သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြအထိ ကုိဗစ္ကာကြယ္ေဆး အိႏၵိယအစုိးရ ပုိ႔ေပးေန


အိႏၵိယႏုိင္ငံ နယူးေဒလီမွာ ကုိဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 ကာကြယ္ေဆး အေျမာက္အျမား ထိုးႏွံေပးေရး အစီအစဥ္ကို စတင္လုပ္ေဆာင္ေနၿပီျဖစ္တဲ့ အိႏၵိယႏုိင္ငံမွာ ကာကြယ္ေဆးေတြ ေဝးလံေခါင္းဖ်ားတဲ့ ေဒသေတြတိုင္ေအာင္ ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။

ၾကာသပေတးေန႔က ႏုိင္ငံရဲ႕ ေျမာက္ဖ်ားက ေဝးလံေခါင္ဖ်ားတဲ့ ဟိမဝႏၲာေဒသ Ladakh ျပည္ေထာင္စုနယ္ေျမကစလို႔ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ခ်င္းထိေနတဲ့ Nagaland နာဂနယ္ေျမအဆုံး ကာကြယ္ေဆးေတြ ေရာက္ရွိသြားၿပီလို႔ အိႏၵိယ က်န္းမာေရး တာဝန္ရွိသူေတြကို ကိုကားၿပီး ႐ုိက္တာသတင္းက ေျပာပါတယ္။

“ထိုးေဆးေပါင္း ၁၁,၅၀၀ ကို ဒီကေန႔ လက္ခံရရွိပါတယ္။ အဲဒီေဆးေတြက Ladakh ျပည္ေထာင္စုနယ္ေျမအတြက္ျဖစ္ၿပီး က်န္းမာေရးဝန္ထမ္းေတြနဲ႔ အိႏၵိယစစ္တပ္က တပ္ဖြဲ႔ဝင္ေတြကို ထိုးႏွံေပးမွာျဖစ္တယ္” လုိ႔ Ladakh ျပည္ေထာင္စုနယ္ေျမ က်န္းမာေရးအရာရွိ Dr. Phuntsog Angchuk က ေျပာပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ လူအေျမာက္အေျမားကို ကာကြယ္ေဆး ထိုးႏွံေပးေရး အစီအစဥ္အရ ကာကြယ္ထိုးေဆးေတြကို ဇန္နဝါရီလ ၁၆ ရက္ စေနေန႔ကစလို႔ က်န္းမာေရးဝန္ထမ္းေတြနဲ႔ လူေတြနဲ႔ ထိေတြ႔ဆက္ဆံၿပီး မျဖစ္မေန အလုပ္လုပ္ေနရသူေတြကို စတင္ထိုးေပးမွာ ျဖစ္ပါတယ္။ အိႏၵိယရဲ႕ ကာကြယ္ေဆးထိုးႏွံေရး အစီအစဥ္က ကမၻာေပၚမွာ အႀကီးမားဆုံးလို႔လည္း အိႏၵိယအစိုးရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအထိ ကိုဗစ်ကာကွယ်ဆေး အိန္ဒိယအစိုးရ ပို့ပေးနေ

COVID-19 ကာကွယ်ဆေး အမြောက်အမြား ထိုးနှံပေးရေး အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးတွေ ဝေးလံခေါင်းဖျားတဲ့ ဒေသတွေတိုင်အောင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ကြာသပတေးနေ့က နိုင်ငံရဲ့ မြောက်ဖျားက ဝေးလံခေါင်ဖျားတဲ့ ဟိမဝန္တာဒေသ Ladakh ပြည်ထောင်စုနယ်မြေကစလို့ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိနေတဲ့ Nagaland နာဂနယ်မြေအဆုံး ကာကွယ်ဆေးတွေ ရောက်ရှိသွားပြီလို့ အိန္ဒိယ ကျန်းမာရေး တာဝန်ရှိသူတွေကို ကိုကားပြီး ရိုက်တာသတင်းက ပြောပါတယ်။

“ထိုးဆေးပေါင်း ၁၁,၅၀၀ ကို ဒီကနေ့ လက်ခံရရှိပါတယ်။ အဲဒီဆေးတွေက Ladakh ပြည်ထောင်စုနယ်မြေအတွက်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ အိန္ဒိယစစ်တပ်က တပ်ဖွဲ့ဝင်တွေကို ထိုးနှံပေးမှာဖြစ်တယ်” လို့ Ladakh ပြည်ထောင်စုနယ်မြေ ကျန်းမာရေးအရာရှိ Dr. Phuntsog Angchuk က ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လူအမြောက်အမြေားကို ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်အရ ကာကွယ်ထိုးဆေးတွေကို ဇန်နဝါရီလ ၁၆ ရက် စနေနေ့ကစလို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံပြီး မဖြစ်မနေ အလုပ်လုပ်နေရသူတွေကို စတင်ထိုးပေးမှာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်က ကမ္ဘာပေါ်မှာ အကြီးမားဆုံးလို့လည်း အိန္ဒိယအစိုးရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG