သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင္႔အခက္ႀကံဳတဲ႔ ထိုင္းေရာက္ေရႊ႕ေျပာင္းလုပ္သားေတြကို ကမၻာအႏွံ႔ စီးပြားေရးလုပ္ငန္းေတြ ကူညီ 


(Zawgyi/Unicode)

ကမၻာ့ေပၚက စီးပြားေရးလုပ္ငန္းႀကီးေတြနဲ႔ အေသးစား လုပ္ငန္းေတြက ထိုင္းနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ဒုကၡ ေရာက္ေနၾကတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြကို အကူအညီေတြ ေပးအပ္ေနတယ္လို႔ ရိုက္တာ သတင္းက ေျပာပါတယ္။

ဘန္ေကာက္ၿမိဳ႕ ေတာင္ပိုင္းက Samut Sakhon ေဒသမွာ ရွိတဲ့ ျမန္မာ လုပ္သား အမ်ားဆုံးပါဝင္တဲ့ ေရႊ႕ေျပာင္းလုပ္သားေတြကို အစား အစာထုတ္လုပ္တဲ့ ကုမၸဏီေတြက အကူအညီေပးေနတာ ျဖစ္ပါတယ္။

မၾကာေသးခင္တုန္းက ကိုရိုနာဗိုင္းရပ္စ္ အမ်ားဆုံး ကူးစက္ ျဖစ္ပြားခဲ့တဲ့ Samut Sakhon ေဒသမွာ အစားအေသာက္ေတြကို လႉဒါန္းေန တဲ့ ကုမၸဏီေတြထဲ ထိုင္းနိုင္ငံရဲ့ အႀကီးဆုံး စိုက္ပ်ိဳးေရး ကုမၸဏီျဖစ္တဲ့ CPF အစားအေသာက္ ကုမၸဏီ၊ ကမၻာမွာ တူနာငါး အမ်ားဆုံး ထုတ္လုပ္တဲ့ Thai Union Group နဲ႔ အေဖ်ာ္ရည္ ကုမၸဏီ Osotspa တို႔ ပါဝင္ပါတယ္။

ကုမၸဏီႀကီးေတြက အခုလို အကူအညီေပးတာကို ႀကိဳဆိုေပမယ့္ ဒီထက္ပို ၿပီး လုပ္ေပးဖို႔ လိုအပ္တယ္လို႔ ထိုင္းနိုင္ငံက အလုပ္သမား အခြင့္အေရး အဖြဲ႕ေတြရဲ့ ညႇိႏွိုင္းေရးမႉး Kimberly Rogovin က ေျပာပါတယ္။

အဲဒီ အဖြဲ႕ေတြက ေရႊ႕ေျပာင္းလုပ္သားေတြအတြက္ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈနဲ႔ ေဆးကုခေတြကို သက္ဆိုင္ရာ ကုမၸဏီ ေတြကေန ေပးဖို႔ ေတာင္းဆို ေနတာလည္း ျဖစ္ပါတယ္။

ေလာေလာဆယ္ ထိုင္းနိုင္ငံမွာ ေန႔စဥ္ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ၂၀၀ ေက်ာ္ ျဖစ္ပြားေနတာေၾကာင့္ ေရာဂါ ကူးစက္မႈ အဆိုးဆုံး အေျခအေနကို ရင္ဆိုင္ေနရသလို Samut Sakhon ေဒသက ေရႊ႕ေျပာင္းလုပ္သားေတြလည္း ကပ္ေရာဂါ ေၾကာင့္ အလုပ္အကိုင္ မရွိဘဲ ရပ္တည္ဖို႔ ခက္ခဲလာေနပါတယ္။ အဲဒီ ေဒသမွာ ေရႊ႕ေျပာင္းလုပ္သား ၄ သိန္းေက်ာ္ ရွိတယ္လို႔ ခန္႔မွန္းထားၿပီး ၿပီးခဲ့တဲ့လကစလို႔ အားလုံး ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး အသြား အလာ ပိတ္ပင္ခံထား ရတာလည္း ျဖစ္ပါတယ္။

ေရာဂါကင္းစင္တဲ့ စာျပနိုင္မွ အလုပ္ခြင္ကို ျပန္ဆင္းနိုင္မယ္လို႔ အလုပ္ရွင္ေတြက ေျပာတာေၾကာင့္ အလုပ္သမားေတြ အလုပ္ျပန္ရဖို႔ အခက္အခဲ ရွိေနတယ္လို႔လည္း အလုပ္သမားအေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကြောင့်အခက်ကြုံတဲ့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေကို ကမ္ဘာအနှံ့ စီးပွားရေးလုပ်ငန်းတွေ ကူညီ

(Unicode)

ကမ္ဘာ့ပေါ်က စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အသေးစား လုပ်ငန်းတွေက ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒုက္ခ ရောက်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အကူအညီတွေ ပေးအပ်နေတယ်လို့ ရိုက်တာ သတင်းက ပြောပါတယ်။

ဘန်ကောက်မြို့ တောင်ပိုင်းက Samut Sakhon ဒေသမှာ ရှိတဲ့ မြန်မာ လုပ်သား အများဆုံးပါဝင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အစား အစာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အကူအညီပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင်တုန်းက ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက် ဖြစ်ပွားခဲ့တဲ့ Samut Sakhon ဒေသမှာ အစားအသောက်တွေကို လှူဒါန်းနေ တဲ့ ကုမ္ပဏီတွေထဲ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စိုက်ပျိုးရေး ကုမ္ပဏီဖြစ်တဲ့ CPF အစားအသောက် ကုမ္ပဏီ၊ ကမ္ဘာမှာ တူနာငါး အများဆုံး ထုတ်လုပ်တဲ့ Thai Union Group နဲ့ အဖျော်ရည် ကုမ္ပဏီ Osotspa တို့ ပါဝင်ပါတယ်။

ကုမ္ပဏီကြီးတွေက အခုလို အကူအညီပေးတာကို ကြိုဆိုပေမယ့် ဒီထက်ပို ပြီး လုပ်ပေးဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံက အလုပ်သမား အခွင့်အရေး အဖွဲ့တွေရဲ့ ညှိနှိုင်းရေးမှူး Kimberly Rogovin က ပြောပါတယ်။

အဲဒီ အဖွဲ့တွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုနဲ့ ဆေးကုခတွေကို သက်ဆိုင်ရာ ကုမ္ပဏီ တွေကနေ ပေးဖို့ တောင်းဆို နေတာလည်း ဖြစ်ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာ နေ့စဉ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၂၀၀ ကျော် ဖြစ်ပွားနေတာကြောင့် ရောဂါ ကူးစက်မှု အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရသလို Samut Sakhon ဒေသက ရွှေ့ပြောင်းလုပ်သားတွေလည်း ကပ်ရောဂါ ကြောင့် အလုပ်အကိုင် မရှိဘဲ ရပ်တည်ဖို့ ခက်ခဲလာနေပါတယ်။ အဲဒီ ဒေသမှာ ရွှေ့ပြောင်းလုပ်သား ၄ သိန်းကျော် ရှိတယ်လို့ ခန့်မှန်းထားပြီး ပြီးခဲ့တဲ့လကစလို့ အားလုံး ကပ်ရောဂါ ထိန်းချုပ်ရေး အသွား အလာ ပိတ်ပင်ခံထား ရတာလည်း ဖြစ်ပါတယ်။

ရောဂါကင်းစင်တဲ့ စာပြနိုင်မှ အလုပ်ခွင်ကို ပြန်ဆင်းနိုင်မယ်လို့ အလုပ်ရှင်တွေက ပြောတာကြောင့် အလုပ်သမားတွေ အလုပ်ပြန်ရဖို့ အခက်အခဲ ရှိနေတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG