သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ ႐ိုဟင္ဂ်ာ ၁၉ ဦးနဲ႔ လက္ခံထားတယ္ဆိုသူကို ထိုင္းရဲဖမ္းဆီး


ထုိင္းအာဏာပုိင္ေတြ စစ္ေဆးေတြ႔ရွိခဲ့တဲ့ ရိုဟင္ဂ်ာ တခ်ိဳ႕။ (ဓာတ္ပံု - လဝက - ဇန္နဝါရီ ၀၆၊ ၂၀၂၁)

(Zawgyi / Unicode)

႐ိုဟင္ဂ်ာ ၁၉ ဦးကို ထိုင္းႏိုင္ငံကို တရားမဝင္ ဝင္ေရာက္မႈနဲ႔ ဖမ္းဆီးခဲ့ၿပီး သူတို႔ကို ေနအိမ္မွာ လက္ခံထားတယ္ဆိုတဲ့ ထိုင္းအမ်ိဳးသမီးတဦးကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔က စေနေန႔က ေျပာၾကားခဲ့တယ္လို႔ AFP သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံကေန ထြက္ေျပးလာၾကတဲ့ မြတ္စလင္လူနည္းစုေတြအတြက္ လူကုန္ကူးမႈ လမ္းေၾကာင္းေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈေတြ တိုးလာေနခ်ိန္ အခုလို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာပါ။

ထိုင္းရဲတပ္ဖြဲ႔အေနနဲ႔ ေနာက္ဆုံးလူကုန္ကူးမႈတိုက္ဖ်က္ေရး လႈပ္ရွားမႈအျဖစ္ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ဘန္ေကာက္ၿမိဳ႕ Don Mueang ခ႐ိုင္က အိမ္တအိမ္ကို ဝင္ေရာက္ရွာေဖြရာမွာ ႐ိုဟင္ဂ်ာ ၁၉ ဦးကို ေတြ႔ရွိခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔ လက္ေထာက္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး Kissana Phathanacharoen က ေျပာပါတယ္။

ဒါ့အျပင္ ဘန္ေကာက္အနီး Pathum Thani ခ႐ိုင္က ထိုင္းအမ်ိဳးသမီးတဦးကိုလည္း ႐ိုဟင္ဂ်ာေတြကို ေနထိုင္ခြင့္ေပးခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဖမ္းဆီးခဲ့တယ္လို႔လည္း သူက ဆိုပါတယ္။

အမည္မေဖာ္လိုတဲ့ ထိုင္းလူဝင္မႈႀကီးၾကပ္ေရး အရာရွိတဦး ေျပာျပတာကေတာ့ ႐ိုဟင္ဂ်ာအုပ္စုဟာ ရခိုင္ျပည္နယ္က ထြက္ခြာလာၾကတာျဖစ္ၿပီး ထိုင္းႏိုင္ငံကေနတဆင့္ မေလးရွားကိုသြားဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးခံရတဲ့ ႐ိုဟင္ဂ်ာ ၁၉ ဦးထဲက ၇ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတာကို စစ္ေဆးေတြ႔ရွိခဲ့ၿပီး ကုသမႈခံယူေနေၾကာင္းနဲ႔ က်န္တဲ့သူေတြကိုေတာ့ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ Quarantine သီးသန႔္ခြဲ ထိန္းသိမ္းထားတယ္လို႔ ထိုင္းရဲတပ္ဖြဲ႔ ေျပာခြင့္ရက ေျပာၾကားခဲ့ပါတယ္။

႐ိုဟင္ဂ်ာေတြဟာ ျမန္မာႏိုင္ငံမွာ ညႇင္းပန္းႏွိပ္စက္မႈကို ႏွစ္ေပါင္းမ်ားစြာ ႀကဳံေတြ႔ခဲ့ၾကရတာပါ။ ျမန္မာအစိုးရဟာ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံသလို သူတို႔ရဲ႕ လြတ္လပ္စြာ သြားလာလႈပ္ရွားခြင့္၊ ႏိုင္ငံသားျဖစ္ခြင့္လည္း ျငင္းပယ္ခံထားရၿပီး အလုပ္အကိုင္၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ပညာသင္ၾကားမႈ စတာေတြအတြက္လည္း အလြယ္တကူ မရရွိၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ထိုင်းရောက် ရိုဟင်ဂျာ ၁၉ ဦးနဲ့ လက်ခံထားတယ်ဆိုသူကို ထိုင်းရဲဖမ်းဆီး

ရိုဟင်ဂျာ ၁၉ ဦးကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး သူတို့ကို နေအိမ်မှာ လက်ခံထားတယ်ဆိုတဲ့ ထိုင်းအမျိုးသမီးတဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့က ပြောကြားခဲ့တယ်လို့ AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်စလင်လူနည်းစုတွေအတွက် လူကုန်ကူးမှု လမ်းကြောင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးလာနေချိန် အခုလို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ နောက်ဆုံးလူကုန်ကူးမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘန်ကောက်မြို့ Don Mueang ခရိုင်က အိမ်တအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ရိုဟင်ဂျာ ၁၉ ဦးကို တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ လက်ထောက်ပြောခွင့်ရ ဗိုလ်မှူးကြီး Kissana Phathanacharoen က ပြောပါတယ်။

ဒါ့အပြင် ဘန်ကောက်အနီး Pathum Thani ခရိုင်က ထိုင်းအမျိုးသမီးတဦးကိုလည်း ရိုဟင်ဂျာတွေကို နေထိုင်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတဦး ပြောပြတာကတော့ ရိုဟင်ဂျာအုပ်စုဟာ ရခိုင်ပြည်နယ်က ထွက်ခွာလာကြတာဖြစ်ပြီး ထိုင်းနိုင်ငံကနေတဆင့် မလေးရှားကိုသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၉ ဦးထဲက ၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကုသမှုခံယူနေကြောင်းနဲ့ ကျန်တဲ့သူတွေကိုတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ Quarantine သီးသန့်ခွဲ ထိန်းသိမ်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ကြရတာပါ။ မြန်မာအစိုးရဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို သူတို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ နိုင်ငံသားဖြစ်ခွင့်လည်း ငြင်းပယ်ခံထားရပြီး အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု စတာတွေအတွက်လည်း အလွယ်တကူ မရရှိကြပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG