သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝေဒသ ကိုဗစ္ပိုးကူးစက္မႈတိုးလာ


ဝ ျပည္နယ္မွာ ေတြ႔ရတဲ့ PPE ဝတ္စံုဝတ္ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕။ (ဓာတ္ပံု - Nyi Rang - ဇန္နဝါရီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

တုိင္းရင္းသားလက္နက္ကုိင္ အင္အားႀကီးအဖဲြ႔တခုျဖစ္တဲ့ UWSA ဝ တပ္ဖဲြ႔ ထိန္းခ်ဳပ္ရာေဒသမွာ ကိုဗစ္ေရာဂါပိုး ကူးစက္သူ လူနာသစ္ေတြ တုိးလာေနခ်ိန္မွာပဲ NDAA လက္နက္ကုိင္အဖဲြ႔ ထိန္းခ်ဳပ္ရာ မိုင္းလားၿမိဳ ႔မွာေတာ့ ကန္႔သတ္ခ်က္ေတြ ေျဖေလ်ာ့ဖုိ႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္ႏုိင္ငံနဲ႔နယ္စပ္ UWSA ၀တပ္ဖဲြ႔ ထိန္းခ်ဳပ္ရာေဒသမွာ ဇန္န၀ါရီလ ၁၁ ရက္ေန႔အထိ COVID 19 ပုိးေတြ႔လူနာ ၁၅၃ ဦးရိွရာက ၁၇ ရက္ေန႔မွာ ပိုးေတြ႔လူနာ ၂၉၉ ဦးအထိ တိုးလာပါတယ္။ ဓာတ္ခဲြစမ္းသပ္စစ္ေဆးမႈေတြ တုိးျမွင့္ေဆာင္ရြက္လာရာက တစ္ပတ္အတြင္း ေရာဂါပိုးရိွသူ အတည္ျပဳလူနာ ၁၄၆ ဦး ထပ္မံ ေတြ႔ရိွခဲ့တာလုိ႔လည္း UWSA လားရိႈးဆက္ဆံေရးရံုးတာ၀န္ခံ ဦးညီရန္းက VOA ကို ေျပာပါတယ္။

“ဒီတေလာေပါ့ေနာ္... တစ္ျပည္နယ္လံုး အတိုင္းအတာနဲ႔ နမူနာတို႔ဖတ္ေတြ အားလံုးစစ္ေနတဲ့အခါက်ေတာ့ စစ္တဲ့သူမ်ားလာတာနဲ႔ အမွ် ဒီေတြ႔ရိွမႈကလည္း နည္းနည္းတက္လာတာေပါ့ေနာ္။ မေန႔က အထိဆုိရင္ေတာ့ စစ္တဲ့သူက ၃၀၀,၀၀၀ နီးနီးေလာက္ေတာင္ရိွၿပီေလ။ က်ေနာ္တုိ႔ ျပည္နယ္ရဲ့ တစ္၀က္နီးနီးေလာက္ စစ္ၿပီးသြားၿပီေပါ့။ ေန႔စဥ္နဲ႔အမွ်လည္း စစ္ေဆးမႈေတြ လုပ္ေနတယ္။ ၿပီးေတာ့ Negative ျပန္ျပတဲ့လူေတြလည္း ေဆးရံုကဆင္းၿပီးတဲ့လူေတြလည္း အေယာက္ ၅၀ ေလာက္ရိွၿပီဆုိေတာ့ က်ေနာ္တုိ႔ ေတာ္ေတာ္ထိန္းႏိုင္တဲ့ အေျခအေနမွာ ရိွေနပါတယ္ေနာ္။”

၀ ေဒသမွာ ဒီဇင္ဘာလ ၁၅ ရက္ေန႔က ပထမဆံုး COVID 19 ေရာဂါ ပိုးေတြ႔ရိွတာျဖစ္ၿပီး အခုအခ်ိန္ထိေတာ့ ေသဆံုးသူ မရိွေသးေၾကာင္းလည္း ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ COVID 19 ေရာဂါကို ထိေရာက္စြာ ကာကြယ္ႏိုင္ဖို႔အတြက္ ပန္ဆန္းၿမိဳ႕မွာ ဒီလ ၆ ရက္ေန႔ကစ ထုတ္ျပန္ထားတဲ့ အသြားအလာကန္႔သတ္ တားျမစ္ခ်က္ကုိလည္း ဒီလကုန္အထိ သက္တမ္းတိုးထားၿပီး၊ ေဒသခံေတြ အေနနဲ႔ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ စည္းကမ္းေတြကို တိတိက်က် လုိက္နာဖုိ႔လည္း ပန္ဆန္းၿမိဳ႕ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအဖဲြ႔က သတိေပးထားပါတယ္။

၀ေဒသနဲ႔ ဆက္စပ္ေနတဲ့ မိုင္းလားေဒသလို႔ လူသိမ်ားတဲ့ အထူးေဒသ ၄ မွာေတာ့ ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ ကုိဗစ္ေရာဂါပိုး ကူးစက္သူ စတင္ေတြ႔ခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္ မိုင္းလားကို ဒီဇင္ဘာလ ၂၅ ရက္ေန႔ကစ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္တားျမစ္ထားေပမဲ့ ဒီတပတ္ထဲမွာပဲ ျပန္လည္ေလွ်ာ့ေပါ့ေပးဖုိ႔ စီစဥ္ထားေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။

လတ္တေလာ ကန္႔သတ္ထိန္းခ်ဳပ္ထားတဲ့ အေျခအေနကိုေတာ့ မုိင္းလားၿမိဳ႕မွာ အလုပ္လုပ္ကိုင္ေနသူတစ္ဦးက အခုလို ေျပာပါတယ္။

“မိုင္းလားမွာက ဘာမွ မျဖစ္ဘူး။ လံုၿခံဳတယ္။ အခုေလာေလာဆယ္က အကုန္လံုး Lockdown ထားတယ္။ ဘာမွ မဖြင့္ေသးဘူး။ ေလာေလာဆယ္ အကုန္ပိတ္ထားတယ္။ ဒါေပမဲ့ ပစၥည္းမွာလုိ႔ရိွရင္ ပို႔တာေပါ့။ ဘယ္ေတာ့ ၿပီးမလဲ ဆုိေတာ့ ၂၁ ရက္ေန႔မွ အဆင္ေျပမယ္ထင္တယ္။ အဲဒီလုိ ေျပာထားတယ္။ အဲဒါလည္း မေသခ်ာေသးဘူးေလ။ အစက တစ္ပတ္ပဲေျပာထားတယ္။ ေနာက္ေတာ့ ၁၅ ရက္လုိ႔ ေျပာတယ္။ ”

မိုင္းလား အထူးေဒသမွာ ကုိဗစ္ေရာဂါ ကာကြယ္တားဆီးထိန္းခ်ဳပ္ေရးအတြက္ တရုတ္ႏိုင္ငံက က်န္းမာေရးအဖဲြ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေနၿပီး ေဒသခံ ၈၅,၀၀၀ ေက်ာ္ကုိ ဓာတ္ခဲြစစ္ေဆးထားေၾကာင္းလည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

ဒီလ ၁၄ ရက္ေန႔ကေတာ့ ဝေဒသ မိုင္းဖ်န္ၿမိဳ႕ စီးကရက္စက္ရံုက လုပ္သား ၁၅၀ ေက်ာ္ကို ၀ေဒသမွာ ေဆးစစ္ၿပီး ေနရပ္ျပန္ပုိ႔စဥ္မွာ မိုင္းလားေဒသမွာ ပိတ္မိေနခဲ့ပါတယ္။ ဒီလ ၁၇ ရက္မွာ က်ိဳင္းတံုခရိုင္ COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးေကာ္မတီက ေနရန္ျပန္ႏိုင္ေရး စီစဥ္ေပးခဲ့သလို ေဒသခံအာဏာပိုင္ေတြကလည္း ဒီလို ပို႔ေဆာင္ရာမွာ တရား၀င္ အေၾကာင္းၾကားေဆာင္ရြက္ဖုိ႔ တုိက္တြန္းတာေတြ ရိွခဲ့ပါတယ္။

ဝေဒသ ကိုဗစ္ပိုးကူးစက္မႈတိုးလာ
please wait

No media source currently available

0:00 0:03:32 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဝဒေသ ကိုဗစ်ပိုးကူးစက်မှုတိုးလာ

တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီးအဖွဲ့တခုဖြစ်တဲ့ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ လူနာသစ်တွေ တိုးလာနေချိန်မှာပဲ NDAA လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာ မိုင်းလားမြို့မှာတော့ ကန့်သတ်ချက်တွေ ဖြေလျော့ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံနဲ့နယ်စပ် UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ COVID 19 ပိုးတွေ့လူနာ ၁၅၃ ဦးရှိရာက ၁၇ ရက်နေ့မှာ ပိုးတွေ့လူနာ ၂၉၉ ဦးအထိ တိုးလာပါတယ်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်လာရာက တစ်ပတ်အတွင်း ရောဂါပိုးရှိသူ အတည်ပြုလူနာ ၁၄၆ ဦး ထပ်မံ တွေ့ရှိခဲ့တာလို့လည်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက VOA ကို ပြောပါတယ်။

“ဒီတလောပေါ့နော်... တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ နမူနာတို့ဖတ်တွေ အားလုံးစစ်နေတဲ့အခါကျတော့ စစ်တဲ့သူများလာတာနဲ့ အမျှ ဒီတွေ့ရှိမှုကလည်း နည်းနည်းတက်လာတာပေါ့နော်။ မနေ့က အထိဆိုရင်တော့ စစ်တဲ့သူက ၃၀၀,၀၀၀ နီးနီးလောက်တောင်ရှိပြီလေ။ ကျနော်တို့ ပြည်နယ်ရဲ့ တစ်ဝက်နီးနီးလောက် စစ်ပြီးသွားပြီပေါ့။ နေ့စဉ်နဲ့အမျှလည်း စစ်ဆေးမှုတွေ လုပ်နေတယ်။ ပြီးတော့ Negative ပြန်ပြတဲ့လူတွေလည်း ဆေးရုံကဆင်းပြီးတဲ့လူတွေလည်း အယောက် ၅၀ လောက်ရှိပြီဆိုတော့ ကျနော်တို့ တော်တော်ထိန်းနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်နော်။”

၀ ဒေသမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပထမဆုံး COVID 19 ရောဂါ ပိုးတွေ့ရှိတာဖြစ်ပြီး အခုအချိန်ထိတော့ သေဆုံးသူ မရှိသေးကြောင်းလည်း ပြောပါတယ်။

လောလောဆယ်မှာတော့ COVID 19 ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် ပန်ဆန်းမြို့မှာ ဒီလ ၆ ရက်နေ့ကစ ထုတ်ပြန်ထားတဲ့ အသွားအလာကန့်သတ် တားမြစ်ချက်ကိုလည်း ဒီလကုန်အထိ သက်တမ်းတိုးထားပြီး၊ ဒေသခံတွေ အနေနဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့လည်း ပန်ဆန်းမြို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ဝဒေသနဲ့ ဆက်စပ်နေတဲ့ မိုင်းလားဒေသလို့ လူသိများတဲ့ အထူးဒေသ ၄ မှာတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ စတင်တွေ့ခဲ့ပြီးနောက် မြို့တော် မိုင်းလားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ကစ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တားမြစ်ထားပေမဲ့ ဒီတပတ်ထဲမှာပဲ ပြန်လည်လျှော့ပေါ့ပေးဖို့ စီစဉ်ထားကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလော ကန့်သတ်ထိန်းချုပ်ထားတဲ့ အခြေအနေကိုတော့ မိုင်းလားမြို့မှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက အခုလို ပြောပါတယ်။

“မိုင်းလားမှာက ဘာမှ မဖြစ်ဘူး။ လုံခြုံတယ်။ အခုလောလောဆယ်က အကုန်လုံး Lockdown ထားတယ်။ ဘာမှ မဖွင့်သေးဘူး။ လောလောဆယ် အကုန်ပိတ်ထားတယ်။ ဒါပေမဲ့ ပစ္စည်းမှာလို့ရှိရင် ပို့တာပေါ့။ ဘယ်တော့ ပြီးမလဲ ဆိုတော့ ၂၁ ရက်နေ့မှ အဆင်ပြေမယ်ထင်တယ်။ အဲဒီလို ပြောထားတယ်။ အဲဒါလည်း မသေချာသေးဘူးလေ။ အစက တစ်ပတ်ပဲပြောထားတယ်။ နောက်တော့ ၁၅ ရက်လို့ ပြောတယ်။ ”

မိုင်းလား အထူးဒေသမှာ ကိုဗစ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဒေသခံ ၈၅,၀၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးထားကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလ ၁၄ ရက်နေ့ကတော့ ဝဒေသ မိုင်းဖျန်မြို့ စီးကရက်စက်ရုံက လုပ်သား ၁၅၀ ကျော်ကို ဝဒေသမှာ ဆေးစစ်ပြီး နေရပ်ပြန်ပို့စဉ်မှာ မိုင်းလားဒေသမှာ ပိတ်မိနေခဲ့ပါတယ်။ ဒီလ ၁၇ ရက်မှာ ကျိုင်းတုံခရိုင် COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီက နေရန်ပြန်နိုင်ရေး စီစဉ်ပေးခဲ့သလို ဒေသခံအာဏာပိုင်တွေကလည်း ဒီလို ပို့ဆောင်ရာမှာ တရားဝင် အကြောင်းကြားဆောင်ရွက်ဖို့ တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG