သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တႀကိမ္ပဲထိုးရမယ့္ ကိုဗစ္ကာကြယ္ေဆးသစ္ အလားအလာေကာင္း


Johnson & Johnson ကုမၸဏီမွာ ကိုဗစ္ ကာကြယ္ေဆးစမ္းသပ္ေနတဲ့ ျမင္ကြင္း။ (ဇြန္ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ ၁၉ ေရာဂါကို ထိထိေရာက္ေရာက္ ကာကြယ္တားဆီးႏုိင္မယ့္ ကာကြယ္ေဆးေနာက္တမ်ိဳး မၾကာခင္မွာ ထြက္ေပၚလာဖို႔ ရွိေနပါတယ္။ Johnson & Johnson ကုမၸဏီက စမ္းသပ္ထုတ္လုပ္ေနတဲ့ ကာကြယ္ေဆးဟာ ကနဦး အေစာပိုင္းအဆင့္ေတြမွာ ေစတနာ၀န္ထမ္းအျဖစ္နဲ႔ ပါ၀င္စမ္းသပ္ခဲ့ၾကတဲ့ လူငယ္ေတြမွာေရာ လူႀကီးေတြမွာပါ ျပင္းထန္တဲ့ ကုိယ္ခံစြမ္းအားေတြ ျဖစ္ေပၚေစတာကို ေတြ႔ရွိရတယ္လို႔ ဗုဒၶဟူးေန႔ထုတ္ New England ေဆးပညာဂ်ာနယ္ထဲမွာ ေဖာ္ျပထားပါတယ္။

Johnson & Johnson က အခုစမ္းသပ္ထုတ္လုပ္ေနတဲ့ ကာကြယ္ေဆးဟာ Pfizer-BioNTech နဲ႔ Moderna တုိ႔က ထုတ္လုပ္ေနတဲ့ ကာကြယ္ေဆးေတြလို မဟုတ္ဘဲ တႀကိမ္ပဲ ထိုးရမွာျဖစ္ၿပီး လြယ္လြယ္ကူကူ သယ္ယူပို႔ေဆာင္ႏုိင္သလို အခ်ိန္အေတာ္ၾကာလည္း ေရခဲေသတၱာထဲမွာ ထားနုိင္တာျဖစ္ပါတယ္။

ဒီကာကြယ္ေဆးကို အခုအခါမွာ ေစတနာ့၀န္ထမ္း ၄၅,၀၀၀ နဲ႔ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈေတြ လုပ္ေဆာင္ေနၿပီး Johnson & Johnson ကုမၸဏီကေတာ့ ေရွ႕လေလာက္မွာ အေမရိကန္အစားအစာနဲ႔ ေဆး၀ါးကြပ္ကဲေရးဌာန (FDA) ကေန အေရးေပၚအသုံးျပဳခြင့္ရဖို႔အတြက္ လုပ္ေဆာင္ႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒီေဆးကို အတည္ျပဳခ်က္ရၿပီးတာနဲ႔ ကာကြယ္ေဆး သန္း ၁၀၀ အထိ ေပးႏုိင္ဖို႔အတြက္ အေမရိကန္အစိုးရနဲ႔ ကုမၸဏီၾကားမွာ ေဒၚလာ ၁ ဘီလီယံ တန္ဖိုးရွိတ့ဲ့ စာခ်ဳပ္ ခ်ဳပ္ဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တကြိမ်ပဲထိုးရမယ့် ကိုဗစ်ကာကွယ်ဆေးသစ် အလားအလာကောင်း

ကိုဗစ် ၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်မယ့် ကာကွယ်ဆေးနောက်တမျိုး မကြာခင်မှာ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ Johnson & Johnson ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ ကနဦး အစောပိုင်းအဆင့်တွေမှာ စေတနာဝန်ထမ်းအဖြစ်နဲ့ ပါဝင်စမ်းသပ်ခဲ့ကြတဲ့ လူငယ်တွေမှာရော လူကြီးတွေမှာပါ ပြင်းထန်တဲ့ ကိုယ်ခံစွမ်းအားတွေ ဖြစ်ပေါ်စေတာကို တွေ့ရှိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် New England ဆေးပညာဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

Johnson & Johnson က အခုစမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ Pfizer-BioNTech နဲ့ Moderna တို့က ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေလို မဟုတ်ဘဲ တကြိမ်ပဲ ထိုးရမှာဖြစ်ပြီး လွယ်လွယ်ကူကူ သယ်ယူပို့ဆောင်နိုင်သလို အချိန်အတော်ကြာလည်း ရေခဲသေတ္တာထဲမှာ ထားနိုင်တာဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို အခုအခါမှာ စေတနာ့ဝန်ထမ်း ၄၅,၀၀၀ နဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး Johnson & Johnson ကုမ္ပဏီကတော့ ရှေ့လလောက်မှာ အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကနေ အရေးပေါ်အသုံးပြုခွင့်ရဖို့အတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဒီဆေးကို အတည်ပြုချက်ရပြီးတာနဲ့ ကာကွယ်ဆေး သန်း ၁၀၀ အထိ ပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရနဲ့ ကုမ္ပဏီကြားမှာ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ စာချုပ် ချုပ်ဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG