သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

app ျပႆနာေၾကာင့္ အိႏိၵယ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံမႈ ထင္တိုင္းမေပါက္


နယူးေဒလီၿမိဳ႕မွာ ကုိဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံမွာ စေနေန႔က COVID-19 ကာကြယ္ေဆး စတင္ထိုးႏွံရာမွာ စီမံေဆာင္ရြက္ဖို႔ အသံုးျပဳတဲ့ အက္ပလီေကးရွင္းမွာ ခ်ဳိ႕ယြင္းခ်က္ေတြ ရွိခဲ့တာေၾကာင့္ ျပည္နယ္တခ်ဳိ႕မွာ ေႏွာင့္ေႏွးၾကန္႔ၾကာမႈ အနည္းငယ္ရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဇန္နဝါရီလ ၁၆ ရက္ေန႔က စတင္တဲ့ အစီအစဥ္ကို ကမၻာ့အႀကီးဆံုး COVID-19 ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္အျဖစ္ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi အစိုးရက ေၾကညာခဲ့ပါတယ္။

အိႏၵိယမွာ ကပ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ဖို႔အတြက္ လူဦးေရ သန္း ၃၀၀ ေလာက္ကို ကာကြယ္ေဆးထိုးေပးဖို႔ အစိုးရက ရည္ရြယ္ထားပါတယ္။ လက္ရွိ အိႏၵိယႏိုင္ငံဟာ ကမၻာမွာ အေမရိကန္ျပည္ေထာင္စုၿပီးရင္ ဒုတိယေျမာက္ ကို႐ုိနာဗိုင္းရပ္စ္ကူးစက္မႈ အမ်ားဆံုးႏိုင္ငံအျဖစ္ ရွိေနပါတယ္။

စေနေန႔က အိႏၵိယမွာ ပထမဦးဆံုးေန႔အျဖစ္ လူေပါင္း ၃၀၀,၀၀၀ ေက်ာ္ကို ကာကြယ္ေဆးထိုးဖို႔ ရည္ရြယ္ခဲ့ေပမယ့္ တရားဝင္ကိန္းဂဏန္း ထုတ္ျပန္ခ်က္ေတြအရ လူဦးေရ ၁၉၁,၁၈၁ ဦးသာ အထုိးခံခဲ့ရတယ္လို႔ ေဖာ္ျပပါတယ္။

အနည္းဆံုး ျပည္နယ္ ၄ ျပည္နယ္မွာ စေနေန႔က က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ကာကြယ္ေဆးထိုးဖို႔ သူတို႔ဆီကို အစိုးရက တယ္လီဖုန္း အက္ပလီေကးရွင္း ဒါမွမဟုတ္ မက္ေဆ့ခ်္ကေနတဆင့္ ေပးပို႔တဲ့ Co-Win ဆိုတာကို လက္ခံမရရွိခဲ့ၾကဘူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ျပည္နယ္တခုမွာေတာ့ ဒီလို ခ်ဳိ႕ယြင္းခ်က္နဲ႔ ပတ္သက္လို႔ မေန႔ တနဂၤေႏြေန႔အထိ ေျဖရွင္းလို႔မရေသးေၾကာင္း တာဝန္ရွိသူေတြဘက္က ေျပာပါတယ္။

အိႏၵိယအစိုးရက ျပဳလုပ္ထားတဲ့ Co-Win အက္ပလီေကးရွင္းဟာ က်န္းမာေရးဝန္ထမ္းေတြအတြက္ ကာကြယ္ေဆး ပထမဆံုး ဦးစားေပးထိုးဖို႔ သတိေပးခ်က္ ျဖစ္ပါတယ္။ အစိုးရအရာရွိေတြအေနနဲ႔ ဒီ အက္ပလီေကးရွင္း အစီအစဥ္ကို ေစာင့္ၾကည့္ႀကီးၾကပ္ဖို႔လည္း ခြင့္ျပဳထားပါတယ္။

အေနာက္ဘက္ Maharashtra ျပည္နယ္က က်န္းမာေရးဌာန အႀကီးတန္းအရာရွိတဦးက ႐ုိက္တာသတင္းဌာနကို ေျပာျပခ်က္အရ စေနေန႔က လူေပါင္း ၂၈,၅၀၀ ကို ကာကြယ္ေဆးထိုးဖို႔ စီစဥ္ခဲ့ေပမယ့္ Co-Win အက္ပလီေကးရွင္း အမွားအယြင္းေတြေၾကာင့္ ၁၈,၃၂၈ ဦးကိုသာ ကာကြယ္ေဆးဖိုး ေပးႏုိင္ခဲ့တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

app ပြဿနာကြောင့် အိန္ဒိယ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ထင်တိုင်းမပေါက်

အိန္ဒိယနိုင်ငံမှာ စနေနေ့က COVID-19 ကာကွယ်ဆေး စတင်ထိုးနှံရာမှာ စီမံဆောင်ရွက်ဖို့ အသုံးပြုတဲ့ အက်ပလီကေးရှင်းမှာ ချို့ယွင်းချက်တွေ ရှိခဲ့တာကြောင့် ပြည်နယ်တချို့မှာ နှောင့်နှေးကြန့်ကြာမှု အနည်းငယ်ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်တဲ့ အစီအစဉ်ကို ကမ္ဘာ့အကြီးဆုံး COVID-19 ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် Narendra Modi အစိုးရက ကြေညာခဲ့ပါတယ်။

အိန္ဒိယမှာ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ဖို့အတွက် လူဦးရေ သန်း ၃၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးဖို့ အစိုးရက ရည်ရွယ်ထားပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။

စနေနေ့က အိန္ဒိယမှာ ပထမဦးဆုံးနေ့အဖြစ် လူပေါင်း ၃၀၀,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးဖို့ ရည်ရွယ်ခဲ့ပေမယ့် တရားဝင်ကိန်းဂဏန်း ထုတ်ပြန်ချက်တွေအရ လူဦးရေ ၁၉၁,၁၈၁ ဦးသာ အထိုးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အနည်းဆုံး ပြည်နယ် ၄ ပြည်နယ်မှာ စနေနေ့က ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ သူတို့ဆီကို အစိုးရက တယ်လီဖုန်း အက်ပလီကေးရှင်း ဒါမှမဟုတ် မက်ဆေ့ချ်ကနေတဆင့် ပေးပို့တဲ့ Co-Win ဆိုတာကို လက်ခံမရရှိခဲ့ကြဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်နယ်တခုမှာတော့ ဒီလို ချို့ယွင်းချက်နဲ့ ပတ်သက်လို့ မနေ့ တနင်္ဂနွေနေ့အထိ ဖြေရှင်းလို့မရသေးကြောင်း တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

အိန္ဒိယအစိုးရက ပြုလုပ်ထားတဲ့ Co-Win အက်ပလီကေးရှင်းဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ဆေး ပထမဆုံး ဦးစားပေးထိုးဖို့ သတိပေးချက် ဖြစ်ပါတယ်။ အစိုးရအရာရှိတွေအနေနဲ့ ဒီ အက်ပလီကေးရှင်း အစီအစဉ်ကို စောင့်ကြည့်ကြီးကြပ်ဖို့လည်း ခွင့်ပြုထားပါတယ်။

အနောက်ဘက် Maharashtra ပြည်နယ်က ကျန်းမာရေးဌာန အကြီးတန်းအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပြချက်အရ စနေနေ့က လူပေါင်း ၂၈,၅၀၀ ကို ကာကွယ်ဆေးထိုးဖို့ စီစဉ်ခဲ့ပေမယ့် Co-Win အက်ပလီကေးရှင်း အမှားအယွင်းတွေကြောင့် ၁၈,၃၂၈ ဦးကိုသာ ကာကွယ်ဆေးဖိုး ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG