သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ပိုးကူးစက္မႈ က်လာေပမယ့္ က်န္းမာေရးအရာရွိေတြ စိုးရိမ္ေနဆဲ


ေဝဘာဂီေဆး႐ုံ အထူးၾကပ္မတ္ကုသေဆာင္မွာ ကုိဗစ္ေဝဒနာသည္တဦးကုိ ျပဳစုကုသေပးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၁၁၊ ၂၀၂၁။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံတြင္းမွာ COVID-19 ေရာဂါပိုး ကူးစက္မႈႏႈန္း ေန႔စဥ္ ၁,၀၀၀ ေအာက္အထိ က်ဆင္းလာေပမယ့္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ လိုအပ္ခ်က္ေတြ၊ စိုးရိမ္စရာေတြ ရွိတုန္းပဲလို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာေနပါတယ္။ အျပည့္အစုံကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ စံုစမ္းေမးျမန္း တင္ဆက္ထားပါတယ္။

ျမန္မာႏိ္ုင္ငံမွာ COVID-19 ကပ္ေရာဂါကူးစက္မႈ စုစုေပါင္း ၁၃၀,၀၀၀ ေက်ာ္ ရွိခဲ့ေပမယ့္ ဒီသီတင္းပတ္ေတြထဲ ကိုဗစ္ေၾကာင့္ ေသဆံုးမႈ ဆယ္ဂဏန္းနဲ႔ ေန႔စဥ္ ေရာဂါပိုး စမ္းသပ္ေတြ႔ရွိမႈႏႈန္းက လူနာ ၁,၀၀၀ ေအာက္ကို ဆက္တိုက္ ေရာက္ရွိလာပါတယ္။ လတ္တေလာ ပိုးေတြ႔လူနာေတြ႔ရွိမႈ ေလ်ာ့နည္းလာေနတဲ့ အေနအထားနဲ႔ ကုသေရးနဲ႔ အသြားအလာ ကန႔္သတ္ေစာင့္ေရွာက္ထားတဲ့ စင္တာေတြမွာလည္း လူေတြ နည္းစျပဳလာတဲ့အေပၚမွာေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက အခုလိုရွင္းျပပါတယ္။

"အခုဆိုရင္ Contacts ေတြလည္း ေလ်ာ့လာတယ္၊ ကြာရမ္တင္းေတြလည္း ေလ်ာ့လာတယ္။ တဖက္က ကုသေရးစင္တာမွာလည္း ေလ်ာ့တယ္။ အဓိကကေတာ့ က်ေနာ္တို႔ အခုလို က်လာတဲ့ အေနအထားကေတာ့ ျပည္သူလူထုရဲ႕ ပူးေပါင္းမႈ က်န္းမာေရးဝန္ထမ္းေတြ ေစတနာ့ဝန္ထမ္းေတြ အားလုံးရဲ႕ ပူးေပါင္းမႈေတြေၾကာင့္ ဒီအေျခအေနကို ေရာက္လာတာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔အားလုံးက တက္မေထာင္ဘဲနဲ႔ ပန္းတိုင္ေရာက္တဲ့အထိ ဆက္ေလွာ္ရမွာေပါ့ေနာ္။ အခုေတြ႔ေနတဲ့ ၅၀၀ ဆိုတဲ့ အေနအထားက ဘာပဲေျပာေျပာ ၁ ေယာက္ထဲမွာ ရွိေနရင္ေတာင္မွ အမ်ားႀကီးပြားႏိုင္တဲ့ အေနအထားဆိုေတာ့ ဇီး႐ိုးအထိကို မက်မခ်င္း အားလုံးက ပူးေပါင္းပါဝင္ ေဆာင္ရြက္ၾကရမွာ ျဖစ္ပါတယ္။"

အခုလို ပိုးေတြ႔လူနာ ေလ်ာ့လာတာက ပိုးကူးစက္မႈ ေလ်ာ့နည္းလာတာ မဟုတ္ဘူးဆိုတာ အထူးသတိထား ဆင္ျခင္ၾကဖို႔ လိုအပ္ေနေသးတယ္လို႔ ေဆးပညာရွင္ ဆရာဝန္ေတြက သတိေပးပါတယ္။ ကိုဗစ္ကူးစက္မႈ အျဖစ္အမ်ားဆံုး တုိင္းတတိုင္းျဖစ္တဲ့ ရန္ကုန္တိုင္းတြင္း ကိုဗစ္ကာလ က်န္းမာေရးေစာင့္ေရွာက္မႈ အခမဲ့ ကုသေပးေနတဲ့ ဖ်ားနာကုေဆးခန္း ရန္ကုန္ကြန္ရက္တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက အခုလိုေျပာပါတယ္။

"ကူးစက္မႈအေျခအေနက ေျပာမယ္ဆိုရင္ အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ားက ေဆးခန္းမလာၾကေတာ့ဘူး ဒီရက္ပိုင္းအတြင္းမွာ။ ေနာက္ စစ္တဲ့သူကလည္း ေတာ္ေတာ္ႀကီးကို နည္းသြားတယ္ေပါ့ေနာ္၊ အရင္လို အမ်ားႀကီး မစစ္ေတာ့ဘူး။ မစစ္ေတာ့ သတိထားၾကရမွာက Silence ေတြျဖစ္ေနမွာ ေၾကာက္တာ အဓိကက။ Silence Carriers ေတြေပ့ါေနာ္။ ရွိေနတာကို မရွိဘူးဆိုၿပီးေတာ့ေပါ့ေနာ္၊ မစစ္ေတာ့ မသိဘူးေပါ့။ မသိေတာ့ သူက ေလွ်ာက္သြားေနမယ္၊ ေနာက္ သူကေန အိမ္ကမိသားစုေတြ၊ ေနာက္ အိမ္ကေနတဆင့္လည္း ေနာက္ အမ်ားႀကီး ဆက္သယ္သြားမယ့္ ကယ္ရီယာေတြ ျပန္ျဖစ္မယ္။ အဲ့လို Silence Carriers ေတြကိုေၾကာက္တာ၊ အဲ့ဒါေတြကေန တဆင့္ျပန္႔ေနမွာကို ေၾကာက္တာ။ ဒါေၾကာင့္ အတတ္ႏိုင္ဆံုး ဒီကာလမွာ အိမ္မွာပဲ ေနေစခ်င္တယ္။ ထိန္းႏုိင္ၿပီလားဆိုရင္ အခုေဒတာအရေတာ့ ေကာင္းတာေပါ့ေနာ္။ ျပန္႔ပြားမႈ ကူးစက္မႈက သိပ္မေတြ႔ရေတာ့ဘူးေပါ့ေနာ္။ အရင္တုန္းက ေထာင္ေက်ာ္၊ အခုက ၅၀၀ ဝန္းက်င္ဆိုေတာ့ Silence Carriers ေတြကေရာ Silence Carriers ေတြအေနနဲ႔ ဘယ္ႏွစ္ေယာက္ ဘယ္သူေတြ ဘယ္လာက္ရွိေနမလဲ ဆိုတာကိုပဲ ေၾကာက္ၾကတာပါ။ ေနာက္ပိုင္းေတြမွာ ဒီ့ထက္ ေဒတာေတြ ေလ်ာ့လာဖို႔ကိုလည္း ေမွ်ာ္လင့္ပါတယ္။"

လူထုကို က်န္းမာေရးပညာေပးေနတဲ့ အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္ကေတာ့ အာရွႏိုင္ငံတခ်ိဳ႕မွာ တေက်ာ့ျပန္ ကူးစက္မႈႏႈန္းေတြ ပိုတိုးလာၿပီး အေရးေပၚအေျခအေနေတြ ထုတ္ျပန္ေနရခ်ိန္ ႏုိင္ငံတခ်ိဳ႕မွာလည္း မ်ိဳးဗီဇကြဲတဲ့ ဗိုင္းရပ္စ္သစ္ေတြ ေတြ႔ရွိလာေနတဲ့ အေနအထားအေပၚမွာ ျပည္သူလူထုေရာ သက္ဆိုင္တဲ့ က်န္းမာေရး တာဝန္ရွိသူေတြဘက္ကေပါ အထူးသတိရွိေနၾကဖို႔ အေရးႀကီးတယ္လို႔ တိုက္တြန္း သတိေပးပါတယ္။

"မ်ိဳးကြဲသြားၿပီး ကူးစက္မႈႏႈန္း ျမန္တယ္ဆိုတဲ့ အခု UK မွာျဖစ္ေနတဲ့ Strain ပိုးက ေရာဂါကလည္း က်ေနာ္တို႔ႏိုင္ငံကိုလည္း ဝင္လာႏုိင္တယ္။ အဲ့ဒါေၾကာင့္ အဲ့ဒါကို ဂ႐ုတစိုက္ မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ၿပီး ထိန္းသိမ္းထားဖို႔လိုတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က တျဖည္းျဖည္းက်လာတယ္ ဆုိၿပီးေတာ့ အကုန္လံုး ေက်နပ္ၿပီးေတာ့ မေနဘဲနဲ႔ ကာကြယ္ေရးနည္းေတြကို ဆက္ၿပီးလုပ္ရမယ္။ ျပည္ပက ဝင္ေရာက္လာႏိုင္တဲ့ မ်ိဳးကြဲတဲ့ ျပင္းထန္ေရာဂါကို တဖက္က ထိန္းခ်ဳပ္ရမယ့္နည္းတူ ကိုယ့္ျပည္တြင္းကလည္း ကူးစက္မႈႏႈန္းေတြကိုလည္း ထိန္းခ်ဳပ္ႏုိင္မယ္ဆိုရင္ ဒီပ်ံ႕ႏွံ႔မႈႏႈန္းေတြကို ကာကြယ္သြားႏိုင္မယ္။ ပုိးေတြ႔ႏႈန္း က်လာတယ္ဆုိရင္ ဘယ္လိုလူေတြကို စစ္ေဆးလဲ ဆိုတဲ့အေပၚမွာလည္း မူတည္ပါတယ္။ ျဖစ္ေနတဲ့သူေတြနဲ႔ ပိုးေတြ႔တဲ့သူ အခ်ိဳးခ်လိုက္တဲ့အခ်ိန္မွာ ပိုးေတြ႔တဲ့သူက နည္းလာတာ။

“ေနာက္ တဖက္ကလည္း ေသဆံုးမႈႏႈန္းကလည္း က်လာတယ္။ တျဖည္းျဖည္းနဲ႔ ၁၀ ေယာက္ပတ္ဝန္းက်င္အထိ ျဖစ္လာတယ္။ ဒါက ဝမ္းသာႀကိဳဆိုရမယ့္ အေနအထားပါ။ သို႔ေသာ္လည္းပဲ တဖက္က ျပန္ေျပာရမယ္ဆိုရင္ ေဆး႐ုံေဆးခန္းမလာတဲ့ အုပ္စုကေနလည္း မျပန္႔ဖို႔အတြက္က အေရးႀကီးတယ္။ ဒါေၾကာင့္ လူတိုင္းလူတုိင္း ေသခ်ာေပါက္ Mask တပ္မယ္၊ Social Distancing ေနမယ္၊ လက္ေဆးမယ္ဆိုတဲ့ အခ်က္ ၃ ခ်က္ကိုေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့အတိုင္း လူေတြက ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ ေသခ်ာေပါက္ ျဖစ္ပြားမႈႏႈန္း ေလ်ာ့က်သြားမယ္လို႔ က်ေနာ္ကေတာ့ ထင္ပါတယ္။"

အခုဆိုရင္ေတာ့ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေရာဂါပိုးကူးစက္မႈဟာ ဇန္နဝါရီ ၁၆ ရက္ေန႔ စေနေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ ကူးစက္ခံရသူ စုစုေပါင္း ၁၃၀,၀၀၀ ေက်ာ္ၿပီး ေသဆုံးသူေပါင္း ၃,၀၀၀ နီးပါးအထိ ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မြန်မာ ကိုဗစ်ပိုးကူးစက်မှု ကျလာပေမယ့် ကျန်းမာရေးအရာရှိတွေ စိုးရိမ်နေဆဲ

မြန်မာနိုင်ငံတွင်းမှာ COVID-19 ရောဂါပိုး ကူးစက်မှုနှုန်း နေ့စဉ် ၁,၀၀၀ အောက်အထိ ကျဆင်းလာပေမယ့် ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်ချက်တွေ၊ စိုးရိမ်စရာတွေ ရှိတုန်းပဲလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် စုံစမ်းမေးမြန်း တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကူးစက်မှု စုစုပေါင်း ၁၃၀,၀၀၀ ကျော် ရှိခဲ့ပေမယ့် ဒီသီတင်းပတ်တွေထဲ ကိုဗစ်ကြောင့် သေဆုံးမှု ဆယ်ဂဏန်းနဲ့ နေ့စဉ် ရောဂါပိုး စမ်းသပ်တွေ့ရှိမှုနှုန်းက လူနာ ၁,၀၀၀ အောက်ကို ဆက်တိုက် ရောက်ရှိလာပါတယ်။ လတ်တလော ပိုးတွေ့လူနာတွေ့ရှိမှု လျော့နည်းလာနေတဲ့ အနေအထားနဲ့ ကုသရေးနဲ့ အသွားအလာ ကန့်သတ်စောင့်ရှောက်ထားတဲ့ စင်တာတွေမှာလည်း လူတွေ နည်းစပြုလာတဲ့အပေါ်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက အခုလိုရှင်းပြပါတယ်။

"အခုဆိုရင် Contacts တွေလည်း လျော့လာတယ်၊ ကွာရမ်တင်းတွေလည်း လျော့လာတယ်။ တဖက်က ကုသရေးစင်တာမှာလည်း လျော့တယ်။ အဓိကကတော့ ကျနော်တို့ အခုလို ကျလာတဲ့ အနေအထားကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းမှု ကျန်းမာရေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်းတွေ အားလုံးရဲ့ ပူးပေါင်းမှုတွေကြောင့် ဒီအခြေအနေကို ရောက်လာတာပေါ့။ ဒါပေမယ့် ကျနော်တို့အားလုံးက တက်မထောင်ဘဲနဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လှော်ရမှာပေါ့နော်။ အခုတွေ့နေတဲ့ ၅၀၀ ဆိုတဲ့ အနေအထားက ဘာပဲပြောပြော ၁ ယောက်ထဲမှာ ရှိနေရင်တောင်မှ အများကြီးပွားနိုင်တဲ့ အနေအထားဆိုတော့ ဇီးရိုးအထိကို မကျမချင်း အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။"

အခုလို ပိုးတွေ့လူနာ လျော့လာတာက ပိုးကူးစက်မှု လျော့နည်းလာတာ မဟုတ်ဘူးဆိုတာ အထူးသတိထား ဆင်ခြင်ကြဖို့ လိုအပ်နေသေးတယ်လို့ ဆေးပညာရှင် ဆရာဝန်တွေက သတိပေးပါတယ်။ ကိုဗစ်ကူးစက်မှု အဖြစ်အများဆုံး တိုင်းတတိုင်းဖြစ်တဲ့ ရန်ကုန်တိုင်းတွင်း ကိုဗစ်ကာလ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ကုသပေးနေတဲ့ ဖျားနာကုဆေးခန်း ရန်ကုန်ကွန်ရက်တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက အခုလိုပြောပါတယ်။

"ကူးစက်မှုအခြေအနေက ပြောမယ်ဆိုရင် အခုဆိုရင် တော်တော်များများက ဆေးခန်းမလာကြတော့ဘူး ဒီရက်ပိုင်းအတွင်းမှာ။ နောက် စစ်တဲ့သူကလည်း တော်တော်ကြီးကို နည်းသွားတယ်ပေါ့နော်၊ အရင်လို အများကြီး မစစ်တော့ဘူး။ မစစ်တော့ သတိထားကြရမှာက Silence တွေဖြစ်နေမှာ ကြောက်တာ အဓိကက။ Silence Carriers တွေပေ့ါနော်။ ရှိနေတာကို မရှိဘူးဆိုပြီးတော့ပေါ့နော်၊ မစစ်တော့ မသိဘူးပေါ့။ မသိတော့ သူက လျှောက်သွားနေမယ်၊ နောက် သူကနေ အိမ်ကမိသားစုတွေ၊ နောက် အိမ်ကနေတဆင့်လည်း နောက် အများကြီး ဆက်သယ်သွားမယ့် ကယ်ရီယာတွေ ပြန်ဖြစ်မယ်။ အဲ့လို Silence Carriers တွေကိုကြောက်တာ၊ အဲ့ဒါတွေကနေ တဆင့်ပြန့်နေမှာကို ကြောက်တာ။ ဒါကြောင့် အတတ်နိုင်ဆုံး ဒီကာလမှာ အိမ်မှာပဲ နေစေချင်တယ်။ ထိန်းနိုင်ပြီလားဆိုရင် အခုဒေတာအရတော့ ကောင်းတာပေါ့နော်။ ပြန့်ပွားမှု ကူးစက်မှုက သိပ်မတွေ့ရတော့ဘူးပေါ့နော်။ အရင်တုန်းက ထောင်ကျော်၊ အခုက ၅၀၀ ဝန်းကျင်ဆိုတော့ Silence Carriers တွေကရော Silence Carriers တွေအနေနဲ့ ဘယ်နှစ်ယောက် ဘယ်သူတွေ ဘယ်လာက်ရှိနေမလဲ ဆိုတာကိုပဲ ကြောက်ကြတာပါ။ နောက်ပိုင်းတွေမှာ ဒီ့ထက် ဒေတာတွေ လျော့လာဖို့ကိုလည်း မျှော်လင့်ပါတယ်။"

လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင်ကတော့ အာရှနိုင်ငံတချို့မှာ တကျော့ပြန် ကူးစက်မှုနှုန်းတွေ ပိုတိုးလာပြီး အရေးပေါ်အခြေအနေတွေ ထုတ်ပြန်နေရချိန် နိုင်ငံတချို့မှာလည်း မျိုးဗီဇကွဲတဲ့ ဗိုင်းရပ်စ်သစ်တွေ တွေ့ရှိလာနေတဲ့ အနေအထားအပေါ်မှာ ပြည်သူလူထုရော သက်ဆိုင်တဲ့ ကျန်းမာရေး တာဝန်ရှိသူတွေဘက်ကပေါ အထူးသတိရှိနေကြဖို့ အရေးကြီးတယ်လို့ တိုက်တွန်း သတိပေးပါတယ်။

"မျိုးကွဲသွားပြီး ကူးစက်မှုနှုန်း မြန်တယ်ဆိုတဲ့ အခု UK မှာဖြစ်နေတဲ့ Strain ပိုးက ရောဂါကလည်း ကျနော်တို့နိုင်ငံကိုလည်း ဝင်လာနိုင်တယ်။ အဲ့ဒါကြောင့် အဲ့ဒါကို ဂရုတစိုက် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ထိန်းသိမ်းထားဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့က တဖြည်းဖြည်းကျလာတယ် ဆိုပြီးတော့ အကုန်လုံး ကျေနပ်ပြီးတော့ မနေဘဲနဲ့ ကာကွယ်ရေးနည်းတွေကို ဆက်ပြီးလုပ်ရမယ်။ ပြည်ပက ဝင်ရောက်လာနိုင်တဲ့ မျိုးကွဲတဲ့ ပြင်းထန်ရောဂါကို တဖက်က ထိန်းချုပ်ရမယ့်နည်းတူ ကိုယ့်ပြည်တွင်းကလည်း ကူးစက်မှုနှုန်းတွေကိုလည်း ထိန်းချုပ်နိုင်မယ်ဆိုရင် ဒီပျံ့နှံ့မှုနှုန်းတွေကို ကာကွယ်သွားနိုင်မယ်။ ပိုးတွေ့နှုန်း ကျလာတယ်ဆိုရင် ဘယ်လိုလူတွေကို စစ်ဆေးလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ဖြစ်နေတဲ့သူတွေနဲ့ ပိုးတွေ့တဲ့သူ အချိုးချလိုက်တဲ့အချိန်မှာ ပိုးတွေ့တဲ့သူက နည်းလာတာ။

“နောက် တဖက်ကလည်း သေဆုံးမှုနှုန်းကလည်း ကျလာတယ်။ တဖြည်းဖြည်းနဲ့ ၁၀ ယောက်ပတ်ဝန်းကျင်အထိ ဖြစ်လာတယ်။ ဒါက ဝမ်းသာကြိုဆိုရမယ့် အနေအထားပါ။ သို့သော်လည်းပဲ တဖက်က ပြန်ပြောရမယ်ဆိုရင် ဆေးရုံဆေးခန်းမလာတဲ့ အုပ်စုကနေလည်း မပြန့်ဖို့အတွက်က အရေးကြီးတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း သေချာပေါက် Mask တပ်မယ်၊ Social Distancing နေမယ်၊ လက်ဆေးမယ်ဆိုတဲ့ အချက် ၃ ချက်ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အတိုင်း လူတွေက ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် သေချာပေါက် ဖြစ်ပွားမှုနှုန်း လျော့ကျသွားမယ်လို့ ကျနော်ကတော့ ထင်ပါတယ်။"

အခုဆိုရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါပိုးကူးစက်မှုဟာ ဇန်နဝါရီ ၁၆ ရက်နေ့ စနေနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ စုစုပေါင်း ၁၃၀,၀၀၀ ကျော်ပြီး သေဆုံးသူပေါင်း ၃,၀၀၀ နီးပါးအထိ ရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG