သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ ခုႏွစ္မွာ လူသားအားလုံး ကုိဗစ္ဒဏ္ ခံနိုင္စြမ္းရွိဖုိ႔ မလြယ္ကူေသး


(Zawgyi/Unicode)

COVID 19 ကာကြယ္ေဆး အေျမာက္အျမား ထိုးႏွံေပးမယ့္ အစီအစဥ္ ရွိေနေပမယ့္လည္း ဒီႏွစ္ထဲ ကမၻာသူ ကမၻာသား အားလုံး ဗိုင္း ရပ္စ္ဒဏ္ ခံနိုင္စြမ္းရရွိမယ့္ herd immunity အဆင့္ကို ေရာက္ရွိဦးမွာ မဟုတ္ေသးဘူးလို႔ ကမၻာ့ က်န္းမာေရးအဖြဲ႕ WHO က ေျပာပါတယ္။

“အကာအကြယ္ အမဲ့ဆုံး အားနည္းသူေတြ ေရာဂါ မျဖစ္ေအာင္ ကာကြယ္ထိုးေဆးက အကာအကြယ္ေပးေတာ့မွာျဖစ္ေပမဲ့၂၀၂၁ခုႏွစ္ ထဲမွာ လူေတြအားလုံးေရာဂါဒဏ္ ခံနိုင္စြမ္းရွိတဲ့ အဆင့္ကို ေရာက္ရွိဦးမွာ မဟုတ္ေသးပါဘူး။ ဒီလို လူထု တစ္ရပ္လုံး ေရာဂါ ဒဏ္ခံ နိုင္တဲ့ အေျခအေနကို တိုင္းျပည္တစ္ခ်ိဳ႕ တစ္ေလမွာ ရရွိေနရင္ေတာင္မွ တစ္ကမၻာလုံး ဒီလို အေျခအေနမ်ိဳးေရာက္နိုင္ဦးမွာမဟုတ္ဘူး” လို႔ ကမၻာ့ က်န္းမာေရးအဖြဲ႕ WHO က သိပၸံပညာရွင္အဖြဲ႕ ေခါင္းေဆာင္ Dr Soumya Swaminathan က ေျပာပါတယ္။

ဒါေၾကာင့္၊ လူထု က်န္းမာေရးဆိုင္ရာ လက္ရွိ လူေတြ သိၿပီးသား ကိစၥေတြ ျဖစ္တဲ့ ႏွာေခါင္းစည္း ဝတ္တာ၊ လူခ်င္းခြာၿပီးေနတာနဲ႔ လက္ေဆး တာေတြကို ဆက္ၿပီး လုပ္ေဆာင္သြားဖို႔ လိုတယ္လို႔ သူက ေျပာပါတယ္။ COVID-19 ကို လုံးလုံးလ်ားလ်ား ရပ္ပစ္နိုင္ ဖို႔အတြက္ ကာကြယ္ေဆး လုံလုံေလာက္ေလာက္ထုတ္လုပ္ဖို႔နဲ႔ ထိုးေပးနိုင္ဖို႔က အခ်ိန္လိုအပ္တယ္လို႔လည္း Dr Soumya Swaminathan က ေျပာပါတယ္။

WHO က အဆင့္ျမင့္ အႀကံေပး ပုဂၢိဳလ္ Dr. Bruce Aylward ကေတာ့ ေဖေဖာ္ဝါရီလက စၿပီး ကမၻာ့ အဆင္းရဲဆုံးနိုင္ငံေတြကို ကာကြယ္ေဆးေတြ စတင္ ေပးပို႔နိုင္ဖို႔ ခန္႔မွန္းထားတယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ WHO အဖြဲ႕ တစ္ခုတည္းအေနနဲ႔ ဒါကို လုပ္ေဆာင္ နိုင္ မွာ မဟုတ္ဘဲ ေဆးထုတ္လုပ္တဲ့ ကုမၸဏီေတြကေန COVAX လို႔ ေခၚတဲ့ တစ္ကမၻာလုံး ကမၻာေဆး ရရွိေရးဆိုင္ရာ အစီအစဥ္အတြက္ကာကြယ္ေဆး ဦးစားေပး ျဖန္႔ျဖဴးေပးဖို႔ လိုအပ္တယ္လို႔ သူက ေျပာပါတယ္။

ကာကြယ္ေဆးထုတ္လုပ္တဲ့ Moderna ကုမၸဏီကေတာ့ သူ႔ရဲ့ ကာကြယ္ေဆး ေရာဂါဒဏ္ အနည္းဆုံး တစ္ႏွစ္ခံနိုင္မယ္လို႔ ေျပာသလို ကာကြယ္ေဆးက နိုင္ငံတခ်ိဳ႕မွာ ေတြ႕ရွိရတဲ့ မ်ိဳးဗီဇ ေျပာင္း ဗိုင္းရပ္စ္အေပၚမွာလည္း ထိေရာက္မႈ ရွိတယ္လို႔ ေျပာပါတယ္။

အခုအခ်ိန္အထိ တစ္ကမၻာလုံး အတိုင္းအတာအရ COVID 19 ကူးစက္ခံရသူ ၉၁ သန္းနီးပါး ရွိၿပီး ေသဆုံးသူ စုစုေပါင္း ၁.၉ သန္း ေက်ာ္ သြားၿပီ ျဖစ္ပါတယ္။ အဲဒီ အထဲ အေမရိကန္ ျပည္ေထာင္စုမွာ အမ်ားဆုံး ျဖစ္ၿပီး ကူးစက္ခံရသူ ၂၂.၆ သန္း နဲ႔ေသဆုံးသူ ၃၇၆,၀၀၀ ေက်ာ္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

၂၀၂၁ ခုနှစ်မှာ လူသားအားလုံး ကိုဗစ်ဒဏ် ခံနိုင်စွမ်းရှိဖို့ မလွယ်ကူသေး
(Unicode)

COVID 19 ကာကွယ်ဆေး အမြောက်အမြား ထိုးနှံပေးမယ့် အစီအစဉ် ရှိနေပေမယ့်လည်း ဒီနှစ်ထဲ ကမ္ဘာသူ ကမ္ဘာသား အားလုံး ဗိုင်း ရပ်စ်ဒဏ် ခံနိုင်စွမ်းရရှိမယ့် herd immunity အဆင့်ကို ရောက်ရှိဦးမှာ မဟုတ်သေးဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

“အကာအကွယ် အမဲ့ဆုံး အားနည်းသူတွေ ရောဂါ မဖြစ်အောင် ကာကွယ်ထိုးဆေးက အကာအကွယ်ပေးတော့မှာဖြစ်ပေမဲ့၂၀၂၁ခုနှစ် ထဲမှာ လူတွေအားလုံးရောဂါဒဏ် ခံနိုင်စွမ်းရှိတဲ့ အဆင့်ကို ရောက်ရှိဦးမှာ မဟုတ်သေးပါဘူး။ ဒီလို လူထု တစ်ရပ်လုံး ရောဂါ ဒဏ်ခံ နိုင်တဲ့ အခြေအနေကို တိုင်းပြည်တစ်ချို့ တစ်လေမှာ ရရှိနေရင်တောင်မှ တစ်ကမ္ဘာလုံး ဒီလို အခြေအနေမျိုးရောက်နိုင်ဦးမှာမဟုတ်ဘူး” လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က သိပ္ပံပညာရှင်အဖွဲ့ ခေါင်းဆောင် Dr Soumya Swaminathan က ပြောပါတယ်။

ဒါကြောင့်၊ လူထု ကျန်းမာရေးဆိုင်ရာ လက်ရှိ လူတွေ သိပြီးသား ကိစ္စတွေ ဖြစ်တဲ့ နှာခေါင်းစည်း ဝတ်တာ၊ လူချင်းခွာပြီးနေတာနဲ့ လက်ဆေး တာတွေကို ဆက်ပြီး လုပ်ဆောင်သွားဖို့ လိုတယ်လို့ သူက ပြောပါတယ်။ COVID-19 ကို လုံးလုံးလျားလျား ရပ်ပစ်နိုင် ဖို့အတွက် ကာကွယ်ဆေး လုံလုံလောက်လောက်ထုတ်လုပ်ဖို့နဲ့ ထိုးပေးနိုင်ဖို့က အချိန်လိုအပ်တယ်လို့လည်း Dr Soumya Swaminathan က ပြောပါတယ်။

WHO က အဆင့်မြင့် အကြံပေး ပုဂ္ဂိုလ် Dr. Bruce Aylward ကတော့ ဖေဖော်ဝါရီလက စပြီး ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေကို ကာကွယ်ဆေးတွေ စတင် ပေးပို့နိုင်ဖို့ ခန့်မှန်းထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ WHO အဖွဲ့ တစ်ခုတည်းအနေနဲ့ ဒါကို လုပ်ဆောင် နိုင် မှာ မဟုတ်ဘဲ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကနေ COVAX လို့ ခေါ်တဲ့ တစ်ကမ္ဘာလုံး ကမ္ဘာဆေး ရရှိရေးဆိုင်ရာ အစီအစဉ်အတွက်ကာကွယ်ဆေး ဦးစားပေး ဖြန့်ဖြူးပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ကာကွယ်ဆေးထုတ်လုပ်တဲ့ Moderna ကုမ္ပဏီကတော့ သူ့ရဲ့ ကာကွယ်ဆေး ရောဂါဒဏ် အနည်းဆုံး တစ်နှစ်ခံနိုင်မယ်လို့ ပြောသလို ကာကွယ်ဆေးက နိုင်ငံတချို့မှာ တွေ့ရှိရတဲ့ မျိုးဗီဇ ပြောင်း ဗိုင်းရပ်စ်အပေါ်မှာလည်း ထိရောက်မှု ရှိတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ တစ်ကမ္ဘာလုံး အတိုင်းအတာအရ COVID 19 ကူးစက်ခံရသူ ၉၁ သန်းနီးပါး ရှိပြီး သေဆုံးသူ စုစုပေါင်း ၁.၉ သန်း ကျော် သွားပြီ ဖြစ်ပါတယ်။ အဲဒီ အထဲ အမေရိကန် ပြည်ထောင်စုမှာ အများဆုံး ဖြစ်ပြီး ကူးစက်ခံရသူ ၂၂.၆ သန်း နဲ့သေဆုံးသူ ၃၇၆,၀၀၀ ကျော် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG