုိ ေငြေခ်းျခင္းကုိ အေႂကြးနဲ႔တုပ္ေႏွာင္ခံျခင္းလုိ႔ ေခၚဆုိၾကၿပီး ဒါဟာ သူတုိ႔ အေႂကြးမေၾကမခ်င္း အလုပ္ရွင္ရဲ႕ အဓမၼလုပ္အားခုိင္းေစျခင္းကုိ ခံၾကရတာေၾကာင့္ ေခတ္သစ္ ကၽြန္စံနစ္လုိ႔ သတ္မွတ္ၾကပါတယ္။

အေမရိကန္ အေကာက္ခြန္နဲ႔ နယ္စပ္ေဒသလုံၿခံဳေရးဌာနက မေလးရွားက WRP Asia Pacific ကုမၸဏီအေနနဲ႔ ၀န္ထမ္းေတြကုိ အဓမၼ လုပ္အားခုိင္းေစတယ္ဆုိတဲ့ အေထာက္အထားေတြ ေတြ႔ရွိခဲ့တယ္ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ကုမၸဏီက တင္သြင္းလာတဲ့ လက္အိတ္ေတြကုိ ၂၀၁၉ ခုႏွစ္မွာ သိမ္းဆည္းလုိက္ထားလုိက္တဲ့အျပင္ အေမရိကန္ႏုိင္ငံအတြင္း ကုန္ပစၥည္း တင္သြင္းခြင့္ကုိပါ ပိတ္ပင္ခဲ့ပါတယ္။ အလားတူဘဲ ကမၻာမွာ ရာဘာလက္အိတ္ အမ်ားဆုံးထုတ္လုပ္တဲ့ မေလးရွားႏုိင္ငံက Top Glove ကုမၸဏီလက္ေအာက္ခံ ကုမၸဏီ ၂ ခုအေပၚမွာလည္း အလားတူ ကန္႔သတ္ခ်က္ေတြ ဇူလုိင္လမွာ ျပဌာန္းခဲ့ပါတယ္။

အဲဒီအမိန္႔ေၾကညာခ်က္ေတြ ထြက္လာခဲ့ၿပီးတဲ့ေနာက္ ကုမၸဏီ ၂ ခုစလုံးက အလုပ္သမားေတြ အလုပ္ရဖုိ႔ေပးခဲ့ရတဲ့ ပြဲစားခေတြကုိ ကုမၸဏီေတြက ျပန္ေလ်ာ္ေပးခဲ့ပါတယ္။ Top Glove ကုမၸဏီကေတာ့ သူတုိ႔အေနနဲ႔ ၀န္ထမ္းအသစ္ေတြေခၚတဲ့ေနရာမွာ ေပးရတဲ့ ပြဲစားခေတြကုိ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလကတည္းက ေပးေနခဲ့တယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

(Unicode)

မလေးရှားနိုင်ငံက ရာဘာလက်အိပ်ထုတ်လုပ်သူတွေဟာ အလုပ်သမားတွေကို အဓမ္မလုပ်အားခိုင်းစေမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်က မနှစ်နှောင်းပိုင်းက အော်ဒါမှာထားတာတွေကို တင်သွင်းမှုတွေ ရပ်တန့်လိုက်ပြီးတဲ့နောက် ကုမ္ပဏီ ပိုင်ရှင်တွေက ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို လုပ်အားခ နစ်နာကြေးတွေ ပြန်ပေးနေပြီ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ ကမ္ဘာမှာ အသုံးပြုနေတဲ့ တခါသုံးရာဘာလက်အိတ် ၃ ပုံ ၂ ပုံကို ထုတ်လုပ်တင်ပို့နေတဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရာဘာလက်အိတ်နဲ့ PPE ဆေးရုံတွေမှာ အသုံးပြုတဲ့ အကာကွယ်ဝတ်စုံ လိုအပ်မှုတွေ မြင့်တက်လာနေတာပါ။ စက်ရုံအများစုဟာ ရွေ့ပြောင်း အလုပ်သမားတွေအပေါ် မှီခို အားထားနေရတာဖြစ်ပြီး အလုပ်ရနိုင်ဖို့အတွက် ဝန်ထမ်းတွေက ပွဲစားတွေကို ဒေါ်လာ ထောင်နဲ့ချီပေးကြရတာမှာ အဲဒီလို ပေးနိုင်ဖို့အတွက် ငွေချေးပြီး ပေးကြရတယ်လို့ ဆိုပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီလို ငွေချေးခြင်းကို အကြွေးနဲ့တုပ်နှောင်ခံခြင်းလို့ ခေါ်ဆိုကြပြီး ဒါဟာ သူတို့ အကြွေးမကြေမချင်း အလုပ်ရှင်ရဲ့ အဓမ္မလုပ်အားခိုင်းစေခြင်းကို ခံကြရတာကြောင့် ခေတ်သစ် ကျွန်စံနစ်လို့ သတ်မှတ်ကြပါတယ်။

အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ဒေသလုံခြုံရေးဌာနက မလေးရှားက WRP Asia Pacific ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေကို အဓမ္မ လုပ်အားခိုင်းစေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီက တင်သွင်းလာတဲ့ လက်အိတ်တွေကို ၂၀၁၉ ခုနှစ်မှာ သိမ်းဆည်းလိုက်ထားလိုက်တဲ့အပြင် အမေရိကန်နိုင်ငံအတွင်း ကုန်ပစ္စည်း တင်သွင်းခွင့်ကိုပါ ပိတ်ပင်ခဲ့ပါတယ်။ အလားတူဘဲ ကမ္ဘာမှာ ရာဘာလက်အိတ် အများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံက Top Glove ကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီ ၂ ခုအပေါ်မှာလည်း အလားတူ ကန့်သတ်ချက်တွေ ဇူလိုင်လမှာ ပြဌာန်းခဲ့ပါတယ်။

အဲဒီအမိန့်ကြေညာချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက် ကုမ္ပဏီ ၂ ခုစလုံးက အလုပ်သမားတွေ အလုပ်ရဖို့ပေးခဲ့ရတဲ့ ပွဲစားခတွေကို ကုမ္ပဏီတွေက ပြန်လျော်ပေးခဲ့ပါတယ်။ Top Glove ကုမ္ပဏီကတော့ သူတို့အနေနဲ့ ဝန်ထမ်းအသစ်တွေခေါ်တဲ့နေရာမှာ ပေးရတဲ့ ပွဲစားခတွေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကတည်းက ပေးနေခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG