သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတလႊား ကုိဗစ္ေၾကာင့္ေသဆုံးသူ ၂ သန္း ရွိသြားၿပီ


(Zawgyi/Unicode)

ကမာၻတလႊား COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆံုးရသူဟာ ေသာၾကာေန႔မွာ ၂ သန္း ရွိသြားၿပီ ျဖစ္ၿပီး ကမာၻ႔ႏိုင္ငံေတြၾကား ပူးေပါင္းေဆာင္ရြက္မႈမရွိတာေၾကာင့္ အခုလို အေျခေနဆိုးရတယ္လို႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

“ကမာၻႀကီးမွာ အထူးေၾကကြဲဖြယ္ သမိုင္းမွတ္တိုင္တခု အျဖစ္ COVID-19 ကပ္ေရာဂါနဲ႔ ေသဆံုးရသူ ၂ သန္း ျဖစ္သြားၿပီျဖစ္ေၾကာင္း ေျပာသြားတာပါ။ အခုေလာက္ အမ်ားအျပား ေသဆံုးခဲ့ရတာအတြက္ ပိုဆိုးေစတာက ကမာၻ႔ႏိုင္ငံေတြၾကား ပူးေပါင္းေဆာင္ရြက္မႈ မရွိတာေၾကာင့္ ဆိုတာကို ဝမ္းနည္းစြာနဲ႔ ေတြ႔ေနရေၾကာင္းနဲ႔ အခု ေသဆံုးခဲ့ရသူ ၂ သန္းကို ေအာက္ေမ့သတိရတဲ့ အေနနဲ႔ တကမာၻလံုးပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ဖို႔ အခ်ိန္က်ေနၿပီ” လို႔ သတိေပးလိုက္ပါတယ္။

တရုတ္ႏိုင္ငံ ဝူဟန္မွာ ဒီကိုရိုနာဗုိ္င္းရပ္စ္ပိုး စတင္ေတြ႔ရွိခဲ့ၿပီး တႏွစ္အၾကာမွာ ဒီေရာဂါေၾကာင့္ ေသဆံုးသူ ၂ သန္းျဖစ္သြားခဲ့တာပါ။ ဒါဟာ ကမာၻတလႊား ပူးေပါင္းေဆာင္ရြက္မႈ မရွိတာေၾကာင့္ ျဖစ္သလို သိပၸံဆိုင္ရာ ေအာင္ျမင္မႈေတြ ရွိေပမယ့္ စည္းလံုးမႈ မရွိတာေၾကာင့္ ျဖစ္ေၾကာင္း လည္း အတြင္းေရးမႈးခ်ဳပ္က ေျပာပါတယ္။

ဒီေရာဂါကူးစက္မႈဟာ အေမရိကန္ႏုိင္ငံမွာ ၂၃ သန္းေက်ာ္နဲ႔ အမ်ားဆံုး ျဖစ္သလို ေသဆံုးမႈကလည္း ၄ သိန္းနီးပါးရွိေနတယ္လို႔ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာေဖၚျပပါတယ္။

ကူးစက္ျမန္ ကိုရိုနာဗုိင္းရပ္စ္ ပိုးမ်ိဳးသစ္ကို အေမရိကန္ႏိုင္ငံမွာ ေတြ႔ရွိေနၿပီျဖစ္ၿပီး ဒါဟာ မတ္လေလာက္မွာ အဓိကျပန္႔ပြားတာမ်ိဳး ျဖစ္လာႏုိင္တယ္လို႔ အေမရိကန္ CDC ကေသာၾကာေန႔မွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကမ္ဘာတလွှား ကိုဗစ်ကြောင့်သေဆုံးသူ ၂ သန်း ရှိသွားပြီ

(Unicode)

ကမ္ဘာတလွှား COVID-19 ကပ်ရောဂါကြောင့် သေဆုံးရသူဟာ သောကြာနေ့မှာ ၂ သန်း ရှိသွားပြီ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် အခုလို အခြေနေဆိုးရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

“ကမ္ဘာကြီးမှာ အထူးကြေကွဲဖွယ် သမိုင်းမှတ်တိုင်တခု အဖြစ် COVID-19 ကပ်ရောဂါနဲ့ သေဆုံးရသူ ၂ သန်း ဖြစ်သွားပြီဖြစ်ကြောင်း ပြောသွားတာပါ။ အခုလောက် အများအပြား သေဆုံးခဲ့ရတာအတွက် ပိုဆိုးစေတာက ကမ္ဘာ့နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ဆိုတာကို ဝမ်းနည်းစွာနဲ့ တွေ့နေရကြောင်းနဲ့ အခု သေဆုံးခဲ့ရသူ ၂ သန်းကို အောက်မေ့သတိရတဲ့ အနေနဲ့ တကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ အချိန်ကျနေပြီ” လို့ သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မှာ ဒီကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပြီး တနှစ်အကြာမှာ ဒီရောဂါကြောင့် သေဆုံးသူ ၂ သန်းဖြစ်သွားခဲ့တာပါ။ ဒါဟာ ကမ္ဘာတလွှား ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ဖြစ်သလို သိပ္ပံဆိုင်ရာ အောင်မြင်မှုတွေ ရှိပေမယ့် စည်းလုံးမှု မရှိတာကြောင့် ဖြစ်ကြောင်း လည်း အတွင်းရေးမှုးချုပ်က ပြောပါတယ်။

ဒီရောဂါကူးစက်မှုဟာ အမေရိကန်နိုင်ငံမှာ ၂၃ သန်းကျော်နဲ့ အများဆုံး ဖြစ်သလို သေဆုံးမှုကလည်း ၄ သိန်းနီးပါးရှိနေတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာဖေါ်ပြပါတယ်။

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ပိုးမျိုးသစ်ကို အမေရိကန်နိုင်ငံမှာ တွေ့ရှိနေပြီဖြစ်ပြီး ဒါဟာ မတ်လလောက်မှာ အဓိကပြန့်ပွားတာမျိုး ဖြစ်လာနိုင်တယ်လို့ အမေရိကန် CDC ကသောကြာနေ့မှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG