သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ျပည္မွာ ၈လ အတြင္း ကိုဗစ္ေၾကာင္႔ ေသဆံုးသူတဦးသာရွိသတဲ႔


(Zawgyi/Unicode)

တရုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကို WHO ကမာၻ႔က်န္းမာေရးအဖြဲ႔က COVID- 19 ဇစ္ျမစ္ကို စံုစမ္းစစ္ေဆးဖို႔ ေရာက္ရွိလာခ်ိန္မွာပဲ တရုတ္ႏုိင္ငံ အေနာက္ေျမာက္ပိုင္းမွာ ဒီေရာဂါျဖစ္ပြါးမႈတိုးလာေနၿပီး အခု ၈ လအတြင္း ပထမဆံုးဒီေရာဂါနဲ႔ ေသဆံုးမႈကို ၾကာသပေတးေန႔မွာ ေတြ႔ရေၾကာင္း တရုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

တရုတ္ႏိုင္ငံမွာ အခုခ်ိန္ထိ ေသဆံုးရသူ ၄၆၀၀ ေက်ာ္ရွိပါတယ္။ ႏိုင္ငံတြင္း ကိုရိုနာဗုိင္းရပ္စ္အတြက္ ကန္႔သတ္မႈေတြ တင္းတင္းၾကပ္ၾကပ္ခ်ထားသလို ေရာဂါရွိသူကိုေျခရာခံလိုက္ ထိန္းခ်ဳပ္မႈေတြ လုပ္တဲ့အတြက္ ဒီေရာဂါနဲ႔ ေသဆံုးရသူဟာ တျခားႏုိင္ငံေတြနဲ႔ ယွဥ္ရင္နည္းပါးတာ ျဖစ္ပါတယ္။

တရုတ္ႏိုင္ငံမွာ ႏွစ္သစ္ကူးအားလပ္ရက္ က်င္းပမယ့္ ေဖေဖၚဝါရီလ မတိုင္ခင္ ကိုရိုနာဗုိင္းရပ္္္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရး အတြက္ ေဘဂ်င္း၊ ဟာေဘး နဲ႔ တျခားေဒသေတြက ေဒသခံ သန္း ၂၀ ေက်ာ္အတြက္ ကန္႔သတ္ပိတ္ပင္မႈ အမ်ိဳးမ်ိဳး ခ်မွတ္ထားတာပါ။

ဒီေရာဂါဆိုင္ရာ သီးျခားလြတ္လပ္တဲ့ စံုစမ္းမႈေတြခြင့္ျပဳဖို႔ ေတာင္းဆိုေနတဲ့ ႏိုင္ငံေတြနဲ႔ တရုတ္ႏုိင္ငံၾကား သံတမန္ေရး သေဘာတူညီခ်က္မရႏိုင္ပဲ ျဖစ္ေနရာကေန တႏွစ္ေလာက္ေဆြးေႏြးၿပီးမွ WHO စံုစမ္းေရးမႈးေတြ အခုၾကာသပေတးေန႔မွာ ဝူဟန္ကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။ WHO အဖြဲ႔ဝင္ ၁၀ ဦး စကၤာပူေရာက္လာခ်ိန္ ေဆးစစ္မႈကေန ၂ ဦးမွာ ကိုယ္ခံအားရွိေနေၾကာင္း ေတြ႔ရွိခဲ့တဲ့ အတြက္ က်န္အဖြဲ႔ဝင္အားလံုးပါ ၁၄ ရက္ quarantine ဝင္ၿပီးမွ ဝူဟန္ကို သြားေရာက္ႏုိင္တာပါ။

၂၀၁၉ ႏွစ္ကုန္မွာ ဝူူဟန္မွာ စတင္ခဲ့တဲ့ ဒီကပ္ေရာဂါဟာ ကမာၻတလႊားကိုျပန္႔သြားခဲ့ၿပီး အခုဆို အကူးစက္ခံရသူ ၉ ၂ သန္းေက်ာ္ေနနဲ႔ ေသဆံုးရသူက ၂ သန္းနီးပါး ရွိေနၿပီလို႔ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပပါတယ္။ အာရွတလႊားေနရာအေတာ္မ်ားမ်ားမွာ ဒီေရာဂါကူးစက္မႈေတြ တိုးလာေနၿပီး ဂ်ပန္ႏုိင္ငံမွာေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက အေရးေပၚအေျခေန ကနဦးေၾကညာခဲ့သလို ခရိုင္ ၇ ခုအတြက္ပါထပ္တိုး ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

တရုတ်ပြည်မှာ ၈လ အတွင်း ကိုဗစ်ကြောင့် သေဆုံးသူတဦးသာရှိသတဲ့

(Unicode)

တရုတ်နိုင်ငံ ဝူဟန်မြို့ကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ ရောက်ရှိလာချိန်မှာပဲ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဒီရောဂါဖြစ်ပွါးမှုတိုးလာနေပြီး အခု ၈ လအတွင်း ပထမဆုံးဒီရောဂါနဲ့ သေဆုံးမှုကို ကြာသပတေးနေ့မှာ တွေ့ရကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာ အခုချိန်ထိ သေဆုံးရသူ ၄၆၀၀ ကျော်ရှိပါတယ်။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်အတွက် ကန့်သတ်မှုတွေ တင်းတင်းကြပ်ကြပ်ချထားသလို ရောဂါရှိသူကိုခြေရာခံလိုက် ထိန်းချုပ်မှုတွေ လုပ်တဲ့အတွက် ဒီရောဂါနဲ့ သေဆုံးရသူဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းပါးတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးအားလပ်ရက် ကျင်းပမယ့် ဖေဖေါ်ဝါရီလ မတိုင်ခင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ဘေဂျင်း၊ ဟာဘေး နဲ့ တခြားဒေသတွေက ဒေသခံ သန်း ၂၀ ကျော်အတွက် ကန့်သတ်ပိတ်ပင်မှု အမျိုးမျိုး ချမှတ်ထားတာပါ။

ဒီရောဂါဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေခွင့်ပြုဖို့ တောင်းဆိုနေတဲ့ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား သံတမန်ရေး သဘောတူညီချက်မရနိုင်ပဲ ဖြစ်နေရာကနေ တနှစ်လောက်ဆွေးနွေးပြီးမှ WHO စုံစမ်းရေးမှုးတွေ အခုကြာသပတေးနေ့မှာ ဝူဟန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ WHO အဖွဲ့ဝင် ၁၀ ဦး စင်္ကာပူရောက်လာချိန် ဆေးစစ်မှုကနေ ၂ ဦးမှာ ကိုယ်ခံအားရှိနေကြောင်း တွေ့ရှိခဲ့တဲ့ အတွက် ကျန်အဖွဲ့ဝင်အားလုံးပါ ၁၄ ရက် quarantine ဝင်ပြီးမှ ဝူဟန်ကို သွားရောက်နိုင်တာပါ။

၂၀၁၉ နှစ်ကုန်မှာ ဝူူဟန်မှာ စတင်ခဲ့တဲ့ ဒီကပ်ရောဂါဟာ ကမ္ဘာတလွှားကိုပြန့်သွားခဲ့ပြီး အခုဆို အကူးစက်ခံရသူ ၉ ၂ သန်းကျော်နေနဲ့ သေဆုံးရသူက ၂ သန်းနီးပါး ရှိနေပြီလို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြပါတယ်။ အာရှတလွှားနေရာအတော်များများမှာ ဒီရောဂါကူးစက်မှုတွေ တိုးလာနေပြီး ဂျပန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အရေးပေါ်အခြေနေ ကနဦးကြေညာခဲ့သလို ခရိုင် ၇ ခုအတွက်ပါထပ်တိုး ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG