သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ခံသမၼတ Joe Biden အစိုးရဖဲြ႔ၿပီးတာနဲ႔ အုပ္ခ်ဳပ္ေရးအမိန္႔ေတြ ထုတ္ျပန္မည္


အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden. (ဇန္နဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ေရြးေကာက္ခံသမၼတ Joe Biden အေနနဲ႔ လာမယ့္ ဇန္နဝါရီလ ၂၀ ရက္ေန႔ သမၼတ က်မ္းသစၥာက်ိန္ဆိုၿပီး အေစာပိုင္းအခ်ိန္ေတြ အတြင္းမွာပဲ သမၼတအုပ္ခ်ဳပ္ေရး အာဏာကို အသုံးျပဳၿပီး သူ႔အရင္ သမၼတ Trump လက္ထက္ ဆုံးျဖတ္ခဲ့တဲ့ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြကို ေျပာင္းလဲသြားဖို႔ ရွိပါတယ္။

အလားတူပဲ သမၼတအခြင့္အာဏာကို အသုံးျပဳၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ တုံ႔ျပန္ေဆာင္ရြက္ေရးဆိုင္ရာ အမိန္႔ေတြ ထုတ္ျပန္ခ်မွတ္သြားဖို႔လည္း ရွိပါတယ္။

ဒီလိုအမိန္႔ေတြနဲ႔ ပတ္သက္လို႔ ေရြးေကာက္ခံသမၼတ Biden လက္ထက္ တာဝန္ယူမယ့္ အိမ္ျဖဴေတာ္အရာရွိခ်ဳပ္ရဲ႕ စေနေန႔က ထုတ္ျပန္တဲ့ မွတ္တမ္းမွာ ေဖာ္ျပထားတာပါ။

Joe Biden အေနနဲ႔ ကြန္ဂရက္လႊတ္ေတာ္ကို မေစာင့္ဆိုင္းေတာ့ဘဲ တိုင္းျပည္ကို အလ်င္အျမန္ ဦးေဆာင္သြားဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ သမၼတ အခြင့္အာဏာနဲ႔ ထုတ္ျပန္မယ့္ အမိန္႔ေတြကို သူက်မ္းသစၥာက်ိန္ဆိုၿပီး ၁၀ ရက္အတြင္းမွာ ထုတ္ျပန္သြားဖို႔ ရွိပါတယ္။

ဒီလိုထုတ္ျပန္မယ့္ အမိန္႔ေတြထဲမွာ မြတ္စလင္အမ်ားစုရွိတဲ့ ႏိုင္ငံေတြနဲ႔ ပတ္သက္လို႔ သမၼတ Trump ခ်မွတ္ထားခဲ့တဲ့ လူဝင္မႈႀကီးၾကပ္ေရး ကန္႔သတ္ခ်က္ေတြကို အဆုံးသတ္သြားဖို႔၊ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ပါရီသေဘာတူစာခ်ဳပ္မွာ ျပန္လည္ဝင္ေရာက္ဖို႔နဲ႔ ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အစိုးရအေဆာက္အဦ ေနရာေတြနဲ႔ ျပည္နယ္အခ်င္းခ်င္း ကူးလူးသြားလာတဲ့ အခ်ိန္ေတြမွာ ႏွာေခါင္းစည္းေတြ မျဖစ္မေန ဝတ္ဆင္ၾကဖို႔ စတဲ့ အမိန္႔ေတြ ထုတ္ျပန္သြားဖို႔ စီစဥ္ထားပါတယ္။

ဒါ့အျပင္ ေက်ာင္းလခေႂကြးၿမီ ဆိုင္းငံ့အစီအစဥ္ကို သက္တမ္းတိုးျမႇင့္ေပးသြားဖို႔နဲ႔ ကပ္ေရာဂါကာလ အိမ္ငွားခမေပးႏိုင္လို႔ အိမ္ေပၚက ႏွင္ခ်ခံရမယ့္သူေတြနဲ႔ အိမ္ဖိုးအရစ္က် ဘဏ္ေခ်းေငြ မေပးေခ်ႏိုင္တဲ့သူေတြကို အကာအကြယ္ေပးသြားမယ့္ အစီအစဥ္ေတြကို ေဆာင္ရြက္သြားဖို႔လည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရွေးကောက်ခံသမ္မတ Joe Biden အစိုးရဖွဲ့ပြီးတာနဲ့ အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်မည်

ရွေးကောက်ခံသမ္မတ Joe Biden အနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီး အစောပိုင်းအချိန်တွေ အတွင်းမှာပဲ သမ္မတအုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး သူ့အရင် သမ္မတ Trump လက်ထက် ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ပြောင်းလဲသွားဖို့ ရှိပါတယ်။

အလားတူပဲ သမ္မတအခွင့်အာဏာကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမိန့်တွေ ထုတ်ပြန်ချမှတ်သွားဖို့လည်း ရှိပါတယ်။

ဒီလိုအမိန့်တွေနဲ့ ပတ်သက်လို့ ရွေးကောက်ခံသမ္မတ Biden လက်ထက် တာဝန်ယူမယ့် အိမ်ဖြူတော်အရာရှိချုပ်ရဲ့ စနေနေ့က ထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖော်ပြထားတာပါ။

Joe Biden အနေနဲ့ ကွန်ဂရက်လွှတ်တော်ကို မစောင့်ဆိုင်းတော့ဘဲ တိုင်းပြည်ကို အလျင်အမြန် ဦးဆောင်သွားဖို့ ကြိုးပမ်းနေတာကြောင့် သမ္မတ အခွင့်အာဏာနဲ့ ထုတ်ပြန်မယ့် အမိန့်တွေကို သူကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်အတွင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။

ဒီလိုထုတ်ပြန်မယ့် အမိန့်တွေထဲမှာ မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ သမ္မတ Trump ချမှတ်ထားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်တွေကို အဆုံးသတ်သွားဖို့၊ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူစာချုပ်မှာ ပြန်လည်ဝင်ရောက်ဖို့နဲ့ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အစိုးရအဆောက်အဦ နေရာတွေနဲ့ ပြည်နယ်အချင်းချင်း ကူးလူးသွားလာတဲ့ အချိန်တွေမှာ နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ဆင်ကြဖို့ စတဲ့ အမိန့်တွေ ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ကျောင်းလခကြွေးမြီ ဆိုင်းငံ့အစီအစဉ်ကို သက်တမ်းတိုးမြှင့်ပေးသွားဖို့နဲ့ ကပ်ရောဂါကာလ အိမ်ငှားခမပေးနိုင်လို့ အိမ်ပေါ်က နှင်ချခံရမယ့်သူတွေနဲ့ အိမ်ဖိုးအရစ်ကျ ဘဏ်ချေးငွေ မပေးချေနိုင်တဲ့သူတွေကို အကာအကွယ်ပေးသွားမယ့် အစီအစဉ်တွေကို ဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG