သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ လူကုန္ကူးမႈတားဆီးေရး ထိုင္းရဲခ်ဳပ္ စစ္ေဆး


ထုိင္း-ျမန္မာနယ္စပ္ တာခ့္ခ႐ုိင္ထဲမွာ လာေရာက္စစ္ေဆးေနတဲ့ ထုိင္းရဲခ်ဳပ္နဲ႔အဖြဲ႔။ (ဓာတ္ပုံ - ထုိင္းအာဏာပုိင္)

(Zawgyi / Unicode)

ကုိဗစ္ကပ္ေဘးကာလ ထိုင္း-ျမန္မာနယ္စပ္မွာ တရားမဝင္ ခုိးဝင္မႈေတြ၊ လူကုန္ကူးမႈေတြ မ်ားလာတာေၾကာင့္ ထုိင္းရဲခ်ဳပ္နဲ႔ အဆင့္ျမင့္အရာရွိေတြဟာ ထိုင္း-ျမန္မာနယ္စပ္ တာခ့္ခ႐ုိင္ထဲကုိ ဇန္နဝါရီလ ၉ ရက္ေန႔က လာေရာက္စစ္ေဆးခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕နယ္အတြင္း တရားမဝင္ လူေမွာင္ခို လုပ္ငန္းေတြနဲ႔ ခိုးဝင္ေနတဲ့ ျမန္မာႏုိင္ငံသားေတြအေရး တားဆီးဖို႔အတြက္ ထိုင္းရဲခ်ဳပ္အသစ္ Suwat Jangyodsuk က ႏုိင္ငံေတာ္လံုၿခံဳေရး အဆင့္ျမင့္အရာရွိေတြနဲ႔ လာေရာက္စစ္ေဆးခဲ့တာပါ။

ထုိင္း-ျမန္မာနယ္စပ္ ႏွစ္ႏုိင္ငံ ျမဝတီ-မဲေဆာက္ကို ျခားထားတဲ့ မိုးေရးျမစ္ကမ္းေခၚ ေသာင္ရင္းျမစ္တေလွ်ာက္က နယ္စပ္ျဖတ္ေက်ာ္ေရးဂိတ္ေတြ ပိတ္ထားေပမယ့္ လက္ရွိအေျခအေနမွာ ျမစ္ကိုျဖတ္ၿပီး ဝင္ေရာက္လာေနတဲ့ တရားမဝင္ ျမန္မာနဲ႔ ထိုင္းႏုိင္ငံသားေတြ ရွိေနတာျဖစ္လို႔ နယ္စပ္ေတြမွာ လံုၿခံဳေရးစနစ္ေတြကုိ ပုိၿပီးလုပ္ေဆာင္ဖို႔၊ CCTV ေတြ ပုိမိုတပ္ဆင္ဖို႔နဲ႔ ကင္းလွည့္တပ္ဖြဲ႔ေတြကို တိုးျမႇင့္ခ်ထားဖို႔လည္း ရဲခ်ဳပ္က ညႊန္ၾကားသြားခဲ့ပါတယ္။

ရဲခ်ဳပ္ကေတာ့ သူလာေရာက္စစ္ေဆးတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ သတင္းေထာက္ေတြကို အခုလို ေျပာသြားပါတယ္။

“အခုလို စစ္ေဆးတာက ထုိင္း-ျမန္မာနယ္စပ္မွာ ျဖစ္ေပၚေနတဲ့ တရားမဝင္ ဝင္ေရာက္လာတဲ့ ထုိင္းနဲ႔ ျမန္မာႏုိင္ငံသားေတြကိစေတြ၊ လူေမွာင္ခိုမႈ၊ လူကုန္ကူးမႈ ကိစၥေတြကုိ တာ့ခ္ခ႐ုိင္မွာရွိတဲ့ နယ္ေျမအာဏာပုိင္ေတြ၊ လဝကေတြနဲ႔ လာေရာက္ေဆြးေႏြးၿပီး သူတို႔အႀကံျပဳခ်က္ေတြကို လာေရာက္ရယူတာျဖစ္ပါတယ္” ဆိုၿပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ဒါ့အျပင္ လူကုန္ကူးမႈေတြ အခ်ိန္မီတားဆီးႏုိင္ဖို႔ မယ္ရမၿမိဳ႕နယ္အတြင္းမွာ လူေမွာင္ခိုသမားေတြရွိတဲ့ ေနရာေတြကို စကင္ဖတ္ ရွာေဖြေဖာ္ထုတ္ႏုိင္ဖိုို႔ နယ္ေျမခံေတြရဲ႕ အႀကံျပဳခ်က္ေတြကိုလည္း လက္ခံေဆြးေႏြးသြားခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ ဒြန္ေမာင္းၿမိဳ႕နယ္ထဲမွာ တရားမဝင္ ခုိးဝင္လာတဲ့ ႐ုိဟင္ဂ်ာေတြ လူကုန္ကူးတဲ့ ပဲြစားကို ဖမ္းမိၿပီးေနာက္ပုိင္း သူတုိ႔လာရာလမ္းျဖစ္တဲ့ တာ့ခ္ခ႐ုိင္ထဲက မဲေဆာက္နဲ႔ မယ္ရမၿမိဳ႕နယ္ေတြကုိ ထုိင္းအာဏာပုိင္ေတြက လံုၿခံဳေရးနဲ႔ သြားလာမႈေတြကို ပုိၿပီး တင္းတင္းက်ပ္က်ပ္ စစ္ေဆးလာတာပါ။

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတဝန္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏုိင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြရွိေနတဲ့ ထုိင္းႏုိင္ငံကေတာ့ tire 2 ေစာင့္ၾကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုတားဆီးရေး ထိုင်းရဲချုပ် စစ်ဆေး

ကိုဗစ်ကပ်ဘေးကာလ ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ခိုးဝင်မှုတွေ၊ လူကုန်ကူးမှုတွေ များလာတာကြောင့် ထိုင်းရဲချုပ်နဲ့ အဆင့်မြင့်အရာရှိတွေဟာ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်ထဲကို ဇန်နဝါရီလ ၉ ရက်နေ့က လာရောက်စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အတွင်း တရားမဝင် လူမှောင်ခို လုပ်ငန်းတွေနဲ့ ခိုးဝင်နေတဲ့ မြန်မာနိုင်ငံသားတွေအရေး တားဆီးဖို့အတွက် ထိုင်းရဲချုပ်အသစ် Suwat Jangyodsuk က နိုင်ငံတော်လုံခြုံရေး အဆင့်မြင့်အရာရှိတွေနဲ့ လာရောက်စစ်ဆေးခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံ မြဝတီ-မဲဆောက်ကို ခြားထားတဲ့ မိုးရေးမြစ်ကမ်းခေါ် သောင်ရင်းမြစ်တလျှောက်က နယ်စပ်ဖြတ်ကျော်ရေးဂိတ်တွေ ပိတ်ထားပေမယ့် လက်ရှိအခြေအနေမှာ မြစ်ကိုဖြတ်ပြီး ဝင်ရောက်လာနေတဲ့ တရားမဝင် မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေ ရှိနေတာဖြစ်လို့ နယ်စပ်တွေမှာ လုံခြုံရေးစနစ်တွေကို ပိုပြီးလုပ်ဆောင်ဖို့၊ CCTV တွေ ပိုမိုတပ်ဆင်ဖို့နဲ့ ကင်းလှည့်တပ်ဖွဲ့တွေကို တိုးမြှင့်ချထားဖို့လည်း ရဲချုပ်က ညွှန်ကြားသွားခဲ့ပါတယ်။

ရဲချုပ်ကတော့ သူလာရောက်စစ်ဆေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

“အခုလို စစ်ဆေးတာက ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကိစတွေ၊ လူမှောင်ခိုမှု၊ လူကုန်ကူးမှု ကိစ္စတွေကို တာ့ခ်ခရိုင်မှာရှိတဲ့ နယ်မြေအာဏာပိုင်တွေ၊ လဝကတွေနဲ့ လာရောက်ဆွေးနွေးပြီး သူတို့အကြံပြုချက်တွေကို လာရောက်ရယူတာဖြစ်ပါတယ်” ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ဒါ့အပြင် လူကုန်ကူးမှုတွေ အချိန်မီတားဆီးနိုင်ဖို့ မယ်ရမမြို့နယ်အတွင်းမှာ လူမှောင်ခိုသမားတွေရှိတဲ့ နေရာတွေကို စကင်ဖတ် ရှာဖွေဖော်ထုတ်နိုင်ဖို့ နယ်မြေခံတွေရဲ့ အကြံပြုချက်တွေကိုလည်း လက်ခံဆွေးနွေးသွားခဲ့ပါတယ်။

ဘန်ကောက်မြို့ ဒွန်မောင်းမြို့နယ်ထဲမှာ တရားမဝင် ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေ လူကုန်ကူးတဲ့ ပွဲစားကို ဖမ်းမိပြီးနောက်ပိုင်း သူတို့လာရာလမ်းဖြစ်တဲ့ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ မယ်ရမမြို့နယ်တွေကို ထိုင်းအာဏာပိုင်တွေက လုံခြုံရေးနဲ့ သွားလာမှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးလာတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG