သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း မဟာခ်ိဳင္မွာ ကိုဗစ္ပိုးေတြ႔သူ ျမန္မာ ၆၀၀ ခန္႔ ေဆးရံုျပန္ဆင္း


ယာယီ ေဆးရံုကေန ဆင္းလာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတခ်ိဳ႕။ (ဓာတ္ပံု - Samut Sakhon Provincial Public Relations Office - ဇန္နဝါရီ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ အလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္၊ မဟာခ်ိဳင္ျမိဳ႕မွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္ခံခဲ့ရတဲ့ ျမန္မာနိုင္ငံသားအလုပ္သမား ၆၀၀ ေလာက္ အေရးေပၚ ယာယီေဆးရံုကေန ဆင္းခြင့္ျပဳလိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ယာယီ ေဆးရံုကေန ဆင္းလာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတခ်ိဳ႕။ (ဓာတ္ပံု - Samut Sakhon Provincial Public Relations Office - ဇန္နဝါရီ ၁၃၊ ၂၀၂၁)
ယာယီ ေဆးရံုကေန ဆင္းလာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတခ်ိဳ႕။ (ဓာတ္ပံု - Samut Sakhon Provincial Public Relations Office - ဇန္နဝါရီ ၁၃၊ ၂၀၂၁)

ထိုင္းႏုိင္ငံအလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္၊ မဟာခ်ိဳင္ျမိဳ႕က ေဘာလုံးကြင္းထဲမွာ ယာယီဖြင့္လွစ္ထားတဲ့ အေရးေပၚေဆးရံုမွာ ကုသမႈခံယူေနရတဲ့ ျမန္မာအလုပ္သမားေတြကုိ အသုတ္လုိက္ခဲြၿပီး ေဆး႐ုံက ဆင္းခြင့္ျပဳေနတာ ျဖစ္ပါတယ္။ မေန႔တုန္းက တတိယ အသုတ္အျဖစ္ ယာယီေဆး႐ုံကေန ဆင္းခြင့္ျပဳလုိက္တဲ့ သူေတြနဲ႔ပါဆုိရင္ အလုပ္သမား ၆၀၀ နီးပါး ရွိသြားၿပီလုိ႔လည္း ထုိင္းႏုိင္ငံအေျခစုိက္ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ယက္ရဲ ့ဥကၠ႒ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

“ေဆးရံုက ဆင္းတာ ၆၀၀ ၀န္းက်င္ေလာက္ျဖစ္သြားျပီ။ သံုးသုတ္ပါ။ ပထမဦးဆံုးကေတာ့ ၃၀၀ ေလာက္ဆုိတာ သူတို႔ ထုတ္ျပန္တယ္။ ေနာက္ရက္ေတြမွာေတာ့ ၂ သုတ္ကေတာ့ ၃၀၀ နီးပါးေလာက္ရွိတယ္။”

ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ပြားရာက ျမန္မာႏုိင္ငံသားေတြ အလုပ္လုပ္ကုိင္ေနတဲ့ မဟာခ်ဳိင္ေဒသမွာ ေရာဂါကူးစက္မႈေတြ အမ်ားအျပား စစ္ေဆးေတြ႔ရွိခဲ့တာပါ။ ေရာဂါကူးစက္သူ ျမန္မာႏုိင္ငံသား ခန္႔မွန္းေျခ ၁,၀၀၀ ေက်ာ္ေလာက္ကုိ ယာယီေဆး႐ုံကုိ ပုိ႔ေဆာင္ကုသေပးခဲ့ၿပီး မၾကာေသးခင္ရက္ေတြကစ ျပန္လည္သက္သာလာသူေတြကုိ ေဆး႐ုံက ဆင္းခြင့္ျပဳေနတာ ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံမွာ စမြတ္ဆာခြန္းခရိုင္ဟာ ကုိဗစ္ေရာဂါကူးစက္မႈေတြ ျမင့္မားေနဆဲ ျဖစ္ေပမဲ့ အရင္ထက္ေတာ့ နည္းလာေနတယ္လုိ႔လည္း ထုိင္းက်န္းမာေရးတာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ထားတယ္လုိ႔ အလုပ္သမားေရး လႈပ္ရွားသူ ဦးေအာင္ေက်ာ္က ေျပာျပပါတယ္။

“ခရိုင္အားလံုးထဲမွာ က်ေနာ္တို႔ စမြတ္ဆာခြန္းကေတာ့ ထိပ္ဆံုးက တက္ေနတယ္။ ၁၁ ရက္ေန႔ ၂၄၉၊ ၁၂ ရက္ေန႔မွာ ၂၈၇ ေန႔တိုင္းတက္ေနတယ္။ ဒီေန႔ေတာ့ သတင္းမထြက္ေသးဘူး။ ပ်မ္းမ်ွကေတာ့ ေနတုိင္း ၂၀၀ ေက်ာ္တက္ေနတယ္။ အလုပ္သမားေတြၾကားမွာ စစခ်င္းကေတာ့ ၁,၀၀၀ ေက်ာ္ကေန ၇၀၀ ေက်ာ္၊ ၈၀၀ ေက်ာ္ အခုေနာက္ပုိင္းမွာ၂၀၀ ေက်ာ္ပဲဆိုေတာ့ အလုပ္သမားေတြၾကားမွာ ကူးစက္မႈ က်လာျပီလို႔ သူတုိ႔ သတ္မွတ္တယ္။ လုပ္သားေတြ ကုိယ္တိုင္လည္းအရင္ကဆို လမ္းမေတြေပၚမွာ တုိးမေပါက္ဘူး။ အခုကေတာ့ လမ္းမေတြေပၚမွာ လူေတြ သိပ္မရွိေတာ့ဘူး။ သူတို႔ က်န္းမာေရးအရေတာ့ လိုက္နာတယ္ေပါ့ ဒဏ္ေငြ ၂၀,၀၀၀ ရို္က္မယ္ဆုိတာကိုလည္း စိုးရိမ္တာေပါ့။ ဒဏ္ေငြရိုုက္တာက ႏွားေခါင္းစည္း မတပ္တာ က်န္းမာေရး၀န္ႀကီးဌာနက စည္းမ်ဥ္းေတြ မလိုက္နာရင္ ဒဏ္ေငြ ၂၀,၀၀၀ ရိုက္မယ္ဆိုတာကိုလည္း သူတို႔ စိုးရိမ္တာမ်ိဳးျဖစ္ျပီး လိုက္နာတာလည္းေတြ ့ရပါတယ္။”

ေဆးရံုကေန ျပန္ဆင္းလာတဲ့ လူနာေတြကိုေတာ့ နယ္ေျမ က်န္းမာေရဆိုင္ရာ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအဖြဲ႔က ေရာဂါကင္းရွင္းျပီျဖစ္ေၾကာင္း ေဆးမွတ္တမ္း ေထာက္ခံစာထုတ္ေပးျပီး မူရင္းအလုပ္ရွင္ေတြဆီ ျပန္ပို႔ေပးခဲ့ပါတယ္။ ဒါေပမဲ့ စမြတ္ဆာခြန္းခရိုင္ထဲက အလုပ္သမားေတြကုိေတာ့ တနယ္ေျမနဲ႔ တနယ္ေျမ ကူးသန္းခြင့္နဲ ့ ခရီးသြားလာခြင့္ေတြကိုေတာ့ ဆက္ပိတ္ပင္ကန္႔သတ္ထားဆဲျဖစ္ပါတယ္

ကုိဗစ္ကပ္ေရာဂါေၾကာင့္ေသဆံုးသူ ၆၇ ဦးနဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၁၀,၀၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ ျပီးခဲ့တ့ဲ လလယ္ကစလို႔ ကူးစက္မႈေတြ တေက်ာ့ျပန္ ေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ အမ်ားစုပါ၀င္ေနတာပါ။

ျမန္မာႏိုင္ငံမွာေတာ့ ေသဆံုးသူ ၂,၈၀၀ ေက်ာ္နဲ႔ ကူးစက္သူအတည္ျပဳလူနာ ၁၃၀,၀၀၀ ေက်ာ္ရွိေနတာေႀကာင့္ ထုိင္းအာဏာပုိင္ေတြက နယ္စပ္ေဒသေတြမွာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တင္းၾကပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း မဟာချိုင်မှာ ကိုဗစ်ပိုးတွေ့သူ မြန်မာ ၆၀၀ ခန့် ဆေးရုံပြန်ဆင်း

ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားအလုပ်သမား ၆၀၀ လောက် အရေးပေါ် ယာယီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့က ဘောလုံးကွင်းထဲမှာ ယာယီဖွင့်လှစ်ထားတဲ့ အရေးပေါ်ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ မြန်မာအလုပ်သမားတွေကို အသုတ်လိုက်ခွဲပြီး ဆေးရုံက ဆင်းခွင့်ပြုနေတာ ဖြစ်ပါတယ်။ မနေ့တုန်းက တတိယ အသုတ်အဖြစ် ယာယီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တဲ့ သူတွေနဲ့ပါဆိုရင် အလုပ်သမား ၆၀၀ နီးပါး ရှိသွားပြီလို့လည်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ဆေးရုံက ဆင်းတာ ၆၀၀ ဝန်းကျင်လောက်ဖြစ်သွားပြီ။ သုံးသုတ်ပါ။ ပထမဦးဆုံးကတော့ ၃၀၀ လောက်ဆိုတာ သူတို့ ထုတ်ပြန်တယ်။ နောက်ရက်တွေမှာတော့ ၂ သုတ်ကတော့ ၃၀၀ နီးပါးလောက်ရှိတယ်။”

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားရာက မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသမှာ ရောဂါကူးစက်မှုတွေ အများအပြား စစ်ဆေးတွေ့ရှိခဲ့တာပါ။ ရောဂါကူးစက်သူ မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁,၀၀၀ ကျော်လောက်ကို ယာယီဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပြီး မကြာသေးခင်ရက်တွေကစ ပြန်လည်သက်သာလာသူတွေကို ဆေးရုံက ဆင်းခွင့်ပြုနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စမွတ်ဆာခွန်းခရိုင်ဟာ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်မားနေဆဲ ဖြစ်ပေမဲ့ အရင်ထက်တော့ နည်းလာနေတယ်လို့လည်း ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးအောင်ကျော်က ပြောပြပါတယ်။

ယာယီ ေဆးရံုကေန ဆင္းလာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတခ်ိဳ႕။ (ဓာတ္ပံု - Samut Sakhon Provincial Public Relations Office - ဇန္နဝါရီ ၁၃၊ ၂၀၂၁)
ယာယီ ေဆးရံုကေန ဆင္းလာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတခ်ိဳ႕။ (ဓာတ္ပံု - Samut Sakhon Provincial Public Relations Office - ဇန္နဝါရီ ၁၃၊ ၂၀၂၁)

“ခရိုင်အားလုံးထဲမှာ ကျနော်တို့ စမွတ်ဆာခွန်းကတော့ ထိပ်ဆုံးက တက်နေတယ်။ ၁၁ ရက်နေ့ ၂၄၉၊ ၁၂ ရက်နေ့မှာ ၂၈၇ နေ့တိုင်းတက်နေတယ်။ ဒီနေ့တော့ သတင်းမထွက်သေးဘူး။ ပျမ်းမျှကတော့ နေတိုင်း ၂၀၀ ကျော်တက်နေတယ်။ အလုပ်သမားတွေကြားမှာ စစချင်းကတော့ ၁,၀၀၀ ကျော်ကနေ ၇၀၀ ကျော်၊ ၈၀၀ ကျော် အခုနောက်ပိုင်းမှာ၂၀၀ ကျော်ပဲဆိုတော့ အလုပ်သမားတွေကြားမှာ ကူးစက်မှု ကျလာပြီလို့ သူတို့ သတ်မှတ်တယ်။ လုပ်သားတွေ ကိုယ်တိုင်လည်းအရင်ကဆို လမ်းမတွေပေါ်မှာ တိုးမပေါက်ဘူး။ အခုကတော့ လမ်းမတွေပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး။ သူတို့ ကျန်းမာရေးအရတော့ လိုက်နာတယ်ပေါ့ ဒဏ်ငွေ ၂၀,၀၀၀ ရိုက်မယ်ဆိုတာကိုလည်း စိုးရိမ်တာပေါ့။ ဒဏ်ငွေရိုက်တာက နှားခေါင်းစည်း မတပ်တာ ကျန်းမာရေးဝန်ကြီးဌာနက စည်းမျဉ်းတွေ မလိုက်နာရင် ဒဏ်ငွေ ၂၀,၀၀၀ ရိုက်မယ်ဆိုတာကိုလည်း သူတို့ စိုးရိမ်တာမျိုးဖြစ်ပြီး လိုက်နာတာလည်းတွေ့ရပါတယ်။”

ဆေးရုံကနေ ပြန်ဆင်းလာတဲ့ လူနာတွေကိုတော့ နယ်မြေ ကျန်းမာရေဆိုင်ရာ ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲ့က ရောဂါကင်းရှင်းပြီဖြစ်ကြောင်း ဆေးမှတ်တမ်း ထောက်ခံစာထုတ်ပေးပြီး မူရင်းအလုပ်ရှင်တွေဆီ ပြန်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ စမွတ်ဆာခွန်းခရိုင်ထဲက အလုပ်သမားတွေကိုတော့ တနယ်မြေနဲ့ တနယ်မြေ ကူးသန်းခွင့်နဲ့ ခရီးသွားလာခွင့်တွေကိုတော့ ဆက်ပိတ်ပင်ကန့်သတ်ထားဆဲဖြစ်ပါတယ်

ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ၆၇ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လလယ်ကစလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၈၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၃၀,၀၀၀ ကျော်ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG