[Zawgyi/Unicode]
ထုိင္းႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အဓိကႀကံဳေနရတဲ့ စမြတ္ဆာခြန္းခရိုင္၊ မဟာခ်ိဳင္ၿမိဳ႕မွာ ၁ လခဲြေလာက္ လုပ္ခလစာ မရၾကတဲ့ ျမန္မာအလုပ္သမား ၁,၀၀၀ ေက်ာ္ အလုပ္မဆင္းဘဲ ဆႏၵျပကန္႔ကြက္ခဲ့ၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။
ထုိင္းႏုိင္ငံ အလယ္ပုိင္း စမြတ္ဆာခြန္းခ႐ုိင္ မဟာခ်ဳိင္ၿမိဳ႕မွာ ၂ ႏုိင္ငံ သေဘာတူညီခ်က္နဲ႔ PTN ပင္လယ္စာ ထုတ္လုပ္ေရးစက္ရံုမွာ တရား၀င္ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမား ၁,၀၀၀ ေက်ာ္ဟာ ၁ လခဲြေက်ာ္စာ လုပ္အားခ မရေသးတာေၾကာင့္ အလုပ္မဆင္းဘဲ ဆႏၵျပေတာင္းဆုိခဲ့ၾကတာ ျဖစ္ပါတယ္။ လုပ္အားခေတြ အျမန္ဆုံးရဖုိ႔ မေန႔တုန္းက အလုပ္သမားေတြ ဆႏၵျပခဲ့တာလုိ႔လည္း ထုိင္းႏုိင္ငံ အေျခစုိက္ AAC အလုပ္သမားကူညီေရးအဖဲြက တာ၀န္ရွိသူ ဦးရဲမင္းက ေျပာပါတယ္။
“လူဦးေရ ၁,၀၀၀ ေက်ာ္ေပါ့... အလုပ္သမားေတြအားလံုးနီးပါးပါပဲ... က်ေနာ္တို႔ အလုပ္သမားေတြလုပ္ငန္းခြင္ထဲ မ၀င္ဘဲ စက္ရံု၀န္းထဲမွာပဲ ကုိဗစ္စည္းကမ္းနဲ႔အညီ လူေတြက်ဲက်ဲနဲ႔ ဆႏၵထုတ္ေဖာ္တာေပါ့။ ဒီတခါျဖစ္တာက လုပ္အားခလစာ ရက္ ၅၀ စာ မရွင္းလို႔ တရက္ရွင္းမယ္၊ တရက္ရွင္းမယ္ဆုိျပီး ေစာင့္ေနပါတယ္ေသးတယ္။ အဲဒီလို မရွင္းလုိ႔ အလုပ္သမားေတြ သည္းမခံႏိုင္တဲ့အဆံုး ကုိဗစ္စည္းကမ္းနဲ႔အညီ အလုပ္မဆင္းဘဲ အလုပ္ရံုထဲမွာပဲျငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္တာပါ။”
ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံးႀကံဳေနရတဲ့ ေဒသမွာ အလုပ္သမားေတြ ဆႏၵျပခဲ့ၾကတဲ့ ေန႔မွာပဲ တခ်ဳိ႕ကုိ စက္႐ုံတာ၀န္ရွိသူေတြက လစာတခ်ဳိ႕ ထုတ္ေပးခဲ့ပါတယ္။ ေနာက္ပုိင္းမွာ ပံုမွန္အတိုင္း ၁၅ ရက္တခါ လုပ္အားခရွင္းေပးဖုိ႔ ကတိေပးခဲ့တယ္လုိ႔လည္း စက္႐ုံအလုပ္သမားတေယာက္က ေျပာျပပါတယ္။
“ေတာင္းဆိုတာေပါ့ စက္ရံုကို သူတုိ့ဘက္က မေန႔က တ၀တ္စာ (၁၅ ရက္စာ) ထုတ္ေပးတယ္ ၁၅ ရက္ေန႔မွာေနာက္ထပ္ တ၀တ္စာ (၁၅ ရက္စာ) ထုတ္ေပးမယ္ေျပာတယ္။ ေနာက္ဆုိရင္ေတာ့ ပံုမွန္တိုင္း ၁၅ ရက္ေန႔တခါ၊ ၃၀ ရက္ေန႔ တခါ လုပ္အားခထုတ္ေပးပါမယ္လို႔ ခံ၀န္ဂတိေတြ ထုိးသြားၾကတာေပါ့ေနာ္။”
ဒီစက္ရံုဟာ မၾကာေသးခင္ႏွစ္ေတြတုန္းကလည္း အခုလိုလုပ္အားခကို ပံုမွန္မရွင္းေပးတဲ့ ျပသနာေတြရွိခဲ့တာေႀကာင့္ ျမန္မာသံရံုးက တာ၀န္ရွိသူေတြနဲ႔ AAC အလုပ္သမားကူညီေရးအဖဲြ ့ပူးေပါင္းျပီးေျဖရွင္းေပးခဲ့ရဘူးတယ္လုိ႔လည္း အလုပ္သမားေတြက ေျပာပါတယ္။ အလုပ္သမားေတြ အေနနဲ႔ကေတာ့ ကိုဗစ္ကပ္ေဘးကာလမွာ ပုံမွန္လုပ္ခလစာ မရတဲ့အတြက္ စား၀တ္ေနေရး အခက္အခဲ ႀကံဳရတာေၾကာင့္ ေတာင္းဆုိခဲ့ၾကတာလုိ႔လည္း အလုပ္သမားေရးလႈပ္ရွားသူ ဦးရဲမင္းက ေျပာပါတယ္။
“အလုပ္သမားေတြအတြက္ကေတာ့ ရက္ေပါင္း ၅၀ စာဆိုေတာ့ အခန္းခေတြ၊ ေရခ၊ မီးခေတြ ျမန္မာျပည္က အိမ္ကုိ ျပန္ပုိ႔ရမယ့္ဟာေတြ ရွိေတာ့အခက္အခဲေတြရွိတာမို႔ အလုပ္သမားေတြက ဘာမွ မတတ္ႏိုင္လို႔ ဒီလမ္းေၾကာင္းကို ေရြးလိုက္တဲ့သေဘာပါပဲ။”
ထုိင္းႏုိင္ငံမွာ ကပ္ေဘးကာလ အလုပ္အကုိင္အခက္အခဲေတြနဲ့ ႏိုင္ငံျခားကုိ ပုိ႔ကုန္ေတြ ပို႔မရတာေတြ ကုန္ၾကမ္းမရတာေတြေၾကာင့္ လုပ္ငန္းေတြ ရပ္ဆုိင္းလုိက္ရတာေတြ ရွိသလုိ လုပ္ငန္းရွင္ေတြ ဘက္ကလည္း လုပ္ခလစာေပးဖုိ႔ အခက္အခဲ ႀကံဳရတာေတြလည္း ရွိေနပါတယ္။ ကပ္ေဘးကာလမွာပဲ သိန္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြလည္း အလုပ္အကုိင္ေတြ လက္လြတ္ဆုံး႐ႈံးခဲ့ၾကရၿပီး ေနရပ္ျပန္ခဲ့ႀကပါတယ္။ တခ်ိန္တည္းမွာပဲ အလုပ္အကုိင္ အခြင့္အလမ္းအတြက္ ထုိင္းႏုိင္ငံကုိ တရားမ၀င္ နည္းလမ္းေတြနဲ႔ ၀င္ေရာက္ဖုိ႔ ႀကိဳးစားသူေတြလည္း ရွိေနပါတယ္။ မဟာခ်ိဳင္ေဒသဟာ ပင္လယ္စာလုပ္ငန္းေတြ လုပ္တဲ့ စက္ရံုအမ်ားအျပားရိွတဲ့ျမိဳ႕ျဖစ္ျပီး ၿပီးခဲ့တ့ဲ လလယ္က စလို႔ ႏိုင္ငံျခားသားအလုပ္သမားေတြၾကားမွာ ကုိဗစ္ကပ္ေရာဂါအမ်ားအျပား ျဖစ္ပြားခဲ့တာေၾကာင့္ စက္ရံုအလုပ္ရံုတခ်ိဳ႕လည္း ပိတ္ထားရတာပါ။ တခ်ိဳ႕စက္ရံုေတြကေတာ့ ကုိဗစ္ကပ္ေရာဂါရွိ၊ မရွိ စစ္ေဆးေပးတာေတြလုပ္ျပီး စက္ရံုကုိ ျပန္လည္ လည္ပတ္ေနၾကပါတယ္။ ျမန္မာျပည္သားေတြကေတာ့ အလုပ္လက္မဲ့ျဖစ္မွာကို စိုးရိမ္ေနၾကသလို အခုလိုမ်ိဳး လုပ္အားခလစာ ေနာက္က်တာေတြဆိုရင္လည္း ထုိင္းႏို္င္ငံတြင္းမွာ ေနထုိင္စားေသာက္ဖုိ႔ အခက္အခဲေတြ ရိွေနတယ္လို႔လည္းေျပာျပၾကပါတယ္။
[Unicode Version]
လုပ်အားခမရတဲ့ ထိုင်းက မြန်မာတရားဝင်လုပ်သားတွေ ဆန္ဒပြ
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့မှာ ၁ လခွဲလောက် လုပ်ခလစာ မရကြတဲ့ မြန်မာအလုပ်သမား ၁,၀၀၀ ကျော် အလုပ်မဆင်းဘဲ ဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့မှာ ၂ နိုင်ငံ သဘောတူညီချက်နဲ့ PTN ပင်လယ်စာ ထုတ်လုပ်ရေးစက်ရုံမှာ တရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်ဟာ ၁ လခွဲကျော်စာ လုပ်အားခ မရသေးတာကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လုပ်အားခတွေ အမြန်ဆုံးရဖို့ မနေ့တုန်းက အလုပ်သမားတွေ ဆန္ဒပြခဲ့တာလို့လည်း ထိုင်းနိုင်ငံ အခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲက တာဝန်ရှိသူ ဦးရဲမင်းက ပြောပါတယ်။
“လူဦးရေ ၁,၀၀၀ ကျော်ပေါ့... အလုပ်သမားတွေအားလုံးနီးပါးပါပဲ... ကျနော်တို့ အလုပ်သမားတွေလုပ်ငန်းခွင်ထဲ မဝင်ဘဲ စက်ရုံဝန်းထဲမှာပဲ ကိုဗစ်စည်းကမ်းနဲ့အညီ လူတွေကျဲကျဲနဲ့ ဆန္ဒထုတ်ဖော်တာပေါ့။ ဒီတခါဖြစ်တာက လုပ်အားခလစာ ရက် ၅၀ စာ မရှင်းလို့ တရက်ရှင်းမယ်၊ တရက်ရှင်းမယ်ဆိုပြီး စောင့်နေပါတယ်သေးတယ်။ အဲဒီလို မရှင်းလို့ အလုပ်သမားတွေ သည်းမခံနိုင်တဲ့အဆုံး ကိုဗစ်စည်းကမ်းနဲ့အညီ အလုပ်မဆင်းဘဲ အလုပ်ရုံထဲမှာပဲငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာပါ။”
ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ဒေသမှာ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတဲ့ နေ့မှာပဲ တချို့ကို စက်ရုံတာဝန်ရှိသူတွေက လစာတချို့ ထုတ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ပုံမှန်အတိုင်း ၁၅ ရက်တခါ လုပ်အားခရှင်းပေးဖို့ ကတိပေးခဲ့တယ်လို့လည်း စက်ရုံအလုပ်သမားတယောက်က ပြောပြပါတယ်။
“တောင်းဆိုတာပေါ့ စက်ရုံကို သူတို့ဘက်က မနေ့က တဝတ်စာ (၁၅ ရက်စာ) ထုတ်ပေးတယ် ၁၅ ရက်နေ့မှာနောက်ထပ် တဝတ်စာ (၁၅ ရက်စာ) ထုတ်ပေးမယ်ပြောတယ်။ နောက်ဆိုရင်တော့ ပုံမှန်တိုင်း ၁၅ ရက်နေ့တခါ၊ ၃၀ ရက်နေ့ တခါ လုပ်အားခထုတ်ပေးပါမယ်လို့ ခံဝန်ဂတိတွေ ထိုးသွားကြတာပေါ့နော်။”
ဒီစက်ရုံဟာ မကြာသေးခင်နှစ်တွေတုန်းကလည်း အခုလိုလုပ်အားခကို ပုံမှန်မရှင်းပေးတဲ့ ပြသနာတွေရှိခဲ့တာကြောင့် မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ AAC အလုပ်သမားကူညီရေးအဖွဲ့ပူးပေါင်းပြီးဖြေရှင်းပေးခဲ့ရဘူးတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေ အနေနဲ့ကတော့ ကိုဗစ်ကပ်ဘေးကာလမှာ ပုံမှန်လုပ်ခလစာ မရတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကြုံရတာကြောင့် တောင်းဆိုခဲ့ကြတာလို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းက ပြောပါတယ်။
“အလုပ်သမားတွေအတွက်ကတော့ ရက်ပေါင်း ၅၀ စာဆိုတော့ အခန်းခတွေ၊ ရေခ၊ မီးခတွေ မြန်မာပြည်က အိမ်ကို ပြန်ပို့ရမယ့်ဟာတွေ ရှိတော့အခက်အခဲတွေရှိတာမို့ အလုပ်သမားတွေက ဘာမှ မတတ်နိုင်လို့ ဒီလမ်းကြောင်းကို ရွေးလိုက်တဲ့သဘောပါပဲ။”
ထိုင်းနိုင်ငံမှာ ကပ်ဘေးကာလ အလုပ်အကိုင်အခက်အခဲတွေနဲ့ နိုင်ငံခြားကို ပို့ကုန်တွေ ပို့မရတာတွေ ကုန်ကြမ်းမရတာတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာတွေ ရှိသလို လုပ်ငန်းရှင်တွေ ဘက်ကလည်း လုပ်ခလစာပေးဖို့ အခက်အခဲ ကြုံရတာတွေလည်း ရှိနေပါတယ်။ ကပ်ဘေးကာလမှာပဲ သိန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေလည်း အလုပ်အကိုင်တွေ လက်လွတ်ဆုံးရှုံးခဲ့ကြရပြီး နေရပ်ပြန်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အလုပ်အကိုင် အခွင့်အလမ်းအတွက် ထိုင်းနိုင်ငံကို တရားမဝင် နည်းလမ်းတွေနဲ့ ဝင်ရောက်ဖို့ ကြိုးစားသူတွေလည်း ရှိနေပါတယ်။ မဟာချိုင်ဒေသဟာ ပင်လယ်စာလုပ်ငန်းတွေ လုပ်တဲ့ စက်ရုံအများအပြားရှိတဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ လလယ်က စလို့ နိုင်ငံခြားသားအလုပ်သမားတွေကြားမှာ ကိုဗစ်ကပ်ရောဂါအများအပြား ဖြစ်ပွားခဲ့တာကြောင့် စက်ရုံအလုပ်ရုံတချို့လည်း ပိတ်ထားရတာပါ။ တချို့စက်ရုံတွေကတော့ ကိုဗစ်ကပ်ရောဂါရှိ၊ မရှိ စစ်ဆေးပေးတာတွေလုပ်ပြီး စက်ရုံကို ပြန်လည် လည်ပတ်နေကြပါတယ်။ မြန်မာပြည်သားတွေကတော့ အလုပ်လက်မဲ့ဖြစ်မှာကို စိုးရိမ်နေကြသလို အခုလိုမျိုး လုပ်အားခလစာ နောက်ကျတာတွေဆိုရင်လည်း ထိုင်းနိုင်ငံတွင်းမှာ နေထိုင်စားသောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်းပြောပြကြပါတယ်။