သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ၀က္သား တင္သြင္းခြင့္ အေရး ထိုင္၀မ္္နဲ႔ အေမရိကန္ ကုန္သြယ္ေရး အေပၚ သက္ေရာက္မႈ


(Zawgyi/Unicode)

အေမရိကန္ရဲ႕ အသားတုိး ျဖည့္စြက္စာေကြ်း ေမြးျမဴထားတဲ႔ ၀က္သား တင္သြင္းမႈကို ကာလရွည္ တားျမစ္ထားတဲ႔ ထိုင္၀မ္က ျပန္ဖြင့္ေပးဖို႔ရွိေနေၾကာင္း ဒီလုပ္ငန္းစဥ္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။ ထိုင္၀မ္ရဲ႕ ထိပ္တန္း ပို႔ကုန္ တင္ပို႔ရာ ႏုိင္ငံေတြထဲက တခုျဖစ္တဲ႔ အေမရိကန္ ျပည္ေထာင္စုနဲ႔ က်ယ္ျပန္႔တဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ တရပ္ ေဆြးေႏြးႏုိင္ေရး အတြက္ အခုလို ေဆာင္ရြက္တာ ျဖစ္ေၾကာင္း Ralph Jennings ရဲ႕ သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပေပးပါမယ္။

အေမရိကန္ျပည္ေထာင္စုမွာ အသားတိုး ျဖည့္စြက္စာေကြ်း ေမြးျမဴ ထုတ္လုပ္ထားတဲ႔ ၀က္သား တင္သြင္းခြင့္ကို ထိုင္၀မ္ လႊတ္ေတာ္က ဒီဇင္ဘာလ ေႏွာင္းပိုင္းမွာ အၿပီးသတ္ ခြင့္ျပဳေပး လိုက္ပါတယ္။ Ractopamine အသားတိုး ျဖည့္စြက္စာက ၀က္ေတြမွာ အသားတိုးေစဖို႔ ေကြ်းတာ ျဖစ္ေပမယ့္လည္း တရုတ္၊ ရုရွားနဲ႔ ဥေရာပ သမဂၢ အပါအ၀င္ ႏုိင္ငံေပါင္း ၁၆၀ က တားျမစ္ထားတာပါ။ အေမရိကန္ထံက ၀က္သား တင္သြင္းမႈ တားျမစ္ခ်က္ဟာ အေမရိကန္နဲ႔ ကုန္သြယ္ေရးမွာ အဓိက အတားအဆီး တခုလို႔လည္း ထိုင္၀မ္ တာ၀န္ရွိသူေတြက ယံုၾကည္ထားတာပါ။ တသီးပုဂၢလ လႊတ္ေတာ္ အမတ္ Freddy Lim က အခုလုိ ေျပာပါတယ္။

“ အေမရိကန္ ျပည္ေထာင္စုကို လႊတ္ေတာ္ ခရီးစဥ္ သြားတဲ႔ အခါမွာ အေမရိကန္ လႊတ္ေတာ္ အမတ္ေတြက ဒီကိစၥကို အၿမဲတမ္း ေျပာပါတယ္။ အခုေတာ့ ဒီအခက္အခဲ မရွိေတာ့ပါဘူး။ ”

ဒုတိယ အႀကီးဆံုး ကုန္သြယ္ဖက္

တရုတ္ႏုိင္ငံၿပီးရင္ အေမရိကန္က ထိုင္၀မ္ရဲ႕ အႀကီးဆံုး ကုန္သြယ္ဘက္ ျဖစ္ပါတယ္။ ၁၉၉၄ ခုႏွစ္ကတည္းက စလို႔ အေမရိကန္နဲ႔ လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ရဖို႔ ထိုင္၀မ္ အစိုးရ တာ၀န္ရွိသူေတြက ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။
လွ်ပ္စစ္ပစၥည္း ကုန္ထုတ္လုပ္မႈက စီးပြားေရးရဲ႕ အဓိက ေထာက္တိုင္ တခု ျဖစ္ေနတဲ႔ ထိုင္၀မ္လိုႏုိင္ငံမ်ိဳးေတြ အေနနဲ႔ သြင္းကုန္ခြန္ ကင္းလြတ္ခြင့္ရေစေရး သေဘာတူညီခ်က္ေတြ လက္မွတ္ထိုးတဲ႔ ေနရာမွာ အေမရိကန္ဘက္က ျခြင္းခ်က္တခု အေနနဲ႔ အေမရိကန္ စိုက္ပ်ိဳးေမြးျမဴေရး ထြက္ကုန္ေတြကို တင္သြင္းေပးေရး အေမရိကန္ ကုန္သြယ္ေရး ညွိႏိႈင္းသူေတြက ကုန္သြယ္ဖက္ေတြကို တြန္းအားေပးေလ႔ ရွိပါတယ္။

၂၀၁၉ ခုႏွစ္ အတြင္း အေမရိကန္ကို ထိုင္၀မ္ဘက္က ကုန္ပစၥည္း တင္သြင္းမႈက ေဒၚလာ ၆၁ ဒသမ ၆ ဘီလ်ံထိ ေရာက္ရွိခဲ႔ေၾကာင္း အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ရံုးက ထုတ္ျပန္ထားပါတယ္။ ကြန္ျပဴတာ၊ တပိုင္းလွ်ပ္ကူးပစၥည္းေတြ၊ စက္ပစၥည္းေတြ အပါအ၀င္ ထိုင္၀မ္ထုတ္ ပစၥည္းေတြကို အေမရိကန္ဘက္က ၀ယ္ယူေနတာပါ။ ဒီလို ၀ယ္ယူမႈေၾကာင့္ဘဲ ၂၀၁၉ ခုႏွစ္ အတြင္း ထိုင္၀မ္ဘက္က အေမရိကန္နဲ႔ ကုန္သြယ္ေရးမွာ ေဒၚလာ ၁၉ ဒသမ ၃ ဘီလ်ံ အသာစီး ရခဲ႔တာပါ။

ထုိင္၀မ္ Fo Guang တကၠသိုလ္က အမ်ားျပည္သူဆက္ဆံေရး ဆိုင္ရာ ပါေမာကၡ Liu Yih-jiun က အခုလို သံုးသပ္ပါတယ္။
“ သဘာ၀ အရင္းအျမစ္ မလံုေလာက္တဲ႔ ေသးငယ္တဲ႔ ထိုင္၀မ္ အေနနဲ႔ ႏုိင္ငံျခား တိုင္းျပည္ေတြနဲ႔ ႏုိင္ငံတကာ ကုန္သြယ္ေရးကို အျပည့္အ၀ အာရံုစိုက္ၿပီး ေဆာင္ရြက္ၾကရမယ္ဆိုတာကို ဘယ္သူမွ မျငင္းႏုိင္ပါဘူး။ ကမၻာ့အႀကီးဆံုး ႏုိင္ငံေတြထဲက တခု ျဖစ္တဲ႔ အေမရိကန္ ျပည္ေထာင္စုနဲ႔ တိုက္ရိုက္ ေစ႔စပ္ညွိႏိႈင္းႏုိင္ဖို႔ လိုတယ္ဆိုတာကိုလည္း ဘယ္သူမွ မျငင္းႏုိင္ပါဘူး။”

ကုန္သြယ္ေရး သေဘာတူညီခ်က္ အရိပ္အေယာင္

အေမရိကန္ ျပည္ေထာင္စုဟာ ထိုင္၀မ္ရဲ႕ အင္အားအေကာင္းဆံုး မဟာမိတ္ ျဖစ္တယ္လို႔ ထိုင္၀မ္ ၀န္ႀကီးခ်ဳပ္ Su Tseng-chang က ၿပီးခဲ႔တဲ႔ ၂၀၂၀ ျပည့္ႏွစ္ ႏုိ၀င္ဘာလ အတြင္း လႊတ္ေတာ္မွာ ေျပာဆိုခဲ႔ပါတယ္။ စားသံုးဖို႔ ေဘးကင္းမႈ အာမခံခ်က္ အတြက္ အေမရိကန္ အသား ထုတ္လုပ္တဲ႔ စက္ရံုေတြမွာ တခါတည္း စစ္ေဆးဖို႔နဲ႔ သန္႔စင္တဲ႔ ထုတ္ကုန္ျဖစ္ေၾကာင္း အမွတ္တံဆိပ္ေတြ ပါရွိဖို႔ အစိုးရဘက္က ေတာင္းဆိုမယ့္ အေၾကာင္း ပါလီမန္မွာ ရွင္းလင္းခဲ႔ပါတယ္။

၀က္ေတြမွာ အသားတိုးေစဖို႔ သံုးတဲ႔ ractopamine ဓာတ္ၾကြင္းဟာ လူ႔က်န္းမာေရးကို ထိခိုက္ေစႏုိင္တယ္ဆိုတဲ႔ စိုးရိမ္စိတ္နဲ႔ အေမရိကန္ရဲ႕ ၀က္သားကို ထိုင္၀မ္က တားဆီးထားတာ ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ၀က္သား တင္သြင္းခြင့္ တားျမစ္ခ်က္ကို ဖယ္ရွားတာဟာဆိုရင္ အေမရိကန္နဲ႔ ႏွစ္ဘက္ အက်ိဳးတူ ကုန္သြယ္ေရး သေဘာတူညီခ်က္ တခု အတြက္ လမ္းဖြင့္ဖို႔ ရည္ရြယ္တာ အျဖစ္ ရႈျမင္ေၾကာင္း အစိုးရရဲ႕ Centeral News Agency က ၿပီးခဲ႔တဲ႔ႏွစ္ ႏို၀င္ဘာလ အတြင္းက ေဖာ္ျပခဲ႔ပါတယ္။

အေမရိကန္ ၀က္သား တင္သြင္းခြင့္ ေပးဖို႔ ရည္ရြယ္ေၾကာင္း ထိုင္၀မ္ သမၼတ Tsai Ing-wen က ၂၀၂၀ ၾသဂုတ္လ အတြင္း ေၾကညာခဲ႔ၿပီး ေနာက္မွာလည္း အစိုးရ ဌာန အေတာ္မ်ားမ်ားကလည္း တြစ္တာ လူမႈကြန္ရက္ေတြမွာေရာ ေၾကညာခ်က္ေတြ ထုတ္ၿပီးေတာ့ေရာ တံု႔ျပန္ခဲ႔ၾကတာပါ။ ထိုင္၀မ္မွာ အေမရိကန္ သံရံုးလုပ္ငန္းေတြ လည္ပတ္ေနတဲ႔ ရံုးကေတာ့ အခု ေဆာင္ရြက္ခ်က္ အေပၚမွာ ႀကိဳဆိုပါတယ္။ ဒီေဆာင္ရြက္ခ်က္ေၾကာင့္ အေရွ႕အာရွရဲ႕ အတက္ၾကြဆံုး အလားအလာ အရွိဆံုး ေစ်းကြက္ေတြထဲက တခုမွာ အေမရိကန္ စိုက္ပ်ိဳးေမြးျမဴေရး သမားေတြ ၀င္ေရာက္ လုပ္ကိုင္ခြင့္ ပိုၿပီး ရရွိေစမယ္လုိ႔လည္း ေျပာဆိုထားတာပါ။ ဒါ႔အျပင္ သမၼတ Tsai ရဲ႕ ဆံုးျဖတ္ခ်က္ဟာဆိုရင္ အေမရိကန္နဲ႔ ထိုင္၀မ္ၾကား စီးပြားေရးနဲ႔ ကုန္သြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြကို ပိုၿပီးလမ္းပြင့္သြားေစမယ္လို႔လည္း ေျပာဆိုထားပါတယ္။

ထိုင္၀မ္ ဟင္းလ်ာေတြမွာ ၀က္သား အသံုးျပဳမႈမ်ားပါတယ္။ စားေသာက္ဆိုင္ေတြရဲ႕ ဒါဇင္နဲ႔ခ်ီတဲ႔ အဓိက ဟင္းပြဲႀကီးေတြကေန ေဟာ႔ေဒါ့၊ အစာသြတ္မုန္႔၊ မနက္စာ အသားညွပ္ေပါင္မုန္႔ေတြ အထိ ၀က္သားကို သံုးၾကပါတယ္။ သက္သက္လြတ္ ဟင္းလ်ာလို႔ နာမည္တပ္ထားတဲ႔ ဟင္းပြဲေတြမွာပါ စာဖိုမွဴး တခ်ိဳ႕က ၀က္သား စဥ္းေကာထည့္ပါတယ္။

သေဘာတူညီခ်က္အတြက္ အာမခံခ်က္ မရွိ

ဒါေပမယ့္လည္း အေမရိကန္ရဲ႕ ကုန္သြယ္ေရး ကိုယ္စားလွယ္ေတာ္ရံုးဘက္ကေတာ့ ကုန္သြယ္ေရး သေဘာတူညီခ်က္ တခု အတြက္ အေမရိကန္ ၀က္သား တင္သြင္းခြင့္ ျပဳရမယ္လို႔ ေျပာဆိုထားတာ မရွိေၾကာင္း ေျပာလာသူကေတာ့ Nationalist ပါတီက လႊတ္ေတာ္ အမတ္ Charles Chen ျဖစ္ပါတယ္။

" အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ရံုးနဲ႔ အလဲအလွယ္ လုပ္လုိ႔ ရႏိုင္မလားဆိုတဲ႔ အေပၚမွာ ထိုင္၀မ္ေတြၾကား ဒီကိစၥကို အဓိက သံသယ ပြားေနၾကတာလို႔ က်ေနာ္က ထင္ပါတယ္။ တကယ္လို႔ မဟုတ္ဘူးဆိုရင္ေတာ့လည္း ကုန္သြယ္ေရး ကိုယ္စားလွယ္ဘက္က က်ေနာ္တို႔ကို ဘာ အခြင့္အေရးမွ ေပးမွာ မဟုတ္ပါဘူး။ "

လႊတ္ေတာ္ အမတ္ Chen ရဲ႕ Nationalist ပါတီက ဒီကိစၥကို ကန္႔ကြက္တဲ႔ အေနနဲ႔ ၿပီးခဲ႔တဲ႔ ႏို၀င္ဘာလ အတြင္း က်င္းပတဲ႔ လႊတ္ေတာ္ အစည္းအေ၀းတြင္း ၀က္ကလီစာေတြ ယူလာခဲ႔ၾကတာပါ။ လႊတ္ေတာ္ အမတ္ေတြ အခ်င္းခ်င္း ၀က္ကလီစာေတြနဲ႔ ပစ္ေပါက္ခဲ႔ၾကတဲ႔ ရုပ္သံ ျမင္ကြင္းဟာဆိုရင္လည္း ထိုင္၀မ္ ျပည္တြင္းမွာေရာ ျပည္ပမွာပါ မီဒီယာေတြၾကား စိတ္၀င္တစား ေဖာ္ျပခဲ႔ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန် ဝက်သား တင်သွင်းခွင့် အရေး ထိုင်ဝမ်နဲ့ အမေရိကန် ကုန်သွယ်ရေး အပေါ် သက်ရောက်မှု


အမေရိကန်ရဲ့ အသားတိုး ဖြည့်စွက်စာကျွေး မွေးမြူထားတဲ့ ဝက်သား တင်သွင်းမှုကို ကာလရှည် တားမြစ်ထားတဲ့ ထိုင်ဝမ်က ပြန်ဖွင့်ပေးဖို့ရှိနေကြောင်း ဒီလုပ်ငန်းစဉ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ထိုင်ဝမ်ရဲ့ ထိပ်တန်း ပို့ကုန် တင်ပို့ရာ နိုင်ငံတွေထဲက တခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ကျယ်ပြန့်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် တရပ် ဆွေးနွေးနိုင်ရေး အတွက် အခုလို ဆောင်ရွက်တာ ဖြစ်ကြောင်း Ralph Jennings ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာမသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုမှာ အသားတိုး ဖြည့်စွက်စာကျွေး မွေးမြူ ထုတ်လုပ်ထားတဲ့ ဝက်သား တင်သွင်းခွင့်ကို ထိုင်ဝမ် လွှတ်တော်က ဒီဇင်ဘာလ နှောင်းပိုင်းမှာ အပြီးသတ် ခွင့်ပြုပေး လိုက်ပါတယ်။ Ractopamine အသားတိုး ဖြည့်စွက်စာက ဝက်တွေမှာ အသားတိုးစေဖို့ ကျွေးတာ ဖြစ်ပေမယ့်လည်း တရုတ်၊ ရုရှားနဲ့ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံပေါင်း ၁၆၀ က တားမြစ်ထားတာပါ။ အမေရိကန်ထံက ဝက်သား တင်သွင်းမှု တားမြစ်ချက်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အဓိက အတားအဆီး တခုလို့လည်း ထိုင်ဝမ် တာဝန်ရှိသူတွေက ယုံကြည်ထားတာပါ။ တသီးပုဂ္ဂလ လွှတ်တော် အမတ် Freddy Lim က အခုလို ပြောပါတယ်။

“ အမေရိကန် ပြည်ထောင်စုကို လွှတ်တော် ခရီးစဉ် သွားတဲ့ အခါမှာ အမေရိကန် လွှတ်တော် အမတ်တွေက ဒီကိစ္စကို အမြဲတမ်း ပြောပါတယ်။ အခုတော့ ဒီအခက်အခဲ မရှိတော့ပါဘူး။ ”

ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်

တရုတ်နိုင်ငံပြီးရင် အမေရိကန်က ထိုင်ဝမ်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက စလို့ အမေရိကန်နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ထိုင်ဝမ် အစိုးရ တာဝန်ရှိသူတွေက ကြိုးစားနေကြတာ ဖြစ်ပါတယ်။
လျှပ်စစ်ပစ္စည်း ကုန်ထုတ်လုပ်မှုက စီးပွားရေးရဲ့ အဓိက ထောက်တိုင် တခု ဖြစ်နေတဲ့ ထိုင်ဝမ်လိုနိုင်ငံမျိုးတွေ အနေနဲ့ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ရစေရေး သဘောတူညီချက်တွေ လက်မှတ်ထိုးတဲ့ နေရာမှာ အမေရိကန်ဘက်က ခြွင်းချက်တခု အနေနဲ့ အမေရိကန် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေကို တင်သွင်းပေးရေး အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းသူတွေက ကုန်သွယ်ဖက်တွေကို တွန်းအားပေးလေ့ ရှိပါတယ်။

၂၀၁၉ ခုနှစ် အတွင်း အမေရိကန်ကို ထိုင်ဝမ်ဘက်က ကုန်ပစ္စည်း တင်သွင်းမှုက ဒေါ်လာ ၆၁ ဒသမ ၆ ဘီလျံထိ ရောက်ရှိခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။ ကွန်ပြူတာ၊ တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ စက်ပစ္စည်းတွေ အပါအဝင် ထိုင်ဝမ်ထုတ် ပစ္စည်းတွေကို အမေရိကန်ဘက်က ဝယ်ယူနေတာပါ။ ဒီလို ဝယ်ယူမှုကြောင့်ဘဲ ၂၀၁၉ ခုနှစ် အတွင်း ထိုင်ဝမ်ဘက်က အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ဒေါ်လာ ၁၉ ဒသမ ၃ ဘီလျံ အသာစီး ရခဲ့တာပါ။

ထိုင်ဝမ် Fo Guang တက္ကသိုလ်က အများပြည်သူဆက်ဆံရေး ဆိုင်ရာ ပါမောက္ခ Liu Yih-jiun က အခုလို သုံးသပ်ပါတယ်။
“ သဘာ၀ အရင်းအမြစ် မလုံလောက်တဲ့ သေးငယ်တဲ့ ထိုင်ဝမ် အနေနဲ့ နိုင်ငံခြား တိုင်းပြည်တွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးကို အပြည့်အ၀ အာရုံစိုက်ပြီး ဆောင်ရွက်ကြရမယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကမ္ဘာ့အကြီးဆုံး နိုင်ငံတွေထဲက တခု ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တိုက်ရိုက် စေ့စပ်ညှိနှိုင်းနိုင်ဖို့ လိုတယ်ဆိုတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး။”

ကုန်သွယ်ရေး သဘောတူညီချက် အရိပ်အယောင်

အမေရိကန် ပြည်ထောင်စုဟာ ထိုင်ဝမ်ရဲ့ အင်အားအကောင်းဆုံး မဟာမိတ် ဖြစ်တယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ် Su Tseng-chang က ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ စားသုံးဖို့ ဘေးကင်းမှု အာမခံချက် အတွက် အမေရိကန် အသား ထုတ်လုပ်တဲ့ စက်ရုံတွေမှာ တခါတည်း စစ်ဆေးဖို့နဲ့ သန့်စင်တဲ့ ထုတ်ကုန်ဖြစ်ကြောင်း အမှတ်တံဆိပ်တွေ ပါရှိဖို့ အစိုးရဘက်က တောင်းဆိုမယ့် အကြောင်း ပါလီမန်မှာ ရှင်းလင်းခဲ့ပါတယ်။

ဝက်တွေမှာ အသားတိုးစေဖို့ သုံးတဲ့ ractopamine ဓာတ်ကြွင်းဟာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အမေရိကန်ရဲ့ ဝက်သားကို ထိုင်ဝမ်က တားဆီးထားတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဝက်သား တင်သွင်းခွင့် တားမြစ်ချက်ကို ဖယ်ရှားတာဟာဆိုရင် အမေရိကန်နဲ့ နှစ်ဘက် အကျိုးတူ ကုန်သွယ်ရေး သဘောတူညီချက် တခု အတွက် လမ်းဖွင့်ဖို့ ရည်ရွယ်တာ အဖြစ် ရှုမြင်ကြောင်း အစိုးရရဲ့ Centeral News Agency က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းက ဖော်ပြခဲ့ပါတယ်။

အမေရိကန် ဝက်သား တင်သွင်းခွင့် ပေးဖို့ ရည်ရွယ်ကြောင်း ထိုင်ဝမ် သမ္မတ Tsai Ing-wen က ၂၀၂၀ သြဂုတ်လ အတွင်း ကြေညာခဲ့ပြီး နောက်မှာလည်း အစိုးရ ဌာန အတော်များများကလည်း တွစ်တာ လူမှုကွန်ရက်တွေမှာရော ကြေညာချက်တွေ ထုတ်ပြီးတော့ရော တုံ့ပြန်ခဲ့ကြတာပါ။ ထိုင်ဝမ်မှာ အမေရိကန် သံရုံးလုပ်ငန်းတွေ လည်ပတ်နေတဲ့ ရုံးကတော့ အခု ဆောင်ရွက်ချက် အပေါ်မှာ ကြိုဆိုပါတယ်။ ဒီဆောင်ရွက်ချက်ကြောင့် အရှေ့အာရှရဲ့ အတက်ကြွဆုံး အလားအလာ အရှိဆုံး ဈေးကွက်တွေထဲက တခုမှာ အမေရိကန် စိုက်ပျိုးမွေးမြူရေး သမားတွေ ဝင်ရောက် လုပ်ကိုင်ခွင့် ပိုပြီး ရရှိစေမယ်လို့လည်း ပြောဆိုထားတာပါ။ ဒါ့အပြင် သမ္မတ Tsai ရဲ့ ဆုံးဖြတ်ချက်ဟာဆိုရင် အမေရိကန်နဲ့ ထိုင်ဝမ်ကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးလမ်းပွင့်သွားစေမယ်လို့လည်း ပြောဆိုထားပါတယ်။

ထိုင်ဝမ် ဟင်းလျာတွေမှာ ဝက်သား အသုံးပြုမှုများပါတယ်။ စားသောက်ဆိုင်တွေရဲ့ ဒါဇင်နဲ့ချီတဲ့ အဓိက ဟင်းပွဲကြီးတွေကနေ ဟော့ဒေါ့၊ အစာသွတ်မုန့်၊ မနက်စာ အသားညှပ်ပေါင်မုန့်တွေ အထိ ဝက်သားကို သုံးကြပါတယ်။ သက်သက်လွတ် ဟင်းလျာလို့ နာမည်တပ်ထားတဲ့ ဟင်းပွဲတွေမှာပါ စာဖိုမှူး တချို့က ဝက်သား စဉ်းကောထည့်ပါတယ်။

သဘောတူညီချက်အတွက် အာမခံချက် မရှိ

ဒါပေမယ့်လည်း အမေရိကန်ရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ်တော်ရုံးဘက်ကတော့ ကုန်သွယ်ရေး သဘောတူညီချက် တခု အတွက် အမေရိကန် ဝက်သား တင်သွင်းခွင့် ပြုရမယ်လို့ ပြောဆိုထားတာ မရှိကြောင်း ပြောလာသူကတော့ Nationalist ပါတီက လွှတ်တော် အမတ် Charles Chen ဖြစ်ပါတယ်။

" အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးနဲ့ အလဲအလှယ် လုပ်လို့ ရနိုင်မလားဆိုတဲ့ အပေါ်မှာ ထိုင်ဝမ်တွေကြား ဒီကိစ္စကို အဓိက သံသယ ပွားနေကြတာလို့ ကျနော်က ထင်ပါတယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့လည်း ကုန်သွယ်ရေး ကိုယ်စားလှယ်ဘက်က ကျနော်တို့ကို ဘာ အခွင့်အရေးမှ ပေးမှာ မဟုတ်ပါဘူး။ "

လွှတ်တော် အမတ် Chen ရဲ့ Nationalist ပါတီက ဒီကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွင်း ဝက်ကလီစာတွေ ယူလာခဲ့ကြတာပါ။ လွှတ်တော် အမတ်တွေ အချင်းချင်း ဝက်ကလီစာတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ ရုပ်သံ မြင်ကွင်းဟာဆိုရင်လည်း ထိုင်ဝမ် ပြည်တွင်းမှာရော ပြည်ပမှာပါ မီဒီယာတွေကြား စိတ်ဝင်တစား ဖော်ပြခဲ့ကြတာပါ။

XS
SM
MD
LG