သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွရဲ႕ ကားတာယာ တင္သြင္းမႈ အေပၚ သမၼတ Trump ပစ္မွတ္ထားတဲ႔ အေၾကာင္းရင္း


(Zawgyi/ Unicode)

အာရွ ႏုိင္ငံ ေလးခုက ထုတ္လုပ္တဲ႔ ကားတာယာ တင္သြင္းမႈမွာ အထူး သြင္းကုန္ခြန္ စည္းၾကပ္ဖို႔ အေမရိကန္ဘက္က ပဏာမ ဆံုးျဖတ္ခ်က္ေၾကာင့္ ဒီႏုိင္ငံေတြရဲ႕ ျပည္တြင္း စက္မႈလုပ္ငန္းေတြ အတြက္ အဟန္႔အတား ျဖစ္လာႏိုင္ပါတယ္။ အေမရိကန္ သမၼတ Donald Trump က သမၼတ ရာထူးသက္တမ္း ကုန္ဆံုးခါနီး ေနာက္ဆံုး ရက္ပိုင္းေတြ အတြင္းမွာ ႏုိင္ငံျခား ကုန္သြယ္ေရးကို တင္းတင္းၾကပ္ၾကပ္ ကို္င္တြယ္ဖို႔ အားေပး ေဆာင္ရြက္ေနတဲ႔ အခ်ိန္မွာဘဲ ဒီအေရး ထြက္ေပၚလာတာပါ။ Ralph Jennings ေပးပို႔တဲ႔ ေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

ခရီးသည္တင္ ကားေတြနဲ႔ ကုန္တင္ကား အေသးေတြမွာ သံုးတဲ႔ ကားတာယာေတြကို အခြန္စည္းၾကပ္ဖို႔ အေမရိကန္ ကုန္သြယ္ေရး ၀န္ႀကီးဌာနက ဒီဇင္ဘာလ ၃၀ ရက္ေန႔က ပဏာမ ဆံုးျဖတ္လိုက္ပါတယ္။ ေနာက္ထပ္ စံုစမ္း စစ္ေဆးမႈေတြ လုပ္ၿပီးေနာက္ ေမလ ၁၄ ရက္ေန႔မွာ အၿပီးသတ္ ဆံုးျဖတ္မယ္႔ အေၾကာင္း အေမရိကန္ ကုန္သြယ္ေရး ၀န္ႀကီးဌာနက ေၾကညာထားတာပါ။ ဒီဆံုးျဖတ္ခ်က္ အတည္ျဖစ္လာရင္ေတာ့ ေတာင္ကိုရီးယား၊ ထိုင္၀မ္၊ ထိုင္းနဲ႔ ဗီယက္နမ္ ႏုိင္ငံတို႔က ပို႔ကုန္တင္ပို႔သူေတြ အတြက္ ရိုက္ခတ္ သက္ေရာက္မႈ ရွိမွာ ျဖစ္ပါတယ္။ ဒီအခြန္စည္းၾကပ္မႈက ထိုင္၀မ္ အတြက္ေတာ့ သိသိသာသာ သက္ေရာက္မယ္လို႔ ထိုင္၀မ္ ေရနံဓာတုပစၥည္း ဆိုင္ရာ အတိုင္ပင္ခံလုပ္ငန္း DMI ရဲ႕ အႀကီးအကဲ Danny Ho က ေျပာပါတယ္။

ကုန္ထုတ္လုပ္တဲ႔ ႏုိင္ငံေတြ ဒါမွမဟုတ္လည္း ကုန္ထုတ္လုပ္ငန္းေတြ အေနနဲ႔ သူတို႔ ထုန္ကုန္ေတြကို ျပည္တြင္းမွာ ေရာင္းခ်တဲ႔ ေစ်းႏႈန္းထက္ ႏွိမ့္ၿပီး ျပည္ပကို တင္ပို႔မႈကိုေတာ့ ျပည္တြင္းမွာ ေရာင္းမစြံတဲ႔ ပစၥည္းေတြကို ျပည္ပကို ေလွ်ာ့ေစ်းနဲ႔ အစြံထုတ္ ေရာင္းခ်မႈလို႔ ကုန္သြယ္ေရးမွာ သံုးႏႈန္းပါတယ္။ ပို႔ကုန္ လုပ္ငန္းရွင္ေတြက အေမရိကန္ျပည္ေထာင္စု အတြင္းကို ေလွ်ာ့ေစ်းနဲ႔ ကားတာယာေတြ တင္ပို႔ေနတယ္လို႔ အေမရိကန္ ကုန္သြယ္ေရး ၀န္ႀကီးဌာနက ကနဦး ေတြ႔ရွိထားေၾကာင္းလည္း ဌာနရဲ႕ ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

အထိနာဆံုး ထိုင္းႏုိင္ငံ

ကားတာယာ ထုတ္လုပ္မႈ သိပ္ၿပီး ပမာဏ မ်ားတဲ႔ ထိုင္းႏုိင္ငံက အမ်ားဆံုး ထိခုိက္သက္ေရာက္ဖို႔ ရွိေနတာပါ။ အေမရိကန္နဲ႔ ဂ်ပန္ ရင္းႏွီးျမွဳပ္ႏွံသူေတြ အဓိက လုပ္ေနတဲ႔ ထိုင္းႏိုင္ငံတြင္း ေမာ္ေတာ္ကား ထုတ္လုပ္မႈ က႑ကေန အေမရိကန္ကို တင္ပို႔မႈက ၂၀၁၉ ခုႏွစ္မွာ ေဒၚလာ သန္း ၁၉၀၀ ေက်ာ္ ရွိခဲ႔ေၾကာင္းလည္း အေမရိကန္ ကုန္သြယ္ေရး ၀န္ႀကီးဌာနက ေျပာဆိုထားပါတယ္။

ေမာ္ေတာ္ကား ထုတ္လုပ္မႈ လုပ္ငန္း က႑က ထိုင္းႏုိင္ငံရဲ႕ လုပ္သား အမ်ားဆံုး လုပ္ငန္းက႑ႀကီး ၅ခုထဲမွာ တခု အပါအ၀င္ ျဖစ္ၿပီး တႏွစ္ကို ကားအစီးေရ ၂ သန္း ထုတ္လုပ္ေနတာ ျဖစ္ေၾကာင္း အေမရိကန္ ျပည္ေထာင္စု Emory တကၠသိုလ္က အၿငိမ္းစား ႏုိင္ငံေရး သိပၸံ ပါေမာကၡ Richard Doner ကေျပာပါတယ္။
အမ်ားစုက အေမရိကန္ ျပည္ေထာင္စုကို တင္ပို႔တာ မဟုတ္ေပမယ့္လည္း အေကာက္ခြန္ေၾကာင့္ ကုန္ထုတ္လုပ္ငန္း အေပၚမွာ အႀကီးအက်ယ္ သက္ေရာက္မႈ ရွိႏိုင္တယ္လို႔ သူက ေျပာပါတယ္။

“ ထိုင္းႏုိင္ငံ အေနနဲ႔ အေမရိကန္ အေပၚမွာ လံုး၀ မွီခုိေနတာမ်ိဳး မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ထိုင္းႏုိင္ငံရဲ႕ ေမာ္ေတာ္ကား ထုတ္လုပ္မႈ လုပ္ငန္း အတြက္ေတာ့ ဒီအခ်က္က အေရးႀကီးႏုိင္ပါတယ္။ ” လို႔ ပါေမာကၡ Doner က သံုးသပ္တာပါ။

ထိုင္၀မ္ အေပၚ သက္ေရာက္မႈ

Cheng Shin Tyre နဲ႔ Nankang Tyre တို႔က ျပည္ပကို တာယာ အဓိက တင္ပို႔သူေတြ ျဖစ္တယ္လို႔ ထိုင္ေပ အေျခစိုက္ Polaris သုေတသန အဖြဲ႔ရဲ႕ ဥကၠဌ Liang Kuo-yuan က ေျပာပါတယ္။ Nankang Tyre လုပ္ငန္းႀကီးဆိုရင္ ၀င္ေငြရဲ႕ ၃၇ ရာခိုင္ႏႈန္းက အေမရိကန္ကို တင္ပို႔မႈကေန ရရွိေနတယ္လို႔ သူက ခန္႔မွန္းပါတယ္။ သူ႔စက္ရံုေတြက သြင္းကုန္ခြန္ ေရွာင္ရွားႏုိင္တဲ႔ ျပည္ပေတြမွာမဟုတ္ဘဲ ထိုင္၀မ္မွာရွိေနတာေၾကာင့္ အခြန္တိုးမယ့္ အေရး စိုးရိမ္ဖြယ္ ရွိတယ္လို႔လည္း Liang Kuo-yuan က ခန္႔မွန္းပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး Nankang လုပ္ငန္းဘက္ကေတာ့ မွတ္ခ်က္ေပးဖို႔ ေမးျမန္းမႈကို မေျဖပါဘူး။

အေမရိကန္ဘက္က အခြန္နဲ႔ ပတ္သက္ၿပီး မက္လံုေပးမႈမ်ိဳး မရွိတာကို ေထမိေစဖို႔ အတြက္ အေမရိကန္ ေစ်းကြက္ကို တင္ပို႔တဲ႔ ေနရာမွာ ထိုင္၀င္ တင္ပို႔သူေတြက တမင္ ေစ်းေလွ်ာ့တာ ျဖစ္ႏုိင္တယ္လို႔လည္း အတိုင္ပင္ခံလုပ္ငန္း DMI ရဲ႕ အႀကီးအကဲ Danny Ho က ေျပာပါတယ္။ ထိုင္၀မ္နဲ႔ အလားတူ ေတာင္ကိုရီးယားဘက္ကလည္း ၂၀၁၂ ခုႏွစ္မွာ အေမရိကန္နဲ႔ လြတ္လပ္စြာ ကုန္သြယ္မႈ သေဘာတူညီခ်က္မွာ ပါ၀င္လာခဲ႔ၾကပါတယ္။ Polaris သုေတသန အဖြဲ႔ရဲ႕ ဥကၠဌ Liang Kuo-yuan ကေတာ့ အခုလို သံုးသပ္ပါတယ္။

“ခ်ဳပ္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ ခ်က္ခ်င္း သက္ေရာက္မႈေတာ့ မရွိပါဘူး။ ဒါေပမယ့္လည္း ျပည္တြင္းမွာ ေရာင္းမစြံတာေတြကို ျပည္ပကို ေလွ်ာ့ေစ်းနဲ႔ ထုတ္ေရာင္းတယ္ ဆိုတဲ႔ လုပ္ရပ္မ်ိဳး ကိုသာ အေမရိကန္ေတြဘက္က ေတြ႔ရွိသြားမယ္ဆိုရင္ေတာ့ ထိုင္၀မ္ လုပ္ငန္းေတြ အားလံုး အတြက္ အက်ိဳးယုတ္ေစႏုိင္ပါတယ္။”

ဗီယက္နမ္က ကုန္ထုတ္လုပ္သူေတြနဲ႔ အေမရိကန္ စီးပြားေရး သမားေတြကေတာ့ အေမရိကန္ရဲ႕ အခြန္ေကာက္မယ့္ ကိစၥကို ကန္႔ကြက္ေနတယ္လို႔ ဟိုခ်ီမင္းစီးတီးက Social Sciences and Humanities တကၠသိုလ္က ႏုိင္ငံတကာ ေလ႔လာေရးဌာန ညႊန္ၾကားေရးမွဴး Nguyen Thanh Trung က ေျပာပါတယ္။

“ ဗီယက္နမ္က တာယာ ထုတ္လုပ္မႈ လုပ္ငန္းေတြ အေပၚမွာ အေမရိကန္ ကုန္သြယ္ေရး ၀န္ႀကီးဌာနရဲ႕ ပစ္မွတ္ထား ေဆာင္ရြက္မႈ အေပၚမွာ သူတို႔ဘက္ကေတာ့ မေက်နပ္ၾကပါဘူး။ ဒီလုပ္ငန္းေတြနဲ႔ အလုပ္လုပ္လာတာလည္း ၾကာၿပီး သူတို႔ တရားဥပေဒနဲ႔ အညီ ေဆာင္ရြက္ေနတာလည္း သိတယ္ သူတို႔နဲ႔ အဆင္ေျပတယ္ဆိုတာလည္း သိတယ္ ဆိုေတာ့ ဒီလုပ္ငန္း က႑ အေပၚမွာ အခြန္တိုး ေကာက္မယ့္ ကိစၥက အက်ိဳးသင့္ အေၾကာင္းသင္႔ မဟုတ္ဘူးလို႔ သူတို႔က ယူဆၾကပါတယ္။ ”

အေမရိကန္ ျပည္ေထာင္စုကို ၂၀၁၉ ခုႏွစ္ အတြင္း တာယာ တင္ပို႔မႈမွာေတာ့ ေတာင္ကိုရီးယားက ေဒၚလာ သန္း ၁၂၀၀ နီးပါး၊ ဗီယက္နမ္က ေဒၚလာ သန္း ၄၇၀ နီးပါးနဲ႔ ထိုင္၀မ္က ေဒၚလာ သန္း ၃၈၀ နီးပါး ရွိခဲ႔ေၾကာင္း အေမရိကန္ ကုန္သြယ္ေရး ၀န္ႀကီးဌာနဘက္က ထုတ္ျပန္ထားပါတယ္။

အေမရိကန္ ကုန္သြယ္ေရး ဥပေဒကို တင္းတင္းၾကပ္ၾကပ္ က်င့္သံုးဖို႔က သမၼတ Donald Trump အစိုးရရဲ႕ အဓိက အာရံုစိုက္တဲ႔ ကိစၥ တခု ျဖစ္ေၾကာင္းလည္း အေမရိကန္ ကုန္သြယ္ေရး ၀န္ႀကီးဌာန ၀က္ဘ္ဆိုက္က ၿပီးခဲ႔တဲ႔ သီတင္းပတ္ေတြ အတြင္း ေဖာ္ျပပါတယ္။ သမၼတ Trump လက္ထက္ အတြင္း ကုန္သြယ္ေရး ၀န္ႀကီးဌာနဘက္က အေမရိကန္ ျပည္ေထာင္စု အတြင္း ေလွ်ာ့ေစ်းနဲ႔ တင္ပို႔မႈေတြနဲ႔ အခြန္ဆိုင္ရာ စံုစမ္းစစ္ေဆးမႈ အသစ္ ၃၆၀ အထိ လုပ္ေဆာင္ခဲ႔ၿပီး ဒီအေရအတြက္ဟာဆိုရင္ အရင္ သမၼတ Barack Obama လက္ထက္ကနဲ႔ ယွဥ္ရင္ ၂၇၈ ရာခိုင္ႏႈန္း တိုးလာတာ ျဖစ္ပါတယ္။

သမၼတ Trump ရဲ႕ ၿပီးခဲ႔တဲ႔ ၄ ႏွစ္တာ သမၼတ သက္တမ္း အတြင္း ကေနဒါ၊ မကၠဆီကိုတို႔နဲ႔ ခ်ဳပ္ဆိုထားတဲ႔ ေျမာက္အေမရိက လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ကေန အေမရိကန္ ႏုတ္ထြက္ခဲ႔သလို ပစိတ္ဖိတ္ သမုဒၵရာ တဖက္တခ်က္ ႏုိင္ငံမ်ား လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ကေနလည္း ႏုတ္ထြက္ခဲ႔တာပါ။ သမၼတ Trump ရဲ႕ က်ယ္ျပန္႔တဲ႔ ကုန္သြယ္ေရး မူ၀ါဒ အရ တာယာ တင္သြင္းမႈ အေပၚ အခြန္ေကာက္ေရး ျဖစ္လာတာလို႔လည္း အတိုင္ပင္ခံလုပ္ငန္း DMI ရဲ႕ အႀကီးအကဲ Danny Ho က ေျပာပါတယ္။

ေရြးေကာက္ခံ သမၼတ Joe Biden လက္ထက္မွာေတာ့ ကားတာယာ တင္သြင္းမႈ အေပၚ အခြန္ေကာက္မယ့္ ဆံုးျဖတ္ခ်က္ကို ျပင္ဆင္ႏုိင္တယ္လုိ႔လည္း ဗီယက္နမ္ ႏုိင္ငံ ဟိုခ်ီမင္းစီးတီးက Social Sciences and Humanities တကၠသိုလ္က ႏုိင္ငံတကာ ေလ႔လာေရးဌာန ညႊန္ၾကားေရးမွဴး Nguyen Thanh Trung က ေျပာပါတယ္။ လာမယ့္ ဇန္န၀ါရီလ ၂၀ ရက္ေန႔မွာ သမၼတသစ္ အျဖစ္ က်မ္းသစၥာ က်ိန္ဆိုဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာရှရဲ့ ကားတာယာ တင်သွင်းမှု အပေါ် သမ္မတ Trump ပစ်မှတ်ထားတဲ့ အကြောင်းရင်း

အာရှ နိုင်ငံ လေးခုက ထုတ်လုပ်တဲ့ ကားတာယာ တင်သွင်းမှုမှာ အထူး သွင်းကုန်ခွန် စည်းကြပ်ဖို့ အမေရိကန်ဘက်က ပဏာမ ဆုံးဖြတ်ချက်ကြောင့် ဒီနိုင်ငံတွေရဲ့ ပြည်တွင်း စက်မှုလုပ်ငန်းတွေ အတွက် အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ အမေရိကန် သမ္မတ Donald Trump က သမ္မတ ရာထူးသက်တမ်း ကုန်ဆုံးခါနီး နောက်ဆုံး ရက်ပိုင်းတွေ အတွင်းမှာ နိုင်ငံခြား ကုန်သွယ်ရေးကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ အားပေး ဆောင်ရွက်နေတဲ့ အချိန်မှာဘဲ ဒီအရေး ထွက်ပေါ်လာတာပါ။ Ralph Jennings ပေးပို့တဲ့ ဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ခရီးသည်တင် ကားတွေနဲ့ ကုန်တင်ကား အသေးတွေမှာ သုံးတဲ့ ကားတာယာတွေကို အခွန်စည်းကြပ်ဖို့ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၃၀ ရက်နေ့က ပဏာမ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီးနောက် မေလ ၁၄ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်မယ့် အကြောင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာထားတာပါ။

ဒီဆုံးဖြတ်ချက် အတည်ဖြစ်လာရင်တော့ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့က ပို့ကုန်တင်ပို့သူတွေ အတွက် ရိုက်ခတ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ ဒီအခွန်စည်းကြပ်မှုက ထိုင်ဝမ် အတွက်တော့ သိသိသာသာ သက်ရောက်မယ်လို့ ထိုင်ဝမ် ရေနံဓာတုပစ္စည်း ဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း DMI ရဲ့ အကြီးအကဲ Danny Ho က ပြောပါတယ်။

ကုန်ထုတ်လုပ်တဲ့ နိုင်ငံတွေ ဒါမှမဟုတ်လည်း ကုန်ထုတ်လုပ်ငန်းတွေ အနေနဲ့ သူတို့ ထုန်ကုန်တွေကို ပြည်တွင်းမှာ ရောင်းချတဲ့ ဈေးနှုန်းထက် နှိမ့်ပြီး ပြည်ပကို တင်ပို့မှုကိုတော့ ပြည်တွင်းမှာ ရောင်းမစွံတဲ့ ပစ္စည်းတွေကို ပြည်ပကို လျှော့ဈေးနဲ့ အစွံထုတ် ရောင်းချမှုလို့ ကုန်သွယ်ရေးမှာ သုံးနှုန်းပါတယ်။ ပို့ကုန် လုပ်ငန်းရှင်တွေက အမေရိကန်ပြည်ထောင်စု အတွင်းကို လျှော့ဈေးနဲ့ ကားတာယာတွေ တင်ပို့နေတယ်လို့ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကနဦး တွေ့ရှိထားကြောင်းလည်း ဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အထိနာဆုံး ထိုင်းနိုင်ငံ

ကားတာယာ ထုတ်လုပ်မှု သိပ်ပြီး ပမာဏ များတဲ့ ထိုင်းနိုင်ငံက အများဆုံး ထိခိုက်သက်ရောက်ဖို့ ရှိနေတာပါ။ အမေရိကန်နဲ့ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ အဓိက လုပ်နေတဲ့ ထိုင်းနိုင်ငံတွင်း မော်တော်ကား ထုတ်လုပ်မှု ကဏ္ဍကနေ အမေရိကန်ကို တင်ပို့မှုက ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ သန်း ၁၉၀၀ ကျော် ရှိခဲ့ကြောင်းလည်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

မော်တော်ကား ထုတ်လုပ်မှု လုပ်ငန်း ကဏ္ဍက ထိုင်းနိုင်ငံရဲ့ လုပ်သား အများဆုံး လုပ်ငန်းကဏ္ဍကြီး ၅ခုထဲမှာ တခု အပါအဝင် ဖြစ်ပြီး တနှစ်ကို ကားအစီးရေ ၂ သန်း ထုတ်လုပ်နေတာ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု Emory တက္ကသိုလ်က အငြိမ်းစား နိုင်ငံရေး သိပ္ပံ ပါမောက္ခ Richard Doner ကပြောပါတယ်။
အများစုက အမေရိကန် ပြည်ထောင်စုကို တင်ပို့တာ မဟုတ်ပေမယ့်လည်း အကောက်ခွန်ကြောင့် ကုန်ထုတ်လုပ်ငန်း အပေါ်မှာ အကြီးအကျယ် သက်ရောက်မှု ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

“ ထိုင်းနိုင်ငံ အနေနဲ့ အမေရိကန် အပေါ်မှာ လုံး၀ မှီခိုနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်မှု လုပ်ငန်း အတွက်တော့ ဒီအချက်က အရေးကြီးနိုင်ပါတယ်။ ” လို့ ပါမောက္ခ Doner က သုံးသပ်တာပါ။

ထိုင်ဝမ် အပေါ် သက်ရောက်မှု

Cheng Shin Tyre နဲ့ Nankang Tyre တို့က ပြည်ပကို တာယာ အဓိက တင်ပို့သူတွေ ဖြစ်တယ်လို့ ထိုင်ပေ အခြေစိုက် Polaris သုတေသန အဖွဲ့ရဲ့ ဥက္ကဌ Liang Kuo-yuan က ပြောပါတယ်။ Nankang Tyre လုပ်ငန်းကြီးဆိုရင် ဝင်ငွေရဲ့ ၃၇ ရာခိုင်နှုန်းက အမေရိကန်ကို တင်ပို့မှုကနေ ရရှိနေတယ်လို့ သူက ခန့်မှန်းပါတယ်။ သူ့စက်ရုံတွေက သွင်းကုန်ခွန် ရှောင်ရှားနိုင်တဲ့ ပြည်ပတွေမှာမဟုတ်ဘဲ ထိုင်ဝမ်မှာရှိနေတာကြောင့် အခွန်တိုးမယ့် အရေး စိုးရိမ်ဖွယ် ရှိတယ်လို့လည်း Liang Kuo-yuan က ခန့်မှန်းပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Nankang လုပ်ငန်းဘက်ကတော့ မှတ်ချက်ပေးဖို့ မေးမြန်းမှုကို မဖြေပါဘူး။

အမေရိကန်ဘက်က အခွန်နဲ့ ပတ်သက်ပြီး မက်လုံပေးမှုမျိုး မရှိတာကို ထေမိစေဖို့ အတွက် အမေရိကန် ဈေးကွက်ကို တင်ပို့တဲ့ နေရာမှာ ထိုင်ဝင် တင်ပို့သူတွေက တမင် ဈေးလျှော့တာ ဖြစ်နိုင်တယ်လို့လည်း အတိုင်ပင်ခံလုပ်ငန်း DMI ရဲ့ အကြီးအကဲ Danny Ho က ပြောပါတယ်။ ထိုင်ဝမ်နဲ့ အလားတူ တောင်ကိုရီးယားဘက်ကလည်း ၂၀၁၂ ခုနှစ်မှာ အမေရိကန်နဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်မှာ ပါဝင်လာခဲ့ကြပါတယ်။ Polaris သုတေသန အဖွဲ့ရဲ့ ဥက္ကဌ Liang Kuo-yuan ကတော့ အခုလို သုံးသပ်ပါတယ်။

“ချုပ်ပြီး ပြောရမယ်ဆိုရင်တော့ ချက်ချင်း သက်ရောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ပြည်တွင်းမှာ ရောင်းမစွံတာတွေကို ပြည်ပကို လျှော့ဈေးနဲ့ ထုတ်ရောင်းတယ် ဆိုတဲ့ လုပ်ရပ်မျိုး ကိုသာ အမေရိကန်တွေဘက်က တွေ့ရှိသွားမယ်ဆိုရင်တော့ ထိုင်ဝမ် လုပ်ငန်းတွေ အားလုံး အတွက် အကျိုးယုတ်စေနိုင်ပါတယ်။”

ဗီယက်နမ်က ကုန်ထုတ်လုပ်သူတွေနဲ့ အမေရိကန် စီးပွားရေး သမားတွေကတော့ အမေရိကန်ရဲ့ အခွန်ကောက်မယ့် ကိစ္စကို ကန့်ကွက်နေတယ်လို့ ဟိုချီမင်းစီးတီးက Social Sciences and Humanities တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေးဌာန ညွှန်ကြားရေးမှူး Nguyen Thanh Trung က ပြောပါတယ်။

“ ဗီယက်နမ်က တာယာ ထုတ်လုပ်မှု လုပ်ငန်းတွေ အပေါ်မှာ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ပစ်မှတ်ထား ဆောင်ရွက်မှု အပေါ်မှာ သူတို့ဘက်ကတော့ မကျေနပ်ကြပါဘူး။ ဒီလုပ်ငန်းတွေနဲ့ အလုပ်လုပ်လာတာလည်း ကြာပြီး သူတို့ တရားဥပဒေနဲ့ အညီ ဆောင်ရွက်နေတာလည်း သိတယ် သူတို့နဲ့ အဆင်ပြေတယ်ဆိုတာလည်း သိတယ် ဆိုတော့ ဒီလုပ်ငန်း ကဏ္ဍ အပေါ်မှာ အခွန်တိုး ကောက်မယ့် ကိစ္စက အကျိုးသင့် အကြောင်းသင့် မဟုတ်ဘူးလို့ သူတို့က ယူဆကြပါတယ်။ ”

အမေရိကန် ပြည်ထောင်စုကို ၂၀၁၉ ခုနှစ် အတွင်း တာယာ တင်ပို့မှုမှာတော့ တောင်ကိုရီးယားက ဒေါ်လာ သန်း ၁၂၀၀ နီးပါး၊ ဗီယက်နမ်က ဒေါ်လာ သန်း ၄၇၀ နီးပါးနဲ့ ထိုင်ဝမ်က ဒေါ်လာ သန်း ၃၈၀ နီးပါး ရှိခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။

အမေရိကန် ကုန်သွယ်ရေး ဥပဒေကို တင်းတင်းကြပ်ကြပ် ကျင့်သုံးဖို့က သမ္မတ Donald Trump အစိုးရရဲ့ အဓိက အာရုံစိုက်တဲ့ ကိစ္စ တခု ဖြစ်ကြောင်းလည်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဖော်ပြပါတယ်။ သမ္မတ Trump လက်ထက် အတွင်း ကုန်သွယ်ရေး ဝန်ကြီးဌာနဘက်က အမေရိကန် ပြည်ထောင်စု အတွင်း လျှော့ဈေးနဲ့ တင်ပို့မှုတွေနဲ့ အခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု အသစ် ၃၆၀ အထိ လုပ်ဆောင်ခဲ့ပြီး ဒီအရေအတွက်ဟာဆိုရင် အရင် သမ္မတ Barack Obama လက်ထက်ကနဲ့ ယှဉ်ရင် ၂၇၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာ သမ္မတ သက်တမ်း အတွင်း ကနေဒါ၊ မက္ကဆီကိုတို့နဲ့ ချုပ်ဆိုထားတဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ခဲ့သလို ပစိတ်ဖိတ် သမုဒ္ဒရာ တဖက်တချက် နိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကနေလည်း နုတ်ထွက်ခဲ့တာပါ။ သမ္မတ Trump ရဲ့ ကျယ်ပြန့်တဲ့ ကုန်သွယ်ရေး မူဝါဒ အရ တာယာ တင်သွင်းမှု အပေါ် အခွန်ကောက်ရေး ဖြစ်လာတာလို့လည်း အတိုင်ပင်ခံလုပ်ငန်း DMI ရဲ့ အကြီးအကဲ Danny Ho က ပြောပါတယ်။

ရွေးကောက်ခံ သမ္မတ Joe Biden လက်ထက်မှာတော့ ကားတာယာ တင်သွင်းမှု အပေါ် အခွန်ကောက်မယ့် ဆုံးဖြတ်ချက်ကို ပြင်ဆင်နိုင်တယ်လို့လည်း ဗီယက်နမ် နိုင်ငံ ဟိုချီမင်းစီးတီးက Social Sciences and Humanities တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေးဌာန ညွှန်ကြားရေးမှူး Nguyen Thanh Trung က ပြောပါတယ်။ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ ရှိနေပါတယ်။

XS
SM
MD
LG