သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္မွာ ကိုဗစ္ကာကြယ္ေဆးထိုးမႈ အရွိန္ျမႇင့္ဖို႔စီစဥ္


ၿဗိ္တိန္မွာ ကိုဗစ္ကာကြယ္ေဆးထိုးႏွံမႈ ၾကည့္႐ႈေနတဲ့ ဝန္ႀကီးခ်ဳပ္ Boris Johnson. (ဒီဇင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ၿဗိတိန္မွာ လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး တရက္ကို လူ ၂၀၀,၀၀၀ ကို ထိုးႏွံေပးေနတာကေန ဆက္ၿပီးေတာ့ တပတ္မွာ လူ ၂ သန္းအထိ ထိုးႏွံေပးႏိုင္ဖို႔ စီစဥ္ေနပါတယ္။

ေရာဂါကူးစက္ႏိုင္ေျခ မ်ားသူေတြကို ေဖေဖာ္ဝါရီလ အလယ္ေလာက္မွာ ေနာက္ဆုံးထားၿပီး ကာကြယ္ေဆးထိုးႏိုင္ဖို႔ လိုအပ္သလို ဒီသီတင္းပတ္ထဲ ကာကြယ္ေဆးထိုးႏွံေပးတဲ့ စင္တာႀကီးေတြကို ဖြင့္လွစ္သြားမယ္လို႔လည္း က်န္းမာေရးဝန္ႀကီး Matt Hancock က ဒီကေန႔ေျပာပါတယ္။

ကုိဗစ္ကာကြယ္ေဆးထိုးႏွံဖို႔ ဆုံးျဖတ္ခ်က္က အမ်ိဳးသားေရးက်င့္ဝတ္နဲ႔ သက္ဆိုင္တယ္လို႔ ပုပ္ရဟန္းမင္းႀကီး Francis က ေျပာပါတယ္။ ဒါက မိမိက်န္းမာေရးအတြက္အျပင္ အသက္နဲ႔ပါ အလဲအထပ္လုပ္ရမယ့္ကိစၥ ျဖစ္သလို တျခားသူေတြ အသက္အႏၲရာယ္နဲ႔လည္း သက္ဆိုင္တယ္လို႔ ပုပ္ရဟန္းမင္းႀကီးက အီတလီ႐ုပ္သံ Canale 5 မွာ ေျပာတာပါ။

ဗာတီကန္စီးတီးမွာ ဒီသီတင္းပတ္ထဲ ကာကြယ္ေဆးေတြ စၿပီး ထိုးႏွံဖို႔ ျပင္ဆင္ထားၿပီး ပုပ္ရဟန္းမင္းႀကီး Francis ကိုယ္တိုင္ ေဆးထိုးခံဖို႔ စာရင္းေပးထားၿပီး ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာ စာရင္းေတြအရ အခုထိ တကမာၻလုံး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၈၉ သန္းေက်ာ္ ရွိပါတယ္။ အေမရိကန္ႏိုင္ငံမွာ ကုိဗစ္ကူးစက္သူ ၂၂ သန္းေက်ာ္နဲ႔ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ၿပီး အိႏၵိယက ၁၀ သန္းေက်ာ္နဲ႔ ဘရာဇီးလ္မွာ ၈ သန္းေက်ာ္ ေရာဂါကူးစက္ခံထားရပါတယ္။

ဗီယက္နမ္မွာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး တင္းက်ပ္တဲ့စည္းကမ္းေတြ ခ်မွတ္ထားတာေၾကာင့္ ႐ိုးရာႏွစ္သစ္ကူးပြဲေတာ္ရက္ ေနရပ္မျပန္ႏိုင္သူေတြ အခက္အခဲ ႀကဳံေနရပါတယ္။

တ႐ုတ္ႏုိင္ငံ Shijiazhuang ၿမိဳ႕မွာ ေရာဂါကူးစက္မႈအသစ္ ၃၉ ေယာက္ ေတြ႔ခဲ့တာေၾကာင့္ လူ ၁၁ သန္းရွိတဲ့ ဒီၿမိဳ႕တြင္း ဗုဒၶဟူးေန႔တုန္းက အိမ္ျပင္မထြက္ရအမိန္႔ ခ်ခဲ့ၿပီး တၿမိဳ႕လုံးအတိုင္းအတာနဲ႔ ကနဦး ေရာဂါစစ္ေဆးမႈ ၃ ရက္ၾကာ ျပဳလုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးမှု အရှိန်မြှင့်ဖို့စီစဉ်

ဗြိတိန်မှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တရက်ကို လူ ၂၀၀,၀၀၀ ကို ထိုးနှံပေးနေတာကနေ ဆက်ပြီးတော့ တပတ်မှာ လူ ၂ သန်းအထိ ထိုးနှံပေးနိုင်ဖို့ စီစဉ်နေပါတယ်။

ရောဂါကူးစက်နိုင်ခြေ များသူတွေကို ဖေဖော်ဝါရီလ အလယ်လောက်မှာ နောက်ဆုံးထားပြီး ကာကွယ်ဆေးထိုးနိုင်ဖို့ လိုအပ်သလို ဒီသီတင်းပတ်ထဲ ကာကွယ်ဆေးထိုးနှံပေးတဲ့ စင်တာကြီးတွေကို ဖွင့်လှစ်သွားမယ်လို့လည်း ကျန်းမာရေးဝန်ကြီး Matt Hancock က ဒီကနေ့ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ဆုံးဖြတ်ချက်က အမျိုးသားရေးကျင့်ဝတ်နဲ့ သက်ဆိုင်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က ပြောပါတယ်။ ဒါက မိမိကျန်းမာရေးအတွက်အပြင် အသက်နဲ့ပါ အလဲအထပ်လုပ်ရမယ့်ကိစ္စ ဖြစ်သလို တခြားသူတွေ အသက်အန္တရာယ်နဲ့လည်း သက်ဆိုင်တယ်လို့ ပုပ်ရဟန်းမင်းကြီးက အီတလီရုပ်သံ Canale 5 မှာ ပြောတာပါ။

ဗာတီကန်စီးတီးမှာ ဒီသီတင်းပတ်ထဲ ကာကွယ်ဆေးတွေ စပြီး ထိုးနှံဖို့ ပြင်ဆင်ထားပြီး ပုပ်ရဟန်းမင်းကြီး Francis ကိုယ်တိုင် ဆေးထိုးခံဖို့ စာရင်းပေးထားပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေအရ အခုထိ တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၉ သန်းကျော် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၂၂ သန်းကျော်နဲ့ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး အိန္ဒိယက ၁၀ သန်းကျော်နဲ့ ဘရာဇီးလ်မှာ ၈ သန်းကျော် ရောဂါကူးစက်ခံထားရပါတယ်။

ဗီယက်နမ်မှာ ကပ်ရောဂါထိန်းချုပ်ရေး တင်းကျပ်တဲ့စည်းကမ်းတွေ ချမှတ်ထားတာကြောင့် ရိုးရာနှစ်သစ်ကူးပွဲတော်ရက် နေရပ်မပြန်နိုင်သူတွေ အခက်အခဲ ကြုံနေရပါတယ်။

တရုတ်နိုင်ငံ Shijiazhuang မြို့မှာ ရောဂါကူးစက်မှုအသစ် ၃၉ ယောက် တွေ့ခဲ့တာကြောင့် လူ ၁၁ သန်းရှိတဲ့ ဒီမြို့တွင်း ဗုဒ္ဓဟူးနေ့တုန်းက အိမ်ပြင်မထွက်ရအမိန့် ချခဲ့ပြီး တမြို့လုံးအတိုင်းအတာနဲ့ ကနဦး ရောဂါစစ်ဆေးမှု ၃ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG