သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden က်မ္းသစၥာက်ိန္ဆိုပဲြ နာမည္ေက်ာ္အႏုပညာရွင္မ်ား ပါ၀င္မည္ 


မွတ္တမ္းဓါတ္ပံု- ႏို၀င္ဘာလ ၂ ရက္ေန႔က အႏုပညာရွင္ Lady Gaga ကို ေတြ႔ရစဥ္

(Zawgyi/Unicode)

လာမယ့္ဗုဒၶဟူးေန႔မွာ ၄၆ ဆက္ေျမာက္ အေမရိကန္ သမၼတအျဖစ္ အေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒန္ရဲ့ က်မ္းသစၥာက်ိန္ဆုိပြဲမွာ Lady Gaga က ႏိုင္ငံေတာ္သီခ်င္းကို သီဆိုမွာျဖစ္ၿပီး နာမည္ႀကီး အႏုပညာရွင္ Jennifer Lopez ကေတာ့ အေမရိကန္လႊတ္ေတာ္ အေနာက္မ်က္ႏွာစာမွာ ျပဳလုပ္မယ့္ ဂီတေဖ်ာ္ေျဖမႈကို တင္ဆက္မွာ ျဖစ္ပါတယ္။

TV ရုပ္သံကေန မိနစ္ ၉ ၀ၾကာ ထုတ္လႊင့္ေပးမယ့္ သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲ အထူးအခမ္းအနားကို ရုပ္ရွင္သရုပ္ေဆာင္ Tom Hanks က အခမ္းနားမွဴးလုပ္မယ္လို႔ ေျပာၾကားၿပီးတဲ့ေနာက္ တေန႔မွာပဲ အခုလို နာမည္ႀကီး အႏုပညာရွင္ေတြ ပါဝင္မယ့္ အေၾကာင္း ေၾကညာခ်က္ ထြက္လာတာပါ။ အခမ္းအနားမွာ ပါဝင္ေဖ်ာ္ေျဖမယ့္ အႏုပညာရွင္ေတြထဲမွာ Justin Timberlake ၊ Jon Bon Jovi ၊ Demi Lovato နဲ႔ Ant Clemons တို႔လည္း ပါဝင္ပါတယ္။

က်မ္းသစၥာက်ိန္ဆိုပြဲ မွာ Georgetown တကၠသိုလ္ အႀကီးအကဲေဟာင္းျဖစ္တဲ့ တရားေဟာဆရာ Leo O'Donovan က က်မ္းသစၥာတုိင္ေပးမွာျဖစ္ၿပီး ႏိုင္ငံေတာ္အလံကိုင္တပ္ဖြဲ႔ကိုေတာ့ ေဂ်ာ္ဂ်ီယာျပည္နယ္က မီးသတ္သမား Andrea Hall က ဦးေဆာင္မွာ ျဖစ္ပါတယ္။

အေမရိကန္ လူငယ္ကဗ်ာဆရာမ Amanda Gorman က ဂုဏ္ျပဳကဗ်ာကို ရြတ္ဆိုမွာျဖစ္သလို Delaware ျပည္နယ္ Wilmington က Bethel African မက္သဒစ္ ဘုရားေက်ာင္းက တရားေဟာဆရာ Silvester Beaman က ေကာင္းခ်ီးေပးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲ နာမည်ကျော်အနုပညာရှင်များ ပါဝင်မည်

(Unicode)

လာမယ့်ဗုဒ္ဓဟူးနေ့မှာ ၄၆ ဆက်မြောက် အမေရိကန် သမ္မတအဖြစ် အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ Lady Gaga က နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပြီး နာမည်ကြီး အနုပညာရှင် Jennifer Lopez ကတော့ အမေရိကန်လွှတ်တော် အနောက်မျက်နှာစာမှာ ပြုလုပ်မယ့် ဂီတဖျော်ဖြေမှုကို တင်ဆက်မှာ ဖြစ်ပါတယ်။

TV ရုပ်သံကနေ မိနစ် ၉ ဝကြာ ထုတ်လွှင့်ပေးမယ့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အထူးအခမ်းအနားကို ရုပ်ရှင်သရုပ်ဆောင် Tom Hanks က အခမ်းနားမှူးလုပ်မယ်လို့ ပြောကြားပြီးတဲ့နောက် တနေ့မှာပဲ အခုလို နာမည်ကြီး အနုပညာရှင်တွေ ပါဝင်မယ့် အကြောင်း ကြေညာချက် ထွက်လာတာပါ။ အခမ်းအနားမှာ ပါဝင်ဖျော်ဖြေမယ့် အနုပညာရှင်တွေထဲမှာ Justin Timberlake ၊ Jon Bon Jovi ၊ Demi Lovato နဲ့ Ant Clemons တို့လည်း ပါဝင်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ မှာ Georgetown တက္ကသိုလ် အကြီးအကဲဟောင်းဖြစ်တဲ့ တရားဟောဆရာ Leo O'Donovan က ကျမ်းသစ္စာတိုင်ပေးမှာဖြစ်ပြီး နိုင်ငံတော်အလံကိုင်တပ်ဖွဲ့ကိုတော့ ဂျော်ဂျီယာပြည်နယ်က မီးသတ်သမား Andrea Hall က ဦးဆောင်မှာ ဖြစ်ပါတယ်။

အမေရိကန် လူငယ်ကဗျာဆရာမ Amanda Gorman က ဂုဏ်ပြုကဗျာကို ရွတ်ဆိုမှာဖြစ်သလို Delaware ပြည်နယ် Wilmington က Bethel African မက်သဒစ် ဘုရားကျောင်းက တရားဟောဆရာ Silvester Beaman က ကောင်းချီးပေးမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG