သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရႊလီနဲ႔ ၾကယ္ေဂါင္မွာ ကိုဗစ္ကာကြယ္ေဆးထိုးေပးဖို႔ စီစဥ္ေန


တရုတ္ႏိုင္ငံ ေရႊလီၿမိဳ႕မွာ ကိုဗစ္ေရာဂါ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏွစ္သစ္ကူး မတုိင္ခင္မွာပဲ ျမန္မာႏုိင္ငံသားေတြ အမ်ားစုရွိတဲ့ တ႐ုတ္ႏုိင္ငံ ေ႐ႊလီနဲ႔ ၾကယ္ေဂါင္ၿမိဳ႕ေတြမွာ အသြားအလာကန႔္သတ္ၿပီး ကာကြယ္ေဆးထိုးေပးဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့သတင္း တင္ဆက္ေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

မၾကာခင္ က်ေရာက္မယ့္ တ႐ုတ္ႏွစ္သစ္ကူး ကာလမွာ အသြားအလာေတြ မ်ားႏုိင္တာေၾကာင့္ ေရာဂါကူးစက္မႈေတြ တုိးလာမွာကုိ စုိးရိမ္ေနခ်ိန္မွာပဲ ယူနန္ျပည္နယ္၊ ေ႐ႊလီနဲ႔ ၾကယ္ေဂါင္ၿမိဳ႕ေတြမွာ ေဒသခံအာဏာပုိင္ေတြက ေရာဂါကာကြယ္ေရး အစီအစဥ္ေတြ တုိးျမွင့္ဖုိ႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ တၿမိဳ႕လုံးအတိုင္းအတာနဲ႔ အသြားအလာကန႔္သတ္ဖို႔ စီစဥ္ေနၿပီး၊ တ႐ုတ္ႏုိင္ငံသားေတြေရာ၊ ျမန္မာႏိုင္ငံသားေတြကိုပါ ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးေပးဖို႔ ျပင္ဆင္ေနတာပါ။

ေ႐ႊလီနဲ႔ ၾကယ္ေဂါင္ၿမိဳ႕ေတြကို တေက်ာ့ျပန္အသြားအလာ ကန႔္သတ္တာေတြလုပ္ဖို႔ ေဒသအာဏာပိုင္ေတြက ေၾကညာထားေၾကာင္းလည္း ေ႐ႊလီၿမိဳ႕မွာေနတဲ့ ကိုထက္ျမက္ကေျပာပါတယ္။

"Lockdown ျပန္ခ်ဖို႔ ေသခ်ာသေလာက္ျဖစ္ေနၿပီ၊ သူတို႔ကေၾကညာထားတာကိုး။ ေဆးထိုးမယ္ဆိုတာက သူတို႔က ၂၅ ရက္လို႔လည္းေျပာၾကတယ္၊ ၂၆ ရက္လို႔လည္း ေျပာၾကတယ္၊ အမ်ိဳးမ်ိဳးေပါ့။ ရပ္ကြက္အလိုက္ေပါ့ ျမန္မာျပည္လို ရပ္ကြက္ ၁ ဆိုရင္ ၁ တခုလုံး ေဆးထိုးေပးမယ္၊ အဲဒီလိုမ်ိဳးပုံစံ ေျပာတာေပါ့။"

ေ႐ႊလီနဲ႔ ၾကယ္ေဂါင္မွာရွိတဲ့ ေက်ာက္အေရာင္းအဝယ္လုပ္တဲ့ ေနရာေတြကိုလည္း ဒီရက္ပိုင္းလုံၿခဳံေရးတိုးခ်ထားၿပီး ကိုဗစ္စစ္ေဆးထားတဲ့ ေထာက္ခံခ်က္မရွိရင္လည္း ဝင္ခြင့္မေပးေတာ့ပါဘူး။ အခုေလာေလာဆယ္မွာလည္း အသြားအလာကန႔္သတ္တာေတြ ရွိလာေနၿပီး တေနရာနဲ႔ တေနရာသြားလာဖို႔ ခက္ခဲလာတယ္လို႔ ေ႐ႊလီနာေရးကူညီမႈအသင္း ဥကၠ႒ ဦးစိန္တင့္ကေျပာပါတယ္။

"ေ႐ႊလီမွာ သူတို႔က အခု ကာကြယ္ေဆးထိုးမယ္ဆိုလို႔ရွိရင္ တရက္တည္းနဲ႔အၿပီး ထိုးဖို႔ အလားအလာရွိတယ္။ တၿမိဳ႕လုံးကို အသြားအလာေတြ အကုန္လုံးကန႔္သတ္ၿပီးေတာ့မွ တရက္တည္းအၿပီးထိုးဖို႔ ရွိတယ္။ ဒါမွမဟုတ္လို႔ရွိရင္ သူတို႔က႐ြာေတြ႐ြာေတြကို ပိတ္ထားၿပီးေတာ့မွ ထိုးမယ့္အစီအစဥ္ရွိတယ္။ ဥပမာေပါ့ေနာ္ တခ်ိဳ႕႐ြာေတြဆိုရင္ သြားလာခြင့္ပိတ္ၿပီးမွ ႐ြာထဲမွာပဲအၿပီး လုပ္ၿပီးမွ က်န္တဲ့႐ြာေတြမွာလည္းၿပီးၿပီဆိုေတာ့မွ အဲဒီၿပီးတဲ့႐ြာေတြမွာပဲ သြားလာခြင့္ေပးၿပီး မၿပီးေသးတဲ့႐ြာေတြမွာ သြားလာခြင့္ပိတ္မယ္၊ အဲဒီလိုပုံစံမ်ိဳးေတြလည္းၾကားတယ္။"

လာမယ့္တ႐ုတ္ႏွစ္ကူးမတိုင္ခင္ ၿမိဳ႕ေတာ္ေပက်င္းအနီးကၿမိဳ႕ေတြမွာ တေက်ာ့ျပန္ျပည္တြင္းကူးစက္မႈေတြ ရွိလာတာေၾကာင့္ စိုးရိမ္မႈေတြ ထြက္ေပၚေနခ်ိန္မွာပဲ ျမန္မာနဲ႔ ထိစပ္တဲ့ နယ္စပ္ၿမိဳ႕ေတြမွာပါ ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ႀကိဳးပမ္းလာတာပါ။ ႏွစ္သစ္ကူးနီးလာခ်ိန္ျဖစ္သလို ကူးစက္မႈေတြျပန္စလာတဲ့အခ်ိန္မွာ ေရာဂါကာကြယ္ေရးဆိုင္ရာစည္းကမ္းေတြကို အရင္ကထက္ပိုၿပီး အခုရက္ပိုင္းေတြမွာ တင္းၾကပ္လာတယ္လို႔လည္း ေ႐ႊလီအေျခစိုက္ တေအာင္းလူငယ္ပရဟိတအဖြဲ႕ ဥကၠ႒ မိုင္ဦးလႈိင္ေအးကေျပာပါတယ္။

"ျပည္ႀကီးကေန ဆင္းလာတဲ့သူေတြကို ေရာဂါသယ္လာမွာစိုးလို႔ ဒီေ႐ႊလီၿမိဳ႕ထဲမွာေပါ့ဗ်ာ ျမန္မာျပည္ျပန္မယ့္သူေတြေလ ဒီႏွစ္သစ္ကူးျပန္မယ့္သူေတြေပါ့။ Quarantine ၁၄ ရက္ဝင္ရမယ္ဆိုၿပီးေတာ့ ေ႐ႊလီေရာက္ရင္ေတာ့၊ အဲဒါေၾကာင့္မို႔လို႔ သူက Lockdown ျပန္ခ်မယ္လို႔ေျပာတာပဲ။ ေနထိုင္ခြင့္စာအုပ္ေတြ၊ အေထာက္အထားေတြ အဲဒါေတြရွိရင္ေတာ့ ပိုၿပီးေတာ့အဆင္ေျပတယ္။ အခုေလာေလာဆယ္က သူတို႔အဲဒါကို အေရးသိပ္မယူေသးဘူး၊ က်န္းမာေရးကဒ္ကိစၥကိုပဲ သူတို႔အေရးယူေနတာ၊ ေရာဂါေၾကာင့္ေပါ့ဗ်ာ။"

တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း ဟဲေပျပည္နယ္မွာ ကိုဗစ္ကူးစက္မႈေတြ ထပ္ရွိလာၿပီးတဲ့ေနာက္ တ႐ုတ္ႏိုင္ငံထဲ ေရာဂါကူးစက္ႏႈန္းက စံခ်ိန္တင္တက္လာေနပါတယ္။ တကမာၻလုံးမွာ ကိုဗစ္ေရာဂါကူးစက္ခံရသူ ၉၂ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၁၉ သိန္းေက်ာ္ရွိေနပါတယ္။ ေရာဂါကူးစက္မႈ ပထမဆုံးစတင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ေသဆုံးသူ ၄,၆၀၀ ေက်ာ္နဲ႔ ကူးစက္သူေပါင္း ၈၇,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွှေလီနဲ့ ကြယ်ဂေါင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေ

တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာပဲ မြန်မာနိုင်ငံသားတွေ အများစုရှိတဲ့ တရုတ်နိုင်ငံ ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေမှာ အသွားအလာကန့်သတ်ပြီး ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်း တင်ဆက်ပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူး ကာလမှာ အသွားအလာတွေ များနိုင်တာကြောင့် ရောဂါကူးစက်မှုတွေ တိုးလာမှာကို စိုးရိမ်နေချိန်မှာပဲ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေမှာ ဒေသခံအာဏာပိုင်တွေက ရောဂါကာကွယ်ရေး အစီအစဉ်တွေ တိုးမြှင့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ တမြို့လုံးအတိုင်းအတာနဲ့ အသွားအလာကန့်သတ်ဖို့ စီစဉ်နေပြီး၊ တရုတ်နိုင်ငံသားတွေရော၊ မြန်မာနိုင်ငံသားတွေကိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေတာပါ။

ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေကို တကျော့ပြန်အသွားအလာ ကန့်သတ်တာတွေလုပ်ဖို့ ဒေသအာဏာပိုင်တွေကကြေညာထားကြောင်းလည်း ရွှေလီမြို့မှာနေတဲ့ ကိုထက်မြက်ကပြောပါတယ်။

"Lockdown ပြန်ချဖို့ သေချာသလောက်ဖြစ်နေပြီ၊ သူတို့ကကြေညာထားတာကိုး။ ဆေးထိုးမယ်ဆိုတာက သူတို့က ၂၅ ရက်လို့လည်းပြောကြတယ်၊ ၂၆ ရက်လို့လည်း ပြောကြတယ်၊ အမျိုးမျိုးပေါ့။ ရပ်ကွက်အလိုက်ပေါ့ မြန်မာပြည်လို ရပ်ကွက် ၁ ဆိုရင် ၁ တခုလုံး ဆေးထိုးပေးမယ်၊ အဲဒီလိုမျိုးပုံစံ ပြောတာပေါ့။"

ရွှေလီနဲ့ ကြယ်ဂေါင်မှာရှိတဲ့ ကျောက်အရောင်းအဝယ်လုပ်တဲ့ နေရာတွေကိုလည်း ဒီရက်ပိုင်းလုံခြုံရေးတိုးချထားပြီး ကိုဗစ်စစ်ဆေးထားတဲ့ ထောက်ခံချက်မရှိရင်လည်း ဝင်ခွင့်မပေးတော့ပါဘူး။ အခုလောလောဆယ်မှာလည်း အသွားအလာကန့်သတ်တာတွေ ရှိလာနေပြီး၊ တနေရာနဲ့ တနေရာသွားလာဖို့ ခက်ခဲလာတယ်လို့ ရွှေလီနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိန်တင့်ကပြောပါတယ်။

"ရွှေလီမှာ သူတို့က အခု ကာကွယ်ဆေးထိုးမယ်ဆိုလို့ရှိရင် တရက်တည်းနဲ့အပြီး ထိုးဖို့ အလားအလာရှိတယ်။ တမြို့လုံးကို အသွားအလာတွေ အကုန်လုံးကန့်သတ်ပြီးတော့မှ တရက်တည်းအပြီးထိုးဖို့ ရှိတယ်။ ဒါမှမဟုတ်လို့ရှိရင် သူတို့ကရွာတွေရွာတွေကို ပိတ်ထားပြီးတော့မှ ထိုးမယ့်အစီအစဉ်ရှိတယ်။ ဥပမာပေါ့နော် တချို့ရွာတွေဆိုရင် သွားလာခွင့်ပိတ်ပြီးမှ ရွာထဲမှာပဲအပြီး လုပ်ပြီးမှ ကျန်တဲ့ရွာတွေမှာလည်းပြီးပြီဆိုတော့မှ အဲဒီပြီးတဲ့ရွာတွေမှာပဲ သွားလာခွင့်ပေးပြီး မပြီးသေးတဲ့ရွာတွေမှာ သွားလာခွင့်ပိတ်မယ်၊ အဲဒီလိုပုံစံမျိုးတွေလည်းကြားတယ်။"

လာမယ့်တရုတ်နှစ်ကူးမတိုင်ခင် မြို့တော်ပေကျင်းအနီးကမြို့တွေမှာ တကျော့ပြန်ပြည်တွင်းကူးစက်မှုတွေ ရှိလာတာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ မြန်မာနဲ့ ထိစပ်တဲ့ နယ်စပ်မြို့တွေမှာပါ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းလာတာပါ။ နှစ်သစ်ကူးနီးလာချိန်ဖြစ်သလို ကူးစက်မှုတွေပြန်စလာတဲ့အချိန်မှာ ရောဂါကာကွယ်ရေးဆိုင်ရာစည်းကမ်းတွေကို အရင်ကထက်ပိုပြီး အခုရက်ပိုင်းတွေမှာ တင်းကြပ်လာတယ်လို့လည်း ရွှေလီအခြေစိုက် တအောင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ မိုင်ဦးလှိုင်အေးကပြောပါတယ်။

"ပြည်ကြီးကနေ ဆင်းလာတဲ့သူတွေကို ရောဂါသယ်လာမှာစိုးလို့ ဒီရွှေလီမြို့ထဲမှာပေါ့ဗျာ မြန်မာပြည်ပြန်မယ့်သူတွေလေ ဒီနှစ်သစ်ကူးပြန်မယ့်သူတွေပေါ့။ Quarantine ၁၄ ရက်ဝင်ရမယ်ဆိုပြီးတော့ ရွှေလီရောက်ရင်တော့၊ အဲဒါကြောင့်မို့လို့ သူက Lockdown ပြန်ချမယ်လို့ပြောတာပဲ။ နေထိုင်ခွင့်စာအုပ်တွေ၊ အထောက်အထားတွေ အဲဒါတွေရှိရင်တော့ ပိုပြီးတော့အဆင်ပြေတယ်။ အခုလောလောဆယ်က သူတို့အဲဒါကို အရေးသိပ်မယူသေးဘူး၊ ကျန်းမာရေးကဒ်ကိစ္စကိုပဲ သူတို့အရေးယူနေတာ၊ ရောဂါကြောင့်ပေါ့ဗျာ။"

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ ထပ်ရှိလာပြီးတဲ့နောက် တရုတ်နိုင်ငံထဲ ရောဂါကူးစက်နှုန်းက စံချိန်တင်တက်လာနေပါတယ်။ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၉၂ သန်းကျော်နဲ့ သေဆုံးသူ ၁၉ သိန်းကျော်ရှိနေပါတယ်။ ရောဂါကူးစက်မှု ပထမဆုံးစတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ သေဆုံးသူ ၄,၆၀၀ ကျော်နဲ့ ကူးစက်သူပေါင်း ၈၇,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG