သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပန္ ထုိင္းႏုိင္ငံသားတခ်ဳိ႕ ကုိဗစ္ကူးစက္ေနတာေတြ႔ရ


ျမန္မာဘက္က ခုိးဝင္လာသူေတြကို ဖမ္းဆီးေနတဲ့ ထုိင္းလုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပုံ - နယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕ ေလာင္းကစား႐ုံမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ထိုင္းႏုိင္ငံသား ၄၀ ဟာ ထိုင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕ကို ဒီရက္ပုိင္းအတြင္း ျပန္လည္ဝင္ေရာက္လာရာမွာ ၁၇ ဦးဟာ ကုိဗစ္ကပ္ေရာဂါ ကူးဆက္ေနတာေၾကာင့္ မဲေဆာက္ေဆး႐ုံမွာ အေရးေပၚ ကုသေပးေနရပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ရဲ႕ တဖက္ကမ္း ျမဝတီ ကာစီႏုိ ေလာင္းကစား႐ုံမွာ အလုပ္လုပ္ေနၾကတဲ့ ထိုင္းႏုိင္ငံသားေတြ ၁၂၀ ေက်ာ္ရွိေနၿပီး ျမဝတီၿမိဳ႕မွာ ကိုဗစ္ကပ္ေရာဂါပိုး ကူးဆက္ျပန္႔ပြားလာေနတာေၾကာင့္ ေလာင္းကစား႐ုံမွာ လုပ္ကိုင္ေနၾကတဲ့ ထိုင္းႏုိင္ငံသားေတြၾကား စိုးရိမ္မႈေတြျဖစ္လာၿပီိး ထုိင္းဘက္ကုိ ျပန္ၿပီး ခိုးဝင္မႈေတြ မ်ားလာပါတယ္။

ဇန္နဝါရီလ ၇ ရက္ေန႔က ျမန္မာျပည္ထဲကေန ျပန္လာတဲ့ ထုိင္းႏုိင္ငံသား ၄၀ ထဲမွာ ၁၇ ဦးက ကုိဗစ္ကပ္ေရာဂါ ျဖစ္ေနတာေၾကာင့္ မဲေဆာက္ေဆး႐ုံႀကီးကုိ ပုိ႔ၿပီး ကုသခံေနရပါတယ္။ အခုဆိုရင္ မဲေဆာက္ေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူေနသူ လူ ၃၀ နီးပါး ရွိလာပါၿပီ။

လက္ရွိမွာ ကိုဗစ္ကပ္ေရာဂါပုိးရွိၿပီး ေနရပ္မျပန္ႏုိင္ေသးတဲ့ ထုိင္းေတြကိုေတာ့ ျမန္မာဘက္က ေဒသခံ က်န္းမာေရးဝန္ထမ္းေတြက ေရာဂါေစာင့္ၾကည့္ စစ္ေဆးေပးေနတာပါ။

ထိုင္းႏုိင္ငံသားတခ်ိဳ႕ဟာ တရားမဝင္ လမ္းေၾကာင္းေတြကေန ထိုင္းႏုိင္ငံအတြင္း ျပန္လည္ဝင္ေရာက္ေနၾကတဲ့အတြက္ ထိုင္းနယ္ျခားေစာင့္တပ္ရင္းေတြက လံုၿခံဳေရး တင္းက်ပ္စြာ တိုးခ်ဲ႕ခ်ထားၿပီး ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။ ဇန္နဝါရီလ ၈ ရက္ေန႔ မနက္ပိုင္းက နယ္စပ္လမ္းကေန ထိုင္းႏုိင္ငံအတြင္း ခိုးဝင္လာတဲ့ ထိုင္းႏုိင္ငံသား ၄ ဦးကိုေတာ့ ထိုင္းနယ္ျခားေစာင့္တပ္က ဖမ္းဆီးလိုက္ပါတယ္။

မဲေဆာက္ၿမိဳ႕ပိုင္ Mr. Phongrat Phiromrat ကေတာ့ သတင္းေထာက္ေတြကုိ အခုလိုေျပာသြားပါတယ္။

“တာခ့္ခ႐ုိင္ဟာ ျမန္မာနယ္နိမိတ္နဲ႔ ထိစပ္ေနၿပီး နယ္ျခားတေလွ်ာက္ဟာ ကီလိုမီတာ ၅၀၀ ေက်ာ္ ရွိေနတဲ့အတြက္ ျမန္မာဘက္က တရားမဝင္ ဝင္ေရာက္လာသူေတြကို ထိန္းခ်ဳပ္ရာမွာ အခက္အခဲရွိတယ္။”

ဒါေပမယ့္ ကိုဗစ္ကပ္ေဘးကာလမွာ လံုၿခံဳေရးနဲ႔ ေစာင့္ၾကည့္စစ္ေဆးမႈေတြကို ေန႔ညမျပတ္ လုပ္ေဆာင္ေနတဲ့အေၾကာင္း ျမန္မာႏုိင္ငံဘက္မွာ ေရာက္ေနၾကတဲ့ ထိုင္းႏုိင္ငံသားတခ်ိဳ႕ဟာ လူေမွာင္ခိုလမ္းေၾကာင္းေတြကေန ဝင္ေရာက္ေနတာမ်ဳိးေတြလည္း ရွိေနတာေၾကာင့္ ကပ္ေရာဂါက ထိန္းခ်ဳပ္မရဘဲ ျပန္႔ပြားလာမွာကို မဲေဆာက္ၿမိဳ႕ခံေတြအၾကား စိုးရိမ္မႈေတြ တိုးပြားလာေနတယ္လို႔လည္း ေျပာသြားပါတယ္။ ဒါေၾကာင့္ ထိုင္းႏုိင္ငံသားေတြအေနနဲ႔ သက္ဆိုင္ရာကို တရားဝင္ သတင္းေပးၿပီး ျပန္လာၾကဖို႔ တုိက္တြန္းပါတယ္ဆိုၿပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

တာ့ခ္ခ႐ုိင္ဟာ ကုိဗစ္ကပ္ေရာဂါ အထူးၾကပ္မတ္ စစ္ေဆးရမယ့္ အနီေရာင္ဇုန္ထဲမွာ ပါဝင္ေနၿပီး နယ္ေျမအတြင္း ခရီးသြားလာခြင့္ေတြကိုပါ ပိတ္ပင္ထားပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၆၇ ဦးနဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၁၀,၀၀၀ နီးပါးရွိလာတဲ့ ထုိင္းႏုိင္ငံမွာ ၿပီးခဲ့တ့ဲလကစလို႔ ကူးစက္မႈေတြ တေက်ာ့ျပန္ ေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာေရႊ႔ေျပာင္းအလုပ္သမားေတြ အမ်ားစု ပါဝင္ေနတာပါ။

ျမန္မာႏုိင္ငံမွာေတာ့ ေသဆံုးသူ ၂,၈၀၀ ေက်ာ္နဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၁၂၉,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက နယ္စပ္ေဒသေတြမွာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တင္းက်ပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာပြန် ထိုင်းနိုင်ငံသားတချို့ ကိုဗစ်ကူးစက်နေတာတွေ့ရ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ လောင်းကစားရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသား ၄၀ ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဒီရက်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်လာရာမှာ ၁၇ ဦးဟာ ကိုဗစ်ကပ်ရောဂါ ကူးဆက်နေတာကြောင့် မဲဆောက်ဆေးရုံမှာ အရေးပေါ် ကုသပေးနေရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရဲ့ တဖက်ကမ်း မြဝတီ ကာစီနို လောင်းကစားရုံမှာ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံသားတွေ ၁၂၀ ကျော်ရှိနေပြီး မြဝတီမြို့မှာ ကိုဗစ်ကပ်ရောဂါပိုး ကူးဆက်ပြန့်ပွားလာနေတာကြောင့် လောင်းကစားရုံမှာ လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသားတွေကြား စိုးရိမ်မှုတွေဖြစ်လာပြီး ထိုင်းဘက်ကို ပြန်ပြီး ခိုးဝင်မှုတွေ များလာပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့က မြန်မာပြည်ထဲကနေ ပြန်လာတဲ့ ထိုင်းနိုင်ငံသား ၄၀ ထဲမှာ ၁၇ ဦးက ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာကြောင့် မဲဆောက်ဆေးရုံကြီးကို ပို့ပြီး ကုသခံနေရပါတယ်။ အခုဆိုရင် မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေသူ လူ ၃၀ နီးပါး ရှိလာပါပြီ။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါပိုးရှိပြီး နေရပ်မပြန်နိုင်သေးတဲ့ ထိုင်းတွေကိုတော့ မြန်မာဘက်က ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေက ရောဂါစောင့်ကြည့် စစ်ဆေးပေးနေတာပါ။

ထိုင်းနိုင်ငံသားတချို့ဟာ တရားမဝင် လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်နေကြတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်ရင်းတွေက လုံခြုံရေး တင်းကျပ်စွာ တိုးချဲ့ချထားပြီး စောင့်ကြည့်စစ်ဆေးနေပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက နယ်စပ်လမ်းကနေ ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာတဲ့ ထိုင်းနိုင်ငံသား ၄ ဦးကိုတော့ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။

မဲဆောက်မြို့ပိုင် Mr. Phongrat Phiromrat ကတော့ သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

“တာခ့်ခရိုင်ဟာ မြန်မာနယ်နိမိတ်နဲ့ ထိစပ်နေပြီး နယ်ခြားတလျှောက်ဟာ ကီလိုမီတာ ၅၀၀ ကျော် ရှိနေတဲ့အတွက် မြန်မာဘက်က တရားမဝင် ဝင်ရောက်လာသူတွေကို ထိန်းချုပ်ရာမှာ အခက်အခဲရှိတယ်။”

ဒါပေမယ့် ကိုဗစ်ကပ်ဘေးကာလမှာ လုံခြုံရေးနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို နေ့ညမပြတ် လုပ်ဆောင်နေတဲ့အကြောင်း မြန်မာနိုင်ငံဘက်မှာ ရောက်နေကြတဲ့ ထိုင်းနိုင်ငံသားတချို့ဟာ လူမှောင်ခိုလမ်းကြောင်းတွေကနေ ဝင်ရောက်နေတာမျိုးတွေလည်း ရှိနေတာကြောင့် ကပ်ရောဂါက ထိန်းချုပ်မရဘဲ ပြန့်ပွားလာမှာကို မဲဆောက်မြို့ခံတွေအကြား စိုးရိမ်မှုတွေ တိုးပွားလာနေတယ်လို့လည်း ပြောသွားပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာကို တရားဝင် သတင်းပေးပြီး ပြန်လာကြဖို့ တိုက်တွန်းပါတယ်ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

တာ့ခ်ခရိုင်ဟာ ကိုဗစ်ကပ်ရောဂါ အထူးကြပ်မတ် စစ်ဆေးရမယ့် အနီရောင်ဇုန်ထဲမှာ ပါဝင်နေပြီး နယ်မြေအတွင်း ခရီးသွားလာခွင့်တွေကိုပါ ပိတ်ပင်ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၇ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀,၀၀၀ နီးပါးရှိလာတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လကစလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု ပါဝင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၈၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၂၉,၀၀၀ ကျော် ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG