သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး မွ်မွ်တတေဝငွေရး WHO သတိေပး


Brazil ႏိုင္ငံတြင္ COVID ကာကြယ္ေဆး ထိုးေပးေနစဥ္

(Zawgyi/Unicode)

COVID 19 အတြက္ ကာကြယ္ေဆးေတြ ရေနၿပီျဖစ္ေပမယ့္ ဆင္းရဲတဲ့ႏိုင္ငံေတြမွာ ေဆးကို လက္လွမ္း မမွီွပဲ ျဖစ္ေနတာေတြ႔ရတဲ့အတြက္ တန္းတူညီမ ွ် ေပးေဝႏိုင္ေအာင္ႀကိဳးစားၾကဖို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔ WHO အမႈေဆာင္ဘုတ္အဖြဲ႔ အစည္းအေဝးမွာ သတိေပးလိုက္ပါတယ္။

“အခုအခ်ိန္မွာ ကာကြယ္ေဆး အလံုးေပါင္း ၃၉ သန္းေက်ာ္ကို ခ်မ္းသာတဲ့ႏိုင္ငံ ၄၉ ႏိုင္ငံေတြမွာ ျဖန္႔ေဝေပးဖို႔ လုပ္ေနၾကေပမယ့္ ဆင္းရဲတဲ့ ႏိုင္ငံတႏိုင္ငံအတြက္ ေဆး အလံုးေပါင္း ၂၅ ပဲေပးတာတာ ေတြ႔ရေၾကာင္း ေျပာသြားတာပါ။ တဲ့တဲ့ေျပာရရင္ ကမာၻႀကီးဟာ လူ႔က်င့္ဝတ္ပ်က္ျပားမႈေၾကာင့္ ႀကံဳရမယ့္ အႏၱရာယ္ရွိေနၿပီျဖစ္ၿပီး ဒါဟာ ကမာၻ႔ဆင္းရဲတဲ့ ႏိုင္ငံေတြြက အသက္ေတြ ေပးဆပ္ရမယ့္ အျဖစ္မ်ိဳးျဖစ္ေၾကာင္းလည္း” ေျပာပါတယ္။

ဒါ့အျပင္ ဆင္းရဲတဲ့ႏုိင္ငံေတြက က်န္းမာေရးလုပ္သားေတြနဲ ႔ အသက္ရြယ္ႀကီးရင့္သူေတြကို ကာကြယ္ေဆး မထိုးခင္ ခ်မ္းသာတဲ့ ႏိုင္ငံေတြက က်န္းမာငယ္ရြယ္သူေတြကို ထိုးေပးတာဟာ မွန္ကန္မႈ မရွိေၾကာင္းနဲ႔ ဒီေရာဂါ ကာကြယ္ေဆးကို ခ်မ္းသာတဲ့ ႏုိင္ငံေတြက ဆင္းရဲတဲ့ႏိုင္ငံေတြကို မွ်ေဝေပးဖို႔ လိုအပ္ၿပီး ကမာၻတလႊား တန္းတူညီမ ွ် ျဖစ္ေအာင္ လုပ္ၾကဖုိ႔လည္း ပန္ၾကားလိုက္ပါတယ္။

COVID 19 ကာကြယ္ေဆးကို ကမာၻ႔ႏိုင္ငံတိုင္း တန္းတူညီမ ွ် ရႏိုင္ဖို႔ ၿပီးခဲ့တဲ့ ၉ လကတည္းက ဖြဲ႕စည္းထားတဲ့ COVAX အဖြဲ႔က ကာကြယ္ေဆး ထုတ္လုပ္တဲ့ ကုမၸဏီ ၅ ခုဆီကေန ထိုးေဆး အလံုးေပါင္း ၂ ဘီလီယံ ရဖို႔ နဲ႔ ေနာက္ထပ္ ၁ ဘီလီယံ ထပ္ရဖို႔ပါ စီစဥ္ႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ခ်မ္းသာတဲ့ႏိုင္ငံ အမ်ားအျပားက သူတုိ႔ ေပးထားတဲ့ ကတိေတြ ဖ်က္ပစ္မွာကို စိုးရိမ္ရတဲ့ အတြက္ ဒီေဆးေတြကို ကမာၻ႔ဆင္းရဲတဲ့ ႏုိင္ငံေတြဆီ ေဖေဖၚဝါရီလမွာ စတင္ျဖန္႔ျဖဴးေပးမယ့္ အစီအစဥ္အတြက္ အခက္ႀကံဳရႏိုင္တယ္လို႔ လည္း WHO အႀကီးအကဲ ကေျပာပါတယ္။

ကိုဗစ္ကာကြယ္ေဆး မွ်မွ်တတေဝငွေရး WHO သတိေပး
please wait

No media source currently available

0:00 0:01:35 0:00
တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ကာကွယ်ဆေး မျှမျှတတဝေငှရေး WHO သတိပေး

(Unicode)

COVID 19 အတွက် ကာကွယ်ဆေးတွေ ရနေပြီဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ဆေးကို လက်လှမ်း မမှှီပဲ ဖြစ်နေတာတွေ့ရတဲ့အတွက် တန်းတူညီမ ျှ ပေးဝေနိုင်အောင်ကြိုးစားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ WHO အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။

“အခုအချိန်မှာ ကာကွယ်ဆေး အလုံးပေါင်း ၃၉ သန်းကျော်ကို ချမ်းသာတဲ့နိုင်ငံ ၄၉ နိုင်ငံတွေမှာ ဖြန့်ဝေပေးဖို့ လုပ်နေကြပေမယ့် ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံအတွက် ဆေး အလုံးပေါင်း ၂၅ ပဲပေးတာတာ တွေ့ရကြောင်း ပြောသွားတာပါ။ တဲ့တဲ့ပြောရရင် ကမ္ဘာကြီးဟာ လူ့ကျင့်ဝတ်ပျက်ပြားမှုကြောင့် ကြုံရမယ့် အန္တရာယ်ရှိနေပြီဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတွေက အသက်တွေ ပေးဆပ်ရမယ့် အဖြစ်မျိုးဖြစ်ကြောင်းလည်း” ပြောပါတယ်။

ဒါ့အပြင် ဆင်းရဲတဲ့နိုင်ငံတွေက ကျန်းမာရေးလုပ်သားတွေနဲ့ အသက်ရွယ်ကြီးရင့်သူတွေကို ကာကွယ်ဆေး မထိုးခင် ချမ်းသာတဲ့ နိုင်ငံတွေက ကျန်းမာငယ်ရွယ်သူတွေကို ထိုးပေးတာဟာ မှန်ကန်မှု မရှိကြောင်းနဲ့ ဒီရောဂါ ကာကွယ်ဆေးကို ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို မျှဝေပေးဖို့ လိုအပ်ပြီး ကမ္ဘာတလွှား တန်းတူညီမ ျှ ဖြစ်အောင် လုပ်ကြဖို့လည်း ပန်ကြားလိုက်ပါတယ်။

COVID 19 ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံတိုင်း တန်းတူညီမ ျှ ရနိုင်ဖို့ ပြီးခဲ့တဲ့ ၉ လကတည်းက ဖွဲ့စည်းထားတဲ့ COVAX အဖွဲ့က ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီ ၅ ခုဆီကနေ ထိုးဆေး အလုံးပေါင်း ၂ ဘီလီယံ ရဖို့ နဲ့ နောက်ထပ် ၁ ဘီလီယံ ထပ်ရဖို့ပါ စီစဉ်နိုင်ခဲ့တာပါ။

ဒါပေမယ့် ချမ်းသာတဲ့နိုင်ငံ အများအပြားက သူတို့ ပေးထားတဲ့ ကတိတွေ ဖျက်ပစ်မှာကို စိုးရိမ်ရတဲ့ အတွက် ဒီဆေးတွေကို ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတွေဆီ ဖေဖေါ်ဝါရီလမှာ စတင်ဖြန့်ဖြူးပေးမယ့် အစီအစဉ်အတွက် အခက်ကြုံရနိုင်တယ်လို့ လည်းWHO အကြီးအကဲ ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG