သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားညီညွတ်ရေးအတွက် Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဆော်သြမည်

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden. (ဇန်နဝါရီ ၁၄၊ ၂၀၂၁)
အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden. (ဇန်နဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောကြားမယ့်မိန့်ခွန်းမှာ အရွေးကောက်ခံသမ္မတ Joe Biden က နိုင်ငံတွင်း စည်းလုံးညီညွတ်ရေးအတွက် အဓိကပန်ကြားဖို့ရှိကြောင်း အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲအဖြစ် တာဝန်ယူတော့မယ့် Ron Klain က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Joe Biden ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ချက်ချင်းလုပ်ဆောင်ဖို့နဲ့ သမ္မတ Donald Trump ရဲ့ အငြင်းပွားဖွယ်အဖြစ်ဆုံး မူဝါဒတချို့ကို ပြောင်းလဲပစ်ဖို့ လုပ်ဆောင်ဖို့ စီစဉ်နေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် သူကျမ်းသစ္စာကျိန်ဆိုအပြီး နာရီပိုင်းအတွင်းမှာပဲ သမ္မတအခွင့်အာဏာကို သုံးပြီး လုပ်ဆောင်မှု အများအပြားကို လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒါဟာ လွှတ်တော်ကို မစောင့်တော့ဘဲ ၁၀ ရက်အတွင်း နိုင်ငံအပြောင်းအလဲတွေ တဟုန်ထိုးလုပ်ဖို့ ဖြစ်ကြောင်းလည်း Ron Klain က ပြောပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲမှာ နိုင်ငံတော်ကိုပြောကြားမယ့် Joe Biden ရဲ့မိန့်ခွန်းမှာ နိုင်ငံခရီးကို ရှေ့ဆက်ကြဖို့၊ စည်းလုံးညီညွတ်ကြဖို့နဲ့ လုပ်စရာရှိတာတွေ ပြီးအောင် လုပ်ကြဖို့ သတင်းစကားပါးမှာ ဖြစ်ကြောင်းလည်း Klain က CNN ရုပ်သံကို ပြောကြားခဲ့တာပါ။

မွတ်စလင်အများစုရှိတဲ့ နိုင်ငံတချို့ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်မှုအတွက် သမ္မတ Trump ချမှတ်ထားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်မှုကို အဆုံးသတ်ဖို့၊ ပါရီ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ်မှာ ပြန်ပါဖို့နဲ့ ပြည်တွင်းခရီးသွားချိန်နဲ့ အစိုးရအဆောက်အဦးတွေထဲမှာဆို နှာခေါင်းစည်းတပ်ဖို့ အမိန့်တွေကို Joe Biden က ထုတ်ပြန်ဖို့ရှိကြောင်းလည်း ပြောပါတယ်။

သမ္မတတာဝန်ယူပြီး ဒုတိယနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေပြန်ဖွင့်ဖို့၊ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုတွေ တိုးလုပ်ဖို့လို COVID-19 နဲ့ပတ်သက်တဲ့ အမိန့်တွေကို လက်မှတ်ရေးထိုး ထုတ်ပြန်ဖို့ ရှိပါတယ်။

သောကြာနေ့မှာတော့ ကပ်ရောဂါကြောင့် ထိခိုက်နေသူတွေအတွက် ကယ်ဆယ်ကူညီရေး ရန်ပုံငွေတွေ ချထားပေးမှာဖြစ်ကြောင်းလည်း Klain က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတွက် Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဆော်သြမည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









This item is part of
XS
SM
MD
LG