သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူတိုင္း ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ပုပ္ရဟန္းမင္းႀကီး တိုက္တြန္း


ပုပ္ရဟန္းမင္းႀကီး Francis.

(Zawgyi / Unicode)

COVID-19 ကာကြယ္ေဆးထိုးတာဟာ ကုိယ့္အတြက္တင္မကဘဲ တျခားလူေတြအတြက္ပါ သက္ဆိုင္ေနတာေၾကာင့္ ေဆးထိုးသင့္မသင့္ လူ႔က်င့္ဝတ္အရ ဆံုးျဖတ္ဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ေျပာၾကားလိုက္ပါတယ္။

“လူ႔က်င့္ဝတ္အရ လူတိုင္း ကာကြယ္ေဆးထိုးသင့္တယ္လို႔ ယံုၾကည္ေၾကာင္း” အီတာလီယံဘာသာနဲ႔ ေျပာသြားတာပါ။ ဒါဟာ ကိုယ့္က်န္းမာေရး၊ ကိုယ့္အသက္အတြက္တင္ မကဘဲ တျခားလူေတြရဲ႕ အသက္ေတြအတြက္ပါ ပါဝင္ေနတဲ့အတြက္ ေရြးခ်ယ္စရာကိစၥတခု မဟုတ္ဘဲ လူ႔က်င့္ဝတ္အရ လုပ္ေဆာင္ရမယ့္အလုပ္ျဖစ္တယ္လို႔ အီတလီ႐ုပ္သံ Canale 5 ရဲ႕ ေမးျမန္းခန္းမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဗာတီကန္မွာ ဒီသီတင္းပတ္ထဲ ကာကြယ္ေဆးစထိုးဖုိ႔ စီစဥ္ထားၿပီး ပုပ္ရဟန္းမင္းႀကီးကိုယ္တိုင္ ကာကြယ္ေဆးထုိးဖို႔ စာရင္းသြင္းၿပီးၿပီ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ပိုးသစ္တမ်ိဳး ကူးစက္မႈကို ဘရာဇီးလ္က ျပန္လာသူေတြဆီမွာ ေတြ႔ေနရပါၿပီ။ အခုေတြ႔ရတဲ့ ပိုးသစ္ဟာ ၿဗိတိန္နဲ႔ ေတာင္အာဖရိကတို႔မွာ ေတြ႔တဲ့ ပိုးသစ္မ်ဳိးနဲ႔ မတူေၾကာင္းနဲ႔ ပိုး ၃ မ်ိဳးစလံုးဟာ တူညီတဲ့ ဗီဇေျပာင္းလဲမႈ ရွိေနတယ္လို႔ ဂ်ပန္ ကူးစက္ေရာဂါဆိုင္ရာဌာန အႀကီးအကဲ Takaji Wakita က ေျပာပါတယ္။

က်ဴးဘားႏိုင္ငံမွာလည္း အားလပ္ရက္ပြဲေတာ္ေတြ ေနာက္ပိုင္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ တိုးလာေနတယ္လို႔ က်ဴးဘား က်န္းမာေရးဝန္ႀကီးဌာန ကူးစက္ေရာဂါဆိုင္ရာဌာန အႀကီးအကဲ Francisco Duran က ေျပာပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈကို ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ Johns Hopkins တကၠသိုလ္ စစ္တမ္းအရ တနဂၤေႏြေန႔မွာ ကမာၻတလႊား ဒီေရာဂါကူးစက္သူ ၈၉.၇ သန္းေက်ာ္ရွိၿပီး အေမရိကန္က ၂၂ သန္းေက်ာ္နဲ႔ အမ်ားဆံုးျဖစ္သလို အိႏၵိယက ၁၀ သန္းေက်ာ္နဲ႔ ဒုတိယအမ်ားဆံုး၊ ဘရာဇီးလ္က ၈ သန္းေက်ာ္နဲ႔ တတိယအမ်ားဆံုး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

လူတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

COVID-19 ကာကွယ်ဆေးထိုးတာဟာ ကိုယ့်အတွက်တင်မကဘဲ တခြားလူတွေအတွက်ပါ သက်ဆိုင်နေတာကြောင့် ဆေးထိုးသင့်မသင့် လူ့ကျင့်ဝတ်အရ ဆုံးဖြတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က ပြောကြားလိုက်ပါတယ်။

“လူ့ကျင့်ဝတ်အရ လူတိုင်း ကာကွယ်ဆေးထိုးသင့်တယ်လို့ ယုံကြည်ကြောင်း” အီတာလီယံဘာသာနဲ့ ပြောသွားတာပါ။ ဒါဟာ ကိုယ့်ကျန်းမာရေး၊ ကိုယ့်အသက်အတွက်တင် မကဘဲ တခြားလူတွေရဲ့ အသက်တွေအတွက်ပါ ပါဝင်နေတဲ့အတွက် ရွေးချယ်စရာကိစ္စတခု မဟုတ်ဘဲ လူ့ကျင့်ဝတ်အရ လုပ်ဆောင်ရမယ့်အလုပ်ဖြစ်တယ်လို့ အီတလီရုပ်သံ Canale 5 ရဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဗာတီကန်မှာ ဒီသီတင်းပတ်ထဲ ကာကွယ်ဆေးစထိုးဖို့ စီစဉ်ထားပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ကာကွယ်ဆေးထိုးဖို့ စာရင်းသွင်းပြီးပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဂျပန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တမျိုး ကူးစက်မှုကို ဘရာဇီးလ်က ပြန်လာသူတွေဆီမှာ တွေ့နေရပါပြီ။ အခုတွေ့ရတဲ့ ပိုးသစ်ဟာ ဗြိတိန်နဲ့ တောင်အာဖရိကတို့မှာ တွေ့တဲ့ ပိုးသစ်မျိုးနဲ့ မတူကြောင်းနဲ့ ပိုး ၃ မျိုးစလုံးဟာ တူညီတဲ့ ဗီဇပြောင်းလဲမှု ရှိနေတယ်လို့ ဂျပန် ကူးစက်ရောဂါဆိုင်ရာဌာန အကြီးအကဲ Takaji Wakita က ပြောပါတယ်။

ကျူးဘားနိုင်ငံမှာလည်း အားလပ်ရက်ပွဲတော်တွေ နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးလာနေတယ်လို့ ကျူးဘား ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါဆိုင်ရာဌာန အကြီးအကဲ Francisco Duran က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား ဒီရောဂါကူးစက်သူ ၈၉.၇ သန်းကျော်ရှိပြီး အမေရိကန်က ၂၂ သန်းကျော်နဲ့ အများဆုံးဖြစ်သလို အိန္ဒိယက ၁၀ သန်းကျော်နဲ့ ဒုတိယအများဆုံး၊ ဘရာဇီးလ်က ၈ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG