သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့ၿငိမ္းခ်မ္းေရးႏွင့္ ကိုဗစ္ကပ္ေရာဂါ ကင္းေဝးေရး ဗုဒၶဂါယာ ဝတ္ျပဳဆုေတာင္းပဲြ


မဟာေဗာဓိ ဘုရားေက်ာင္းမွာ သံဃာေတာ္ေတြ ဆုေတာင္းေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယအေရွ႕ပိုင္း ဗုဒၶဂါယာမွာ ၁၀ ရက္ၾကာ က်င္းပေနတဲ့ “Nyingma Monlam” ပြဲေတာ္အတြင္း ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးေတြဟာ ကမာၻ႔ၿငိမ္းခ်မ္းေရး အပါအဝင္ COVID-19 ကပ္ေရာဂါႀကီး ပေပ်ာက္ေအာင္ ဆုေတာင္းပြဲေတြ ျပဳလုပ္ေနပါတယ္။ ကပ္ေရာဂါကာလ ဘုန္းေတာ္ႀကီး အပါး ၁၀၀ ေလာက္ပါဝင္တဲ့ ဆုေတာင္းပဲြေတြအတြက္ သက္ဆိုင္ရာ တာဝန္ရွိသူေတြရဲ႕ အထူးခြင့္ျပဳခ်က္ ယူခဲ့ရေၾကာင္း ဘုန္းေတာ္ႀကီးတပါးက အခုလို မိန္႔ၾကားပါတယ္။

“ဘုန္းႀကီးအပါး ၁၀၀ ဝန္းက်င္ေလာက္ရွိတယ္။ အခုလို ဆုေတာင္းပဲြေတြအတြက္ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ BTMC ဗုဒၶဂါယာ ဘုရားေက်ာင္း အုပ္ခ်ဳပ္ေရးေကာ္မတီနဲ႔ ဂါယာခ႐ုိင္က တာဝန္ရွိသူေတြဆီကေန အထူးခြင့္ျပဳခ်က္ ရယူခဲ့ရပါတယ္။ ေနာက္ၿပီး တဦးနဲ႔တဦး အကြာအေဝးနဲ႔ေနၿပီး ဆုေတာင္း ဝတ္ျပဳၾကပါတယ္။”

ဗုဒၶဘာသာဝင္ေတြ အထြတ္အျမတ္ထားတဲ့ မဟာေဗာဓိ ဘုရားေက်ာင္းမွာ သံဃာေတာ္ေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ သဟဇာတျဖစ္ေရး၊ ကပ္ေရာဂါဆိုးႀကီး ပေပ်ာက္ေရးအတြက္ တရားစာေတြ ရြတ္ဆို ဆုေတာင္းခဲ့ၾကပါတယ္။

အခုလို ႏွစ္စဥ္က်င္းပတဲ့ ဆုေတာင္းပဲြအခမ္းအနားကို ေထာင္နဲ႔ခ်ီၿပီး ဗုဒၶဘာသာဝင္ေတြ၊ သံဃာေတာ္ေတြ စုေဝးတက္ေရာက္ေလ့ ရွိပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ ကပ္ေရာဂါအေျခအေနေၾကာင့္ ဘုန္းေတာ္ႀကီး အပါး ၁၀၀ ေလာက္ပဲ စုေဝး ဆုေတာင္းခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ကိုဗစ်ကပ်ရောဂါ ကင်းဝေးရေး ဗုဒ္ဓဂါယာ ဝတ်ပြုဆုတောင်းပွဲ

အိန္ဒိယအရှေ့ပိုင်း ဗုဒ္ဓဂါယာမှာ ၁၀ ရက်ကြာ ကျင်းပနေတဲ့ “Nyingma Monlam” ပွဲတော်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အပါအဝင် COVID-19 ကပ်ရောဂါကြီး ပပျောက်အောင် ဆုတောင်းပွဲတွေ ပြုလုပ်နေပါတယ်။

ကပ်ရောဂါကာလ ဘုန်းတော်ကြီး အပါး ၁၀၀ လောက်ပါဝင်တဲ့ ဆုတောင်းပွဲတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အထူးခွင့်ပြုချက် ယူခဲ့ရကြောင်း ဘုန်းတော်ကြီးတပါးက အခုလို မိန့်ကြားပါတယ်။

“ဘုန်းကြီးအပါး ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ အခုလို ဆုတောင်းပွဲတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် BTMC ဗုဒ္ဓဂါယာ ဘုရားကျောင်း အုပ်ချုပ်ရေးကော်မတီနဲ့ ဂါယာခရိုင်က တာဝန်ရှိသူတွေဆီကနေ အထူးခွင့်ပြုချက် ရယူခဲ့ရပါတယ်။ နောက်ပြီး တဦးနဲ့တဦး အကွာအဝေးနဲ့နေပြီး ဆုတောင်း ဝတ်ပြုကြပါတယ်။”

ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ မဟာဗောဓိ ဘုရားကျောင်းမှာ သံဃာတော်တွေဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး၊ ကပ်ရောဂါဆိုးကြီး ပပျောက်ရေးအတွက် တရားစာတွေ ရွတ်ဆို ဆုတောင်းခဲ့ကြပါတယ်။

အခုလို နှစ်စဉ်ကျင်းပတဲ့ ဆုတောင်းပွဲအခမ်းအနားကို ထောင်နဲ့ချီပြီး ဗုဒ္ဓဘာသာဝင်တွေ၊ သံဃာတော်တွေ စုဝေးတက်ရောက်လေ့ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကပ်ရောဂါအခြေအနေကြောင့် ဘုန်းတော်ကြီး အပါး ၁၀၀ လောက်ပဲ စုဝေး ဆုတောင်းခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG