သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်နဲ့ ကန် စီးပွါးတိုးမြှင့်ဆက်ဆံရေး တရုတ် ကန့်ကွက်


အမေရိကန်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံ အကြား နှစ်နိုင်ငံစီးပွါးရေးပိုမိုတိုးတက်ရင်းနှီးမှု ရှိစေမယ့် ဥပဒေကြမ်းတစ်ရပ်အပေါ် သမ္မတထရမ့် ကလက်မှတ်ရေးထိုးဖို့ ကိစ္စကိုစိတ်ကျေနပ်မှုု မရှိဘူးလို့ တရုတ်က ပြောဆိုလိုက်ပါတယ်၊၊

ဇန်နဝါရီလ ကအမေရိကန် အောက်လွတ်တော်ကသဘောတူညီခဲ့တဲ့ ထိုင်ဝမ် ခရီး သွားလာရေးဆိုင်ရာ ဥပဒေကြမ်း ကို အမေရိကန် အထက်လွှတ်တော်က ဗုဒ္ဓဟူးနေု့က အတည်ပြ ုပေးခဲ့တာ ဖြစ်ပါတယ်၊၊

ဒီ ဥပဒေအရ ရာထူးအဆင့် အားလုံးက တာဝန်ရှိသူတွေအနေနဲ့ အမေရိက နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်တဲ့ ထိုင်ဝမ်ကို အပြန်အလှန်ခရီးသွားလာနိုင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့လည်း တွေ့ဆုံခွင့်ရနိုင်မယ့် အပြင်ထိုင်ဝမ်နိုင်ငံရဲ့ စီးပွါးရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားလှယ်တွေအနေနဲ့လည်း အမေရိကန်နိုင်ငံမှာ စီးပွါးရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ အခွင့်အရေးတွေရရှိလာမှာ ဖြစ်ပါတယ်၊၊

တရုတ်အစိုးရကတော့ ထိုင်ဝမ်ကို သူ့ရဲ့နယ်နမိတ်အဖြစ် လက်ခံထားတာ ဖြစ်ပါတယ်၊၊ အမေရိကန်နိုင်ငံဟာ ၁၉၇၆ တရုတ်တနိုင်ငံတည်းမူဝါဒအရဘေဂျင်းက ကွန်မြူနစ်အစိုးရကိုသာ အသိအမှတ်ပြုပြီး ထိုင်ဝမ် နဲ့ သံတမန် အဆက်အသွယ် ြ ဖတ်တောက်ခဲ့ပါတယ်၊၊

သမ္မတထရမ့် အနေနဲ့သဘောတူ လက်မှတ်ရေးနိုင်ခြေရှိတဲ့ ဒီဥပဒေကြမ်းကိစ္စဟာ တရုတ်တနိုင်ငံတည်းမူဝါဒကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဟူကျမ်ရွင်း ကပြောပါတယ်၊၊

တိုင်ပေရဲ့ ဒီမိုကရက်တစ် လွတ်လပ်ရေးလှူပ်ရှားမှု ခေါင်းဆောင် ဆိုင်က ၂၀၁၆ ခုနှစ်မှာ သမ္မတ အဖြစ်ရွေးချယ်ခံရပြီးချိန်က စပြီး ဘေဂျင်းနဲ့ တိုင်ပေ အကြားတင်းမာမှု ပေါ်ပေါက်ခဲ့တာပါ၊၊

သမ္မတ ထရမ့်ကလည်း သူ့ ရဲ့ ၂၀၁၆ ရွေးကောက်ပွဲအပြီးမှာ ဆိုင်ရဲ့ တယ်လီဖုန်းကတစ်ဆင့် ချီးကျူးနှုတ်ဆက်စကား ပြောတာကိုလက်ခံ ပြောဆိုပြီး တရုတ်နိုင်ငံရဲ့ စိတ်မကျေနပ်ချက်ကို နှိုးဆွခဲ့ပါသေးတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG