သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခြဲအတည္ျပဳစုစုေပါင္း ၁၃၄,၇၉၅ ဦး၊ ေသဆံုး ၂,၉၇၃ ဦး


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)၊ ကိုဗစ္-၁၉ ေရာဂါအထူးၾကပ္မတ္ကုသေဆာင္ (ICU)မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေနာက္ထပ္ ေသဆုံးသူ ၂၀ နီးပါးရွိပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇန္နဝါရီလ ၁၈ ရက္ တနလၤာေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ

အတည္ျပဳလူနာသစ္ ၄၇၇ ေယာက္နဲ႔ ေသဆုံးလူနာ ၁၈ ေယာက္ရွိပါတယ္။ အတည္ျပဳလူနာအေရအတြက္ ရက္ပိုင္းအတြင္း ပထမဆုံးအႀကိမ္ ၅၀၀ ေအာက္ေရာက္သြားေပမဲ့၊ ကိုဗစ္ေၾကာင့္ ေသဆုံးသူ အနည္းငယ္မ်ားလာပါတယ္။

ေသဆုံးသူ ၁၈ ေယာက္မွာ ၁၅ ေယာက္က ေရာဂါအခံရွိသူေတြ ျဖစ္ၾကတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒီေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္း ၁၈,၈၃၅ ခုျဖစ္ပါတယ္။

ဇန္နဝါရီလ ၁၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၁၃၄,၇၉၅ ေယာက္၊ ေသဆုံးသူ ၂,၉၇၃ ေယာက္၊ ေဆး႐ုံက ဆင္းခြင့္ရသူ စုစုေပါင္း ၁၁၈,၂၀၀ ေယာက္ျဖစ္ပါတယ္။

က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ၊ မႏၲေလးတိုင္းနဲ႔ ရန္ကုန္တိုင္းတို႔မွာ ကိုဗစ္ေရာဂါ ကူးစက္သူ ၁၀၀ ေက်ာ္နဲ႔ အေရအတြက္အမ်ားဆုံးျဖစ္ပါတယ္။

ကုိဗစ္ကပ္ေရာဂါကင္းေဝးေစေရး ႏွာေခါင္းစည္းနဲ႔ မ်က္ႏွာအကာအကြယ္ဝတ္ဆင္ေရး အသိပညာေပးမႈေတြကို တိုင္းနဲ႔ျပည္နယ္ေတြမွာ သက္ဆိုင္ရာ က်န္းမာေရးဝန္ႀကီးဌာနေတြရဲ႕ အစီအစဥ္နဲ႔ ျပဳလုပ္ေနၾကပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၃၄,၇၉၅ ဦး၊ သေဆုံး ၂,၉၇၃ ဦး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် နောက်ထပ် သေဆုံးသူ ၂၀ နီးပါးရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၁၈ ရက် တနင်္လာနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ

အတည်ပြုလူနာသစ် ၄၇၇ ယောက်နဲ့ သေဆုံးလူနာ ၁၈ ယောက်ရှိပါတယ်။ အတည်ပြုလူနာအရေအတွက် ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ၅၀၀ အောက်ရောက်သွားပေမဲ့၊ ကိုဗစ်ကြောင့် သေဆုံးသူ အနည်းငယ်များလာပါတယ်။

သေဆုံးသူ ၁၈ ယောက်မှာ ၁၅ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၈၃၅ ခုဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၃၄,၇၉၅ ယောက်၊ သေဆုံးသူ ၂,၉၇၃ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၁၁၈,၂၀၀ ယောက်ဖြစ်ပါတယ်။

ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ကိုဗစ်ရောဂါ ကူးစက်သူ ၁၀၀ ကျော်နဲ့ အရေအတွက်အများဆုံးဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကင်းဝေးစေရေး နှာခေါင်းစည်းနဲ့ မျက်နှာအကာအကွယ်ဝတ်ဆင်ရေး အသိပညာပေးမှုတွေကို တိုင်းနဲ့ပြည်နယ်တွေမှာ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ အစီအစဉ်နဲ့ ပြုလုပ်နေကြပါတယ်။

XS
SM
MD
LG