သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရြယ္ေရာက္သူအားလံုး စက္တင္ဘာမွာ ကုိဗစ္ကာကြယ္ေဆး ထိုးႏိုင္ဖို႔ ၿဗိတိန္ရည္မွန္း


ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab. (ေမ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ကူးစက္မႈ ၉၄ သန္းခြဲ ရွိလာခ်ိန္မွာပဲ ၿဗိတိန္အစိုးရက သူ႔ႏိုင္ငံတြင္းက လူရြယ္လူႀကီး အားလံုးကို စက္တင္ဘာလေလာက္မွာ COVID-19 ကာကြယ္ေဆးထုိးေပးဖို႔ လုပ္မွာျဖစ္ေၾကာင္း ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဥေရာပမွာ COVID-19 နဲ႔ ေသဆံုးမႈအမ်ားဆံုး ျဖစ္ေနတဲ့ ၿဗိတိန္ႏိုင္ငံမွာ ဇန္နဝါရီလ ၅ ရက္ေန႔ကစၿပီး တႏိုင္ငံလံုး အတိုင္းအတာနဲ႔ Lockdown ခ် ပိတ္ပင္ထားတာျဖစ္ၿပီး ေက်ာင္းေတြ၊ မရွိမျဖစ္ ေစ်းဆိုင္ေတြမွအပ စီးပြားေရးလုပ္ငန္း အားလံုးကို ပိတ္ၿပီး ေနအိမ္ေတြကေန လုပ္လို႔ရတဲ့သူေတြ ႐ုံးမသြားဖို႔ အမိန္႔ထုတ္ျပန္ထားတာပါ။

ေနအိမ္ေတြမွာ ေစာင့္ေရွာက္ကုသမႈ ခံယူေနသူေတြြ အပါအဝင္ သက္ႀကီးပိုင္းေတြ၊ ခံႏိုင္ရည္ အားနည္းသူေတြနဲ႔ က်န္းမာေရးလုပ္သားေတြ အပါအဝင္ ႏိုင္ငံသား ၁၃ သန္းေက်ာ္ေလာက္ကို ေဖေဖာ္ဝါရီလလယ္ေလာက္မွာ ကာကြယ္ေဆး ထိုးေပးႏိုင္ဖို႔ ဝန္ႀကီးခ်ဳပ္ Boris Johnson စီစဥ္တဲ့အတိုင္း လုပ္ေဆာင္ႏိုင္မွာ ျဖစ္ေၾကာင္းလည္း ဝန္ႀကီး Raab က ေျပာပါတယ္။

တကယ္လို႔ စီစဥ္ထားတဲ့အတိုင္း ျဖစ္လာရင္ Lockdown ခ် ကန္႔သတ္မႈေတြကို ေျဖေလွ်ာ့ေပးဖုိ႔ပါ စဥ္းစားမွာ ျဖစ္ေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ကမာၻတလႊားမွာ ဒီေရာဂါ ကူးစက္ခံရသူ ၉၄ သန္းခြဲေက်ာ္ ျဖစ္ေနခ်ိန္မွာပဲ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ Los Angeles ခ႐ုိင္မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ တသန္းျဖစ္သြားၿပီး စံခ်ိန္တင္ခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီေဒသမွာ ၿဗိတိန္ႏိုင္ငံမွာ ေတြ႔ေနရတဲ့ ကူးစက္ျမန္ ကို႐ုိနာဗိုင္းရပ္စ္ပိုးသစ္ ကူးစက္မႈလည္း ေတြ႔ရွိေနရတယ္လို႔ ခ႐ုိင္ လူထုက်န္းမာေရးဌာန အႀကီးအကဲ Dr. Barbara Ferrer ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အရွယ်ရောက်သူအားလုံး စက်တင်ဘာမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ဖို့ ဗြိတိန်ရည်မှန်း

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၉၄ သန်းခွဲ ရှိလာချိန်မှာပဲ ဗြိတိန်အစိုးရက သူ့နိုင်ငံတွင်းက လူရွယ်လူကြီး အားလုံးကို စက်တင်ဘာလလောက်မှာ COVID-19 ကာကွယ်ဆေးထိုးပေးဖို့ လုပ်မှာဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဥရောပမှာ COVID-19 နဲ့ သေဆုံးမှုအများဆုံး ဖြစ်နေတဲ့ ဗြိတိန်နိုင်ငံမှာ ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown ချ ပိတ်ပင်ထားတာဖြစ်ပြီး ကျောင်းတွေ၊ မရှိမဖြစ် ဈေးဆိုင်တွေမှအပ စီးပွားရေးလုပ်ငန်း အားလုံးကို ပိတ်ပြီး နေအိမ်တွေကနေ လုပ်လို့ရတဲ့သူတွေ ရုံးမသွားဖို့ အမိန့်ထုတ်ပြန်ထားတာပါ။

နေအိမ်တွေမှာ စောင့်ရှောက်ကုသမှု ခံယူနေသူတွေ အပါအဝင် သက်ကြီးပိုင်းတွေ၊ ခံနိုင်ရည် အားနည်းသူတွေနဲ့ ကျန်းမာရေးလုပ်သားတွေ အပါအဝင် နိုင်ငံသား ၁၃ သန်းကျော်လောက်ကို ဖေဖော်ဝါရီလလယ်လောက်မှာ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ဝန်ကြီးချုပ် Boris Johnson စီစဉ်တဲ့အတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Raab က ပြောပါတယ်။

တကယ်လို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာရင် Lockdown ချ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့ပါ စဉ်းစားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘာတလွှားမှာ ဒီရောဂါ ကူးစက်ခံရသူ ၉၄ သန်းခွဲကျော် ဖြစ်နေချိန်မှာပဲ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တသန်းဖြစ်သွားပြီး စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ဗြိတိန်နိုင်ငံမှာ တွေ့နေရတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုလည်း တွေ့ရှိနေရတယ်လို့ ခရိုင် လူထုကျန်းမာရေးဌာန အကြီးအကဲ Dr. Barbara Ferrer ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG