သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမ႓ာတဝန္း ကိုဗစ္ေရာဂါပိုး အတည္ျပဳမႈ ၉၄ သန္းခဲြေက်ာ္


Tennessee ျပည္နယ္က ေဆး႐ုံတခုမွာ ကိုဗစ္လူနာကို ျပဳစုကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ဒီဇင္ဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတဝန္းမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ အေရအတြက္ ၉၄ သန္းခဲြ ေက်ာ္သြားၿပီျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ဒီေန႔မနက္အေစာပိုင္းမွာ ထုတ္ျပန္လိုက္ပါတယ္။ အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုက ေရာဂါကူးစက္ခံရသူ အမ်ားဆုံးျဖစ္ၿပီး ကူးစက္သူ စုစုေပါင္း ၂၃.၇ သန္းရွိပါတယ္။ အဲဒီေနာက္ေတာ့ အိႏၵိယႏုိင္ငံက ၁၀ သန္းခဲြနဲ႔ ဒုတိယ၊ ဘရာဇီးလ္ႏုိင္ငံက ၈.၄ သန္းနဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ LA ခ႐ုိင္မွာ ဗုိ္င္းရပ္စ္ကူးစက္ခံရသူ ၁ သန္းေက်ာ္သြားၿပီျဖစ္ၿပီး အေမရိကန္မွာ ကူးစက္သူ ၁ သန္းေက်ာ္တဲ့ ပထမဆုံးခ႐ုိင္ ျဖစ္လာခဲ့ပါတယ္။

ကူးစက္သူအေရအတြက္ ၁ သန္းေက်ာ္သြားတာနဲ႔အတူ ကူးစက္မႈ အလြန္လွ်င္ျမန္တဲ့ ၿဗိတိန္က ဗုိင္းရပ္္စ္မ်ဳိးဗီဇကဲြကို ခ႐ုိင္တြင္းမွာ ျဖစ္ေပၚေနတယ္ ဆုိတာကိုလည္း အတည္ျပဳလိုက္ပါတယ္။

LA ခ႐ုိင္မွာေတြ႔ရွိတဲ့ ၿဗိတိန္က ဗုိင္းရပ္စ္မ်ိဳးဗီဇကဲြက ျပႆနာေပးေနတာျဖစ္ၿပီး ဗုိင္းရပ္စ္ေၾကာင့္ လူေပါင္း ၇,၅၀၀ ေက်ာ္ ေဆး႐ုံတက္ေနရတဲ့အတြက္ LA ခ႐ုိင္ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ကလည္း အေတာ္ေလးကို ခ်ည့္နဲ႔ေနၿပီလို႔ LA ခ႐ုိင္ က်န္းမာေရးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာ Barbara Ferrer က ေျပာပါတယ္။

ဒါ့အျပင္ LA ၿမိဳ႕မွာ ဗုိင္းရပ္စ္ေၾကာင့္ ေဆး႐ုံတက္ရတဲ့ ေသဆုံးတာေတြဟာ ၿပီးခဲ့တဲ့ ေႏြရာသီကထက္ကို ၅ ဆေလာက္ ပိုမ်ားလာေနတယ္လိ္ု႔ သူမက ေျပာပါတယ္။

ေနာ္ေဝးႏုိင္ငံမွာေတာ့ Pfizer ကထုတ္တဲ့ COVID-19 ကာကြယ္ေဆး ထုိးၿပီးတဲ့ေနာက္ သက္ႀကီးပိုင္းေတြထဲ ၂၅ ေယာက္ေက်ာ္ ေသဆုံးသြားတာနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။

အဲဒီ ေသဆုံးသြားတဲ့သူေတြဟာ က်န္းမာေရးအရလည္း အေျခခံစိုးရိမ္စရာ အေျခအေနေတြ ရွိထားၿပီးသားျဖစ္တယ္လို႔ ေနာ္ေဝးက်န္းမာေရးဌာနက ေျပာပါတယ္။

ၿဗိတိန္ႏုိင္ငံ အေနာက္ေတာင္ပိုင္းမွာေတာ့ အသက္ ၈၀ နဲ႔အထက္ သက္ႀကီးပိုင္းေတြဟာ Salisbury ၿမိဳ႕က သက္တမ္း ၈၀၀ ေက်ာ္ရွိတဲ့ ဘုရားေက်ာင္းမွာ COVID-19 ကာကြယ္ေဆးေတြ ထိုးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ရောဂါပိုး အတည်ပြုမှု ၉၄ သန်းခွဲကျော်

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ၉၄ သန်းခွဲ ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ကူးစက်သူ စုစုပေါင်း ၂၃.၇ သန်းရှိပါတယ်။ အဲဒီနောက်တော့ အိန္ဒိယနိုင်ငံက ၁၀ သန်းခွဲနဲ့ ဒုတိယ၊ ဘရာဇီးလ်နိုင်ငံက ၈.၄ သန်းနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် LA ခရိုင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းကျော်သွားပြီဖြစ်ပြီး အမေရိကန်မှာ ကူးစက်သူ ၁ သန်းကျော်တဲ့ ပထမဆုံးခရိုင် ဖြစ်လာခဲ့ပါတယ်။

ကူးစက်သူအရေအတွက် ၁ သန်းကျော်သွားတာနဲ့အတူ ကူးစက်မှု အလွန်လျှင်မြန်တဲ့ ဗြိတိန်က ဗိုင်းရပ်စ်မျိုးဗီဇကွဲကို ခရိုင်တွင်းမှာ ဖြစ်ပေါ်နေတယ် ဆိုတာကိုလည်း အတည်ပြုလိုက်ပါတယ်။

LA ခရိုင်မှာတွေ့ရှိတဲ့ ဗြိတိန်က ဗိုင်းရပ်စ်မျိုးဗီဇကွဲက ပြဿနာပေးနေတာဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၇,၅၀၀ ကျော် ဆေးရုံတက်နေရတဲ့အတွက် LA ခရိုင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကလည်း အတော်လေးကို ချည့်နဲ့နေပြီလို့ LA ခရိုင် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Barbara Ferrer က ပြောပါတယ်။

ဒါ့အပြင် LA မြို့မှာ ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရတဲ့ သေဆုံးတာတွေဟာ ပြီးခဲ့တဲ့ နွေရာသီကထက်ကို ၅ ဆလောက် ပိုများလာနေတယ်လို့ သူမက ပြောပါတယ်။

နော်ဝေးနိုင်ငံမှာတော့ Pfizer ကထုတ်တဲ့ COVID-19 ကာကွယ်ဆေး ထိုးပြီးတဲ့နောက် သက်ကြီးပိုင်းတွေထဲ ၂၅ ယောက်ကျော် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

အဲဒီ သေဆုံးသွားတဲ့သူတွေဟာ ကျန်းမာရေးအရလည်း အခြေခံစိုးရိမ်စရာ အခြေအနေတွေ ရှိထားပြီးသားဖြစ်တယ်လို့ နော်ဝေးကျန်းမာရေးဌာနက ပြောပါတယ်။

ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်းမှာတော့ အသက် ၈၀ နဲ့အထက် သက်ကြီးပိုင်းတွေဟာ Salisbury မြို့က သက်တမ်း ၈၀၀ ကျော်ရှိတဲ့ ဘုရားကျောင်းမှာ COVID-19 ကာကွယ်ဆေးတွေ ထိုးခဲ့ကြပါတယ်။

XS
SM
MD
LG