သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အတည္ျပဳျမန္မာ ၃၀၀ ခန္႔ ထိုင္းေဆးရံုက ျပန္ဆင္းႏိုင္


ေဆးရံုက ဆင္းခြင့္ရတဲ့ ျမန္မာအလုပ္သမားတခ်ိဳ႕။ (ဓာတ္ပံု - AAC - ဇန္နဝါရီ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ အလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္မွာ မၾကာေသးခင္တုန္းကပဲ ကုိဗစ္ေရာဂါပုိး ကူးစက္မႈေတြ ေတြ႔ရွိခဲ့တာေၾကာင့္ အေရးေပၚ ကုသေပးခဲ့တဲ့ ျမန္မာအလုပ္သမား ၃၀၀ ေလာက္ကုိ ေဆး႐ုံက ဆင္းခြင့္ေပးလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

စမြတ္ဆာခြန္းခရိုင္ မဟာခ်ိဳင္ျမိဳ႕က ပင္လယ္စာေစ်းမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသား အလုပ္သမားေတြထဲက ကုိဗစ္ေရာဂါ ကူးစက္သူေတြကုိ အေရးေပၚ ယာယီဖြင့္လွစ္ထားတဲ့ ေဆး႐ုံမွာ ကုသေပးေနရာက ျပန္လည္သက္သာလာသူ ၃၀၀ ေလာက္ကို ေဆး႐ုံက ဆင္းခြင့္ျပဳလုိက္တာ ျဖစ္ပါတယ္။

ေဆး႐ုံက ဆင္းလာသူေတြကုိ ေရာဂါကင္းရွင္းေၾကာင္း အေထာက္အထားေတြ ထုတ္ေပးခဲ့တယ္လုိ႔လည္း မေန႔တုန္းကပဲ ေဆး႐ုံက ဆင္းလာတဲ့ ျမန္မာအလုပ္သမား မဇင္မာေ၀က ေျပာပါတယ္။

“ေဆးရံုသြားသြားခ်င္းေန႔ၿပီးေတာ့ ေနာက္တေန႔မွာေတာ့ ဓါတ္မွန္ရိုက္ေပးတယ္။ ေဆးရံုဆင္းေတာ့ ကိုဗစ္ကင္းစင္ေၾကာင္းဆုိျပီးေတာ့ က်န္းမာေရး ေထာက္ခံစာစာရြက္ေတာ့ ထုတ္ေပးလိုက္တယ္။”

ေဆး႐ုံဆင္းခြင့္ရသူေတြကုိေတာ့ ထုိင္းအာဏာပုိင္ေတြက အလုပ္လုပ္ခြင့္ျပဳထားပါတယ္။ ေရာဂါအေျခအေန သက္သာလာသူ အမ်ားစုကုိ ေဆး႐ုံတင္ၿပီး ၅ ရက္အၾကာ မေန႔တုန္းကပဲ ဆင္းခြင့္ျပဳလုိက္တာလုိ႔လည္း AAC ျမန္မာအလုပ္သမား ကူညီေစာင့္ေရွာက္ေရးအဖဲြ႔က အလုပ္သမားေရးလႈပ္ရွားသူ ဦးရဲမင္းကေျပာပါတယ္။

"ပထမ လူ ၃၀၀ ေက်ာ္ျပန္ပို႔ဖို႔ပဲ... အဲဒီထဲက ေလး၊ ငါးေယာက္ကေတာ့ က်န္းမာေရးအေနအထား သိလို႔လား မသိဘူး။ ဘယ္လိုလဲေတာ့မသိဘူး။ အခုေတာ့ ၂၉၀ ေက်ာ္ကုိျပန္ပုိ႔တယ္။ သူတို႔ကိုေခၚလာတာ ကိုဗစ္ပိုးေတြ႔တယ္ဆုိျပီး ပုဇြန္ေစ်းကေန အနီေရာင္လက္ပတ္ေပးျပီး ပိုးေတြ႔လူနာအျဖစ္ သတ္မွတ္ၿပီးေတာ့ ေခၚလာတယ္။ အနီေရာင္က ပုိးရွိတဲ့သူ၊ အျဖဴလက္ပတ္က ပုိးမရွိတဲ့သူ အဲဒီလိုခဲြတယ္။"

ေရာဂါကူးစက္မႈ အမ်ားအျပား ေတြ႔ရွိခဲ့တဲ့ မဟာခ်ိဳင္ေစ်းမွာ အလုပ္လုပ္ၾကတဲ့ ျမန္မာအလုပ္သမားေတြ ေနထုိင္ရာေနရာေတြကိုေတာ့ ကန္႔သတ္တားဆီးထားပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ေသဆံုးသူ ၆၇ ဦးနဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၁၀,၀၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ ျပီးခဲ့တ့ဲ လလယ္ကစလို႔ ကူးစက္မႈေတြ တေက်ာ့ျပန္ ေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ အမ်ားစုပါ၀င္ေနတာပါ။

ျမန္မာႏိုင္ငံမွာေတာ့ ေသဆံုးသူ ၂,၈၀၀ ေက်ာ္နဲ႔ ကူးစက္သူအတည္ျပဳလူနာ ၁၃၀,၀၀၀ ေက်ာ္ရွိေနတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက နယ္စပ္ေဒသေတြမွာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တင္းၾကပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အတည်ပြုမြန်မာ ၃၀၀ ခန့် ထိုင်းဆေးရုံက ပြန်ဆင်းနိုင်

ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်မှာ မကြာသေးခင်တုန်းကပဲ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် အရေးပေါ် ကုသပေးခဲ့တဲ့ မြန်မာအလုပ်သမား ၃၀၀ လောက်ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

စမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့က ပင်လယ်စာဈေးမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ကိုဗစ်ရောဂါ ကူးစက်သူတွေကို အရေးပေါ် ယာယီဖွင့်လှစ်ထားတဲ့ ဆေးရုံမှာ ကုသပေးနေရာက ပြန်လည်သက်သာလာသူ ၃၀၀ လောက်ကို ဆေးရုံက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဆေးရုံက ဆင်းလာသူတွေကို ရောဂါကင်းရှင်းကြောင်း အထောက်အထားတွေ ထုတ်ပေးခဲ့တယ်လို့လည်း မနေ့တုန်းကပဲ ဆေးရုံက ဆင်းလာတဲ့ မြန်မာအလုပ်သမား မဇင်မာဝေက ပြောပါတယ်။

“ဆေးရုံသွားသွားချင်းနေ့ပြီးတော့ နောက်တနေ့မှာတော့ ဓါတ်မှန်ရိုက်ပေးတယ်။ ဆေးရုံဆင်းတော့ ကိုဗစ်ကင်းစင်ကြောင်းဆိုပြီးတော့ ကျန်းမာရေး ထောက်ခံစာစာရွက်တော့ ထုတ်ပေးလိုက်တယ်။”

ဆေးရုံဆင်းခွင့်ရသူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက အလုပ်လုပ်ခွင့်ပြုထားပါတယ်။ ရောဂါအခြေအနေ သက်သာလာသူ အများစုကို ဆေးရုံတင်ပြီး ၅ ရက်အကြာ မနေ့တုန်းကပဲ ဆင်းခွင့်ပြုလိုက်တာလို့လည်း AAC မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းကပြောပါတယ်။

"ပထမ လူ ၃၀၀ ကျော်ပြန်ပို့ဖို့ပဲ... အဲဒီထဲက လေး၊ ငါးယောက်ကတော့ ကျန်းမာရေးအနေအထား သိလို့လား မသိဘူး။ ဘယ်လိုလဲတော့မသိဘူး။ အခုတော့ ၂၉၀ ကျော်ကိုပြန်ပို့တယ်။ သူတို့ကိုခေါ်လာတာ ကိုဗစ်ပိုးတွေ့တယ်ဆိုပြီး ပုဇွန်ဈေးကနေ အနီရောင်လက်ပတ်ပေးပြီး ပိုးတွေ့လူနာအဖြစ် သတ်မှတ်ပြီးတော့ ခေါ်လာတယ်။ အနီရောင်က ပိုးရှိတဲ့သူ၊ အဖြူလက်ပတ်က ပိုးမရှိတဲ့သူ အဲဒီလိုခွဲတယ်။"

ရောဂါကူးစက်မှု အများအပြား တွေ့ရှိခဲ့တဲ့ မဟာချိုင်ဈေးမှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတွေ နေထိုင်ရာနေရာတွေကိုတော့ ကန့်သတ်တားဆီးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ၆၇ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လလယ်ကစလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၈၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၃၀,၀၀၀ ကျော်ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG