သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တားျမစ္ခ်က္ အသစ္ေတြေၾကာင္႔ ေရႊ႕ေျပာင္းလုပ္သားေတြ ထိုင္းမွာ ရပ္တည္ေရး အခက္ႀကံဳ


(Zawgyi/Unicode)

COVID-19 ကူးစက္မႈႏႈန္း စံခ်ိန္တင္ျမင့္တက္လာေနတဲ့ ထိုင္းႏိုင္ငံမွာ အလုပ္ရွင္ေတြက ကန္႔သတ္ခ်က္အသစ္ေတြသတ္မွတ္ခဲ့တာေၾကာင့္ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ အလုပ္ရွာေဖြဖို႔နဲ႔ ရွင္သန္ရပ္တည္ေနထိုင္ဖို႔ ရုန္းကန္ေနရေၾကာင္း လူ႔အခြင့္အေရးအဖဲြ႔ေတြက ေသာၾကာေန႔က ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ လက္ရွိ ကူးစက္မႈႏႈန္းျမင့္တက္လာေနတဲ့ အေျခအေနဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ဘန္ေကာက္ ေတာင္ဘက္ Samut Sakhon မွာရွိတဲ့ ပင္လယ္ေရထြက္ကုန္ေစ်းကြက္ကေန စတင္ခဲ့တာျဖစ္ပတယ္။ ေရႊ႕ေျပာင္းအလုပ္သမားအမ်ားစု အထူးသျဖင့္ ပင္လယ္စာေစ်းကြက္နဲ႔ ၀န္ေဆာင္မႈက႑ေတြမွာ လုပ္ကိုင္သူေတြဟာ ထိုင္းအစိုးရရဲ႕ေထာက္ပံ့မႈရဖို႔ မရွိႏိုင္ေၾကာင္း ေဒသခံ ပရဟိတအဖဲြ႔ေတြက ေျပာပါတယ္။

ထိုင္းႏိုင္ငံဟာ လက္ရွိ ေန႕စဥ္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အဆိုးရြားဆံုးကို ရင္ဆိုင္ေနရၿပီး တေန႔ကို ကူးစက္မႈအသစ္ ၂၀၀ ေက်ာ္ႏႈန္းနဲ႕ စုစုေပါင္းကူးစက္ခံရသူ ၉၈၄၁ ဦး၊ ေသဆံုးသူ ၆၇ ဦးရွိသြားၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက အလုပ္သမားေတြ အမ်ားစုရွိေနတဲ့ Samut Sakhon ကပင္လယ္စာေစ်းကြက္ကေန စတင္ခဲ့တာေၾကာင့္အခုလိုဗိုင္းရပ္စ္ကူးစက္မႈႏႈန္းမ်ားလာတဲ့ အေပၚမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို လူအမ်ားအျပားက ျပစ္တင္ေျပာဆိုေနၾကပါတယ္။ အစိုးရ မွတ္တမ္းအခ်က္အလက္ေတြအရ Samut Sakhon ခရိုင္မွာ မွတ္ပံုတင္ထားတဲ့ ေရႊ႕ေျပာင္းအလုပ္သမား ေပါင္း ၂၆၀၀၀၀ ေလာက္ရွိေနတယ္ဆိုေပမဲ့ တက္ၾကြလႈပ္ရွားသူေတြအဆိုအရ မွတ္ပံုတင္မထားတဲ့ အလုပ္သမားေတြနဲ႔ပါဆိုရင္ စုစုေပါင္း၄၀၀,၀၀၀ ေက်ာ္ရွိေနတယ္လို႔ ခန္႔မွန္းၾကပါတယ္။

ေရႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ အလုပ္ျပန္လုပ္ခ်င္တယ္ဆိုရင္ COVID-19 စစ္ေဆးထားၿပီး ဗိုင္းရပ္စ္မရွိဘူးဆိုတဲ့ ရလဒ္ေဆးမွတ္တမ္းကို ျပႏိုင္မွသာ အလုပ္ရွင္ေတြက လက္ခံမယ္လို႔ ေျပာေၾကာင္း Samut Sakhon ရွိတဲ့ ေရႊ႕ေျပာင္းအလုပ္သမားအေရးေဆာင္ရြက္ေနတဲ့ အဖဲြ႔အစည္း သံုးဖဲြ႔ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်တားမြစ်ချက် အသစ်တွေကြောင့် ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းမှာ ရပ်တည်ရေး အခက်ကြုံ

(Unicode)

COVID-19 ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်လာနေတဲ့ ထိုင်းနိုင်ငံမှာ အလုပ်ရှင်တွေက ကန့်သတ်ချက်အသစ်တွေသတ်မှတ်ခဲ့တာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်ရှာဖွေဖို့နဲ့ ရှင်သန်ရပ်တည်နေထိုင်ဖို့ ရုန်းကန်နေရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက သောကြာနေ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ ကူးစက်မှုနှုန်းမြင့်တက်လာနေတဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘန်ကောက် တောင်ဘက် Samut Sakhon မှာရှိတဲ့ ပင်လယ်ရေထွက်ကုန်ဈေးကွက်ကနေ စတင်ခဲ့တာဖြစ်ပတယ်။ ရွှေ့ပြောင်းအလုပ်သမားအများစု အထူးသဖြင့် ပင်လယ်စာဈေးကွက်နဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ လုပ်ကိုင်သူတွေဟာ ထိုင်းအစိုးရရဲ့ထောက်ပံ့မှုရဖို့ မရှိနိုင်ကြောင်း ဒေသခံ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးကို ရင်ဆိုင်နေရပြီး တနေ့ကို ကူးစက်မှုအသစ် ၂၀၀ ကျော်နှုန်းနဲ့ စုစုပေါင်းကူးစက်ခံရသူ ၉၈၄၁ ဦး၊ သေဆုံးသူ ၆၇ ဦးရှိသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေ အများစုရှိနေတဲ့ Samut Sakhon ကပင်လယ်စာဈေးကွက်ကနေ စတင်ခဲ့တာကြောင့်အခုလိုဗိုင်းရပ်စ်ကူးစက်မှုနှုန်းများလာတဲ့ အပေါ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လူအများအပြားက ပြစ်တင်ပြောဆိုနေကြပါတယ်။ အစိုးရ မှတ်တမ်းအချက်အလက်တွေအရ Samut Sakhon ခရိုင်မှာ မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ပေါင်း ၂၆၀၀၀၀ လောက်ရှိနေတယ်ဆိုပေမဲ့ တက်ကြွလှုပ်ရှားသူတွေအဆိုအရ မှတ်ပုံတင်မထားတဲ့ အလုပ်သမားတွေနဲ့ပါဆိုရင် စုစုပေါင်း၄၀၀,၀၀၀ ကျော်ရှိနေတယ်လို့ ခန့်မှန်းကြပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်ပြန်လုပ်ချင်တယ်ဆိုရင် COVID-19 စစ်ဆေးထားပြီး ဗိုင်းရပ်စ်မရှိဘူးဆိုတဲ့ ရလဒ်ဆေးမှတ်တမ်းကို ပြနိုင်မှသာ အလုပ်ရှင်တွေက လက်ခံမယ်လို့ ပြောကြောင်း Samut Sakhon ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း သုံးဖွဲ့ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG