သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆး႐ုံသုံးလက္အိတ္ အမ်ားဆုံးထုတ္တဲ့ မေလးရွားကုမၸဏီမွာ ကုိဗစ္ကူးစက္ေန


မေလးရွားႏုိင္ငံ Top Glove လက္အိတ္စက္႐ုံက အလုပ္သမားေတြကို ကိုဗစ္စစ္ေဆးေပးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ႏုိဝင္ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာေပၚမွာ ေဆး႐ုံသုံးအဆင့္လက္အိတ္ အမ်ားဆုံးထုတ္လုပ္တဲ့ မေလးရွားကုမၸဏီ Top Glove Corp ပိုင္တဲ့ လက္အိတ္စက္႐ုံ ၄ ႐ုံက အလုပ္သမားေတြ COVID-19 ကူးစက္ခံရတယ္လို႔ အဲဒီကုမၸဏီက စေနေန႔က ေၾကညာပါတယ္။

အလုပ္သမား ဘယ္ႏွစ္ေယာက္နဲ႔ ဘယ္တုန္းက ေရာဂါစမ္းသပ္ စစ္ေဆးခဲ့သလဲ ဆိုတာကို ကုမၸဏီက မေျပာေပမယ့္ မႏွစ္တုန္းက ကုမၸဏီအလုပ္သမား ၅,၀၀၀ ေက်ာ္ ေရာဂါကူးစက္ခံရၿပီး တေယာက္ေသဆုံးတယ္ဆိုတဲ့သတင္း ထြက္ေပၚအၿပီးမွာ အခုလို ေၾကညာခဲ့တာပါ။ ဒါက မေလးရွားႏုိင္ငံအတြက္ေတာ့ ေရာဂါျဖစ္ပြားမႈ အမ်ားဆုံး ကြင္းဆက္တခု ျဖစ္ပါတယ္။

အဲဒီစက္႐ုံ ၄ ႐ုံစလုံးက အလုပ္သမားေတြကို ေရာဂါစမ္းသပ္ စစ္ေဆးေပးထားၿပီး ေရာဂါကူးစက္သူေတြကို သီးျခားခြဲထားတယ္လို႔ ကုမၸဏီက ေၾကညာထားပါတယ္။ စေနေန႔မွာ ေနာက္ထပ္ ေရာဂါစမ္းသပ္မႈ အႀကီးအက်ယ္ ျပဳလုပ္မယ္လို႔လည္း ေျပာပါတယ္။

ေရာဂါေျခရာခံလိုက္တာနဲ႔ စမ္းသပ္စစ္ေဆးတာေတြကို စက္႐ုံ ၂ ႐ုံမွာ လုပ္ေနၿပီလို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကေတာ့ Top Glove ကုမၸဏီရဲ႕ ရွယ္ယာ ၁.၀၇ ရာခိုင္ႏႈန္း ပိုင္ဆိုင္တဲ့ BlackRock Institutional Trust Co., က Top Glove ကုမၸဏီက အလုပ္သမားေတြကို ေရာဂါရန္ကေန ကာကြယ္ေပးဖို႔ ဆိုးဆိုးရြားရြားႀကီး ပ်က္ကြက္ခဲ့တယ္ဆိုၿပီး ေဝဖန္ခဲ့ပါတယ္။ Top Glove ကုမၸဏီရဲ႕ ဒါ႐ုိက္တာ ဘုတ္အဖြဲ႔ဝင္တခ်ဳိ႕ ႏုတ္ထြက္ေပးဖို႔ကိုလည္း ေတာင္းဆိုခဲ့ပါေသးတယ္။

COVID-19 ကာကြယ္ေရး လုံလုံေလာက္ေလာက္ မလုပ္ဘူးဆိုၿပီး တိုးတိုးတိတ္တိတ္ ေျပာဆိုခဲ့သူ အတြင္းလူတဦးကို ကုမၸဏီက အလုပ္ျဖဳတ္ပစ္ခဲ့တယ္လို႔လည္း ႐ုိက္တာသတင္းက ေျပာပါတယ္။

အလုပ္သမား ဝန္ထမ္းေတြရဲ႕ သက္သာေခ်ာင္ခ်ိေရး အဆင့္အတန္း ျပည့္မီေစဖို႔ လုပ္ေဆာင္စရာေတြ အမ်ားႀကီး ရွိေနေသးတယ္လို႔ ကုမၸဏီက ဝန္ခံထားသလို အမွားအယြင္းေတြကိုလည္း ျပင္ဆင္သြားမယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဆေးရုံသုံးလက်အိတ် အများဆုံးထုတ်တဲ့ မလေးရှားကုမ္ပဏီမှာ ကိုဗစ်ကူးစက်နေ

ကမ္ဘာပေါ်မှာ ဆေးရုံသုံးအဆင့်လက်အိတ် အများဆုံးထုတ်လုပ်တဲ့ မလေးရှားကုမ္ပဏီ Top Glove Corp ပိုင်တဲ့ လက်အိတ်စက်ရုံ ၄ ရုံက အလုပ်သမားတွေ COVID-19 ကူးစက်ခံရတယ်လို့ အဲဒီကုမ္ပဏီက စနေနေ့က ကြေညာပါတယ်။

အလုပ်သမား ဘယ်နှစ်ယောက်နဲ့ ဘယ်တုန်းက ရောဂါစမ်းသပ် စစ်ဆေးခဲ့သလဲ ဆိုတာကို ကုမ္ပဏီက မပြောပေမယ့် မနှစ်တုန်းက ကုမ္ပဏီအလုပ်သမား ၅,၀၀၀ ကျော် ရောဂါကူးစက်ခံရပြီး တယောက်သေဆုံးတယ်ဆိုတဲ့သတင်း ထွက်ပေါ်အပြီးမှာ အခုလို ကြေညာခဲ့တာပါ။ ဒါက မလေးရှားနိုင်ငံအတွက်တော့ ရောဂါဖြစ်ပွားမှု အများဆုံး ကွင်းဆက်တခု ဖြစ်ပါတယ်။

အဲဒီစက်ရုံ ၄ ရုံစလုံးက အလုပ်သမားတွေကို ရောဂါစမ်းသပ် စစ်ဆေးပေးထားပြီး ရောဂါကူးစက်သူတွေကို သီးခြားခွဲထားတယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ စနေနေ့မှာ နောက်ထပ် ရောဂါစမ်းသပ်မှု အကြီးအကျယ် ပြုလုပ်မယ်လို့လည်း ပြောပါတယ်။

ရောဂါခြေရာခံလိုက်တာနဲ့ စမ်းသပ်စစ်ဆေးတာတွေကို စက်ရုံ ၂ ရုံမှာ လုပ်နေပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ Top Glove ကုမ္ပဏီရဲ့ ရှယ်ယာ ၁.၀၇ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ BlackRock Institutional Trust Co., က Top Glove ကုမ္ပဏီက အလုပ်သမားတွေကို ရောဂါရန်ကနေ ကာကွယ်ပေးဖို့ ဆိုးဆိုးရွားရွားကြီး ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ Top Glove ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တချို့ နုတ်ထွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

COVID-19 ကာကွယ်ရေး လုံလုံလောက်လောက် မလုပ်ဘူးဆိုပြီး တိုးတိုးတိတ်တိတ် ပြောဆိုခဲ့သူ အတွင်းလူတဦးကို ကုမ္ပဏီက အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့လည်း ရိုက်တာသတင်းက ပြောပါတယ်။

အလုပ်သမား ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး အဆင့်အတန်း ပြည့်မီစေဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေသေးတယ်လို့ ကုမ္ပဏီက ဝန်ခံထားသလို အမှားအယွင်းတွေကိုလည်း ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG