သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၁၃၃,၃၇၈ ေယာက္၊ ေသဆံုးသူ ၂,၉၂၆ ေယာက္


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)၊ အထူး ၾကပ္မတ္ကုသေဆာင္(ICU)မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳလူနာ ၁၃၃,၀၀၀ ေက်ာ္၊ ေသဆံုးလူနာ ၃၀၀၀ နီးပါး႐ွိပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္ ၅၁၃ ေယာက္ နဲ႔ ေသဆံုးသူက ၁၄ ေယာက္ျဖစ္ပါတယ္။ ေသဆံုးသူေတြထဲမွာ ေရာဂါအခံ႐ွိသူက ၁၁ ေယာက္ျဖစ္ပါတယ္။ ဒီေန႔ ဇန္နဝါရီလ ၁၅ ရက္ေန႔အတြက္ စမ္းသပ္ခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္း က ၂၂,၇၅၅ ခုပါ။

ဇန္နဝါရီ ၁၅ ရက္ ေသာၾကာေန႔ည ၈ နာရီအထိ အတည္ျပဳလူနာ စုစုေပါင္း ၁၃၃,၃၇၈ ေယာက္၊ ေသဆံုးသူ စုစုေပါင္း ၂,၉၂၆ ေယာက္နဲ႔ ေဆး႐ံုကေန ဆင္းခြင့္ရသူ ၁၁၆,၆၁၀ ေယာက္တုိ႔ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေန႔စဥ္ ကိုဗစ္အတည္ျပဳလူနာ အေရအတြက္ဟာ ရက္ပိုင္းအေတာ္ၾကာထဲက ၁,၀၀၀ ေအာက္ေရာက္ေနေပမဲ့ ၅၀၀ နဲ႔အထက္မွာ ႐ွိေနဆဲျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံက ဝယ္ယူထားတဲ့ ကာကြယ္ေဆးေတြကို ေ႐ွ႕လ ေဖေဖာ္ဝါရီလထဲမွာ ဦးစားေပးအဆင့္လိုက္ စတင္ထိုးႏိုင္မယ္လို႔ က်န္းမာေရးတာဝန္႐ွိသူေတြ ခန္႔မွန္းထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ရောဂါကူးစက်သူ ၁၃၃,၃၇၈ ယောက်၊ သေဆုံးသူ ၂,၉၂၆ ယောက်

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၃၃,၀၀၀ ကျော်၊ သေဆုံးလူနာ ၃၀၀၀ နီးပါးရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၅၁၃ ယောက် နဲ့ သေဆုံးသူက ၁၄ ယောက်ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ရောဂါအခံရှိသူက ၁၁ ယောက်ဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အတွက် စမ်းသပ်ခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း က ၂၂,၇၅၅ ခုပါ။

ဇန်နဝါရီ ၁၅ ရက် သောကြာနေ့ည ၈ နာရီအထိ အတည်ပြုလူနာ စုစုပေါင်း ၁၃၃,၃၇၈ ယောက်၊ သေဆုံးသူ စုစုပေါင်း ၂,၉၂၆ ယောက်နဲ့ ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၁၆,၆၁၀ ယောက်တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်အတည်ပြုလူနာ အရေအတွက်ဟာ ရက်ပိုင်းအတော်ကြာထဲက ၁,၀၀၀ အောက်ရောက်နေပေမဲ့ ၅၀၀ နဲ့အထက်မှာရှိနေဆဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေကို ရှေ့လ ဖေဖော်ဝါရီလထဲမှာ ဦးစားပေးအဆင့်လိုက် စတင်ထိုးနိုင်မယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG