သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္ကို ေငြေၾကး ေစ်းကစားသူ အျဖစ္ အေမရိကန္ သတ္မွတ္ခ်က္ရဲ႕ ရလဒ္


(Zawgyi/ Unicode)

ဗီယက္နမ္ ႏုိင္ငံကို ေငြေၾကး ေစ်းကစားတဲ႔ ႏုိင္ငံ အျဖစ္ ဒီဇင္ဘာလ အတြင္း အေမရိကန္က သတ္မွတ္လိုက္တာဟာဆိုရင္ ႏွစ္ႏုိင္ငံၾကား ေဆြးေႏြးမႈေတြ အတြက္ တြန္းအားျဖစ္လာႏုိင္ၿပီး ဗီယက္နမ္ဘက္က အေမရိကန္ေတြ ကုန္စည္ေတြကို ပိုၿပီး ၀ယ္ယူလာမႈ ဒါမွမဟုတ္လည္း ႏုိင္ငံျခား ေငြေၾကးလဲလွယ္မႈႏႈန္းမွာ ဗီယက္နမ္ အစိုးရရဲ႕ ၀င္ေရာက္ စြက္ဖက္မႈ က်ဆင္းသြားတာမ်ိဳး ေတြ႔ရႏုိင္တယ္လို႔ သံုးသပ္သူေတြက ရႈျမင္ၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာေတာ့ Ralph Jennings ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။
ဟုတ္ကဲ႔ပါ။

အေမရိကန္ရဲ႕ အဓိက ကုန္သြယ္ဘက္ေတြရဲ႕ အႀကီးစား စီးပြားေရးနဲ႔ ႏုိင္ငံျခား ေငြေၾကးလဲလွယ္မႈ မူ၀ါဒဆိုင္ရာ ႏွစ္လည္ အစီရင္ခံစာကို အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက ထုတ္ျပန္ခဲ႔တာ ျဖစ္ၿပီး ဒီ အစီရင္ခံစာ အရ ဗီယက္နမ္နဲ႔ ဆြစ္ဇာလန္ ႏုိ္င္ငံကို ေငြေၾကး ကစားတဲ႔ ႏုိင္ငံေတြ အျဖစ္ သတ္မွတ္လိုက္တာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ အတြင္း ဗီယက္နမ္ရဲ႕ ေငြေၾကး တန္ဖိုးကို ၄ ဒသမ ၇ ရာခိုင္ႏႈန္း တန္ဖိုးခ်ထားတယ္လို႔ အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက သတ္မွတ္ထားတာပါ။

ဒီႏွစ္ ဇြန္လ အထိ ဗီယက္နမ္နဲ႔ ဆြစ္ဇာလန္တို႔ရဲ႕ ႏုိင္ငံျခား ေငြေၾကး လဲလွယ္မႈ မူ၀ါေတြဟာဆိုရင္ လုပ္ခလစာ ျပင္ဆင္ညွိႏိႈင္းရမႈေတြကို ေကာင္းေကာင္း ထိန္းညွိ ကာကြယ္ထားႏုိင္ေရးကို တစိတ္တပိုင္းအားျဖင့္ ရည္ရြယ္ခဲ႔တာ ေတြ႔တဲ႔ အေၾကာင္း အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္က ေဖာ္ျပပါတယ္။ ဒါေပမယ့္ ဗီယက္နမ္ ႏုိင္ငံရဲ႕ ႏုိင္ငံျခား ေငြလဲလွယ္မႈ မူ၀ါဒမွာေတာ့ ႏုိင္ငံတကာ ကုန္သြယ္ေရးမွာ မမွ်မတ အသားစီးရဖို႔ အတြက္ပါ ရည္ရြယ္တာ ေတြ႔ရေၾကာင္း ေဖာ္ျပပါတယ္။

ေငြေၾကး ေစ်းခ်မႈ အေၾကာင္းရင္းေတြကို အေရးယူေျဖရွင္းဖို႔ တိုက္တြန္းခ်က္ေတြ အပါအ၀င္ ေဆြးေႏြးမႈေတြ ဆက္လုပ္သြားမယ္လုိ႔လည္း အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ ၂၀၁၉ ခုႏွစ္ အတြင္း ဗီယက္နမ္ရဲ႕ ပို႔ကုန္ပိုေငြက ေဒၚလာ ၅၄ ဒသမ ၄ ဘီလ်ံ ရွိခဲ႔ၿပီး အေမရိကန္ အတြက္ ကသိကေအာက္ ျဖစ္စရာ ကိစၥတခုပါ။ ေငြေၾကး ကစားတယ္ဆိုတဲ႔ အေမရိကန္ရဲ႕ စြပ္စြဲခ်က္ကို ဗီယက္နမ္ ဗဟိုဘဏ္က လက္မခံ ပယ္ခ်ပါတယ္။

ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္ထားႏုိင္ေရးနဲ႔ ႏုိင္ငံရဲ႕ အႀကီးစား စီးပြားေရး တည္ၿငိမ္ေစေရးကို ေငြေၾကးလဲလွယ္မႈႏႈန္းက အေထာက္အကူ ျဖစ္ေအာင္ ရည္ရြယ္ေဆာင္ရြက္တာသာ ျဖစ္ၿပီး ကမၻာတလႊား ကုန္သြယ္မႈမွာ အသာစီး ရေစဖို႔ ရည္ရြယ္ လုပ္ေဆာင္တာ မဟုတ္ဘူးလို႔ ဗီယက္နမ္ ဗဟိုဘဏ္ရဲ႕ ေျပာဆိုခ်က္ကို ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ အစိုးရရဲ႕ အြန္လိုင္း သတင္းစာ VGP News မွာ ေဖာ္ျပပါတယ္။

ဗီယက္နမ္ ေဒါင္ ေငြေၾကး ေစ်းႏႈန္းကို ေလွ်ာ့ခ်ထားတာေၾကာင့္ ဗီယက္နမ္ ကုမၸဏီေတြ အေနနဲ႔ အေမရိကန္ကို ကုန္ပစၥည္း ေရာင္းခ်ရာမွာ အေမရိကန္ ၀ယ္လက္ေတြထံကေန ဗီယက္နမ္ ေဒါင္ ေငြေၾကး ပိုၿပီး ရရွိတာ ျဖစ္ပါတယ္။ အေမရိကန္ ပုိ႔ကုန္သမားေတြ အေနနဲ႔ကေတာ့ ဗီယက္နမ္ ေဒါင္ ေငြေၾကး လဲလွယ္ရာမွာ ပိုၿပီး ကုန္က်ေစတာပါ။

ဗီယက္နမ္နဲ႔ အေမရိကန္ၾကား လာမယ့္ႏွစ္ အတြင္း ေငြေၾကးဆိုင္ရာ သေဘာတူညီခ်က္ တခု ရမယ္လို႔ ေမွ်ာ္လင့္ေၾကာင့္ ကြ်မ္းက်င္သူ ၂ ဦးက ေျပာပါတယ္။ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ စစ္ပြဲေတြ အဆံုးသတ္ခဲ႔ၾကတဲ႔ အေမရိကန္နဲ႔ ဗီယက္နမ္ၾကားမွာ ဒီကေန႔ ေခတ္မွာေတာ့ ႏုိင္ငံေရး အရ အဆင္ေျပေနၾကတာပါ။
ၿဗိတိန္ႏုိင္ငံ လန္ဒန္ အေျခစိုက္ ေစ်းကြက္ သုေတသန လုပ္ငန္းႀကီး HIS Markit က ေဒသဆိုင္ရာ အႀကီးတန္း စီးပြားေရး ပညာရွင္ Rajiv Biswas က အခုလို သံုးသပ္ပါတယ္။
“ အေျခခံ အားျဖင့္ေတာ့ ဒီအေျခအေနကို ေျဖရွင္းႏုိင္ေရးအတြက္ အေမရိကန္ ဘက္က ဗီယက္နမ္နဲ႔ ေဆြးေႏြးလာ မလားဆိုတဲ႔ အခိုက္အတန္႔ ျဖစ္ပါတယ္။ ”
အေမရိကန္ အစိုးရ အေနနဲ႔ကေတာ့ မူ၀ါဒ အတိုင္းအတာ အရ ခ်က္ခ်င္းႀကီး အေရးယူ လုပ္ေဆာင္မွာ မဟုတ္ပါဘူးလို႔လည္း သူက ဆက္ေျပာပါတယ္။

ဗီယက္နမ္ အစိုးရဘက္ကေတာ့ အေမရိကန္ရဲ႕ ကုန္ပစၥည္းေတြ ပိုၿပီး ၀ယ္ယူလာတာမ်ိဳး ဒါမွမဟုတ္လည္း ႏုိင္ငံျခား ေငြေၾကး လဲလွယ္မႈမွာ ၀င္ေရာက္ စြက္ဖက္မႈကို ေလွ်ာ့ၿပီး လြတ္လပ္တဲ႔ ေစ်းကြက္အလို အတိုင္း ဆံုးျဖတ္ေစတာမ်ိဳး ျဖစ္လာဖို႔ သေဘာတူႏုိင္တယ္လို႔လည္း ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ ေနာက္ႏွစ္ အတြင္းမွာမွ ဗီယက္နမ္ဘက္က အေရးယူ ေဆာင္ရြက္တာမ်ိဳး မရွိရင္ေတာ့ အေမရိကန္ တာ၀န္ရွိသူေတြ ဘက္က သြင္းကုန္ခြန္ စည္းၾကပ္လာႏုိင္ပါတယ္။

ဗီယက္နမ္ စီးပြားေရးရဲ႕ ေလးပံု တပံုေလာက္က ပို႔ကုန္ေပၚမွာ မွီခိုတာပါ။ ထုတ္လုပ္မႈ ကုန္က်စာရိတ္ သက္သာမႈနဲ႔ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈေတြ ပိုရလာေစေရး အတြက္ ဗီယက္နမ္ အစိုးရဘက္က မက္လံုးေပး ဆြဲေဆာင္မႈေတြေၾကာင့္ Ford ၊ Intel နဲ႔ Samsung Electronics တို႔ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ရရွိေနတာပါ။

ဗီယက္နမ္ရဲ႕ ပို႔ကုန္ေတြထဲမွာ စမတ္ဖုန္းေတြ၊ အ၀တ္အထည္ေတြ၊ ဖိနပ္နဲ႔ ကားပစၥည္း အစိတ္အပိုင္းေတြလည္း ပါ၀င္ပါတယ္။ ၂၀၁၉ ခုႏွစ္ အတြင္း ဗီယက္နမ္ရဲ႕ သြင္းကုန္ ပို႔ကုန္ လုပ္ငန္း ထိပ္တန္း မိတ္ဖက္ေတြထဲမွာ အေမရိကန္ ျပည္ေထာင္စုလည္း ပါ၀င္ပါတယ္။

ေငြေၾကး ေစ်းကစားတယ္လို႔ အေမရိကန္က သတ္မွတ္ခံရတဲ႔ တျခားႏုိင္ငံေတြကေတာ့ အေမရိကန္ ကုန္ပစၥည္းေတြကို ပိုၿပီး ၀ယ္ယူဖို႔ သေဘာတူညီခ်က္နဲ႔ အေမရိကန္နဲ႔ ျပန္လည္ ရင္ၾကားေစ႔ခဲ႔ၾကပါတယ္။ ဥပမာ အားျဖင့္ ထိုင္၀မ္ ဆိုရင္ အေမရိကန္နဲ႔ ကုန္သြယ္မႈ အသာစီးရမႈကို ေလွ်ာ့ခ်ၿပီး ေငြေၾကး ေစ်းကစားသူ အျဖစ္ သတ္မွတ္ခံရမယ့္ အေရး ေရွာင္က်ဥ္ႏုိင္ေရး အတြက္ ၿပီးခဲ႔ႏွစ္ ႏွစ္ကုန္ပိုင္းမွာ အေမရိကန္ ကုန္စည္ေတြ ပိုၿပီး ၀ယ္ယူေရး စီစဥ္ခဲ႔တယ္လုိ႔လည္း ေဖာ္ျပခဲ႔ၾကပါတယ္။

၂၀၁၉ ေဖေဖာ္၀ါရီ လ အတြင္းမွာဘဲ ဗီယက္နမ္ အေျခစိုက္ ေစ်းႏႈန္း သက္သက္သာသာနဲ႔ ပ်ံသန္းတဲ႔ Vietjet Air က Boeing 737 MAX ေလယာဥ္ အစီးေရ ၁၀၀ ထပ္မံ ၀ယ္ယူေရး အေမရိကန္ထုတ္ Boeing လုပ္ငန္းႀကီးနဲ႔ သေဘာတူခဲ႔ၾကပါတယ္။

ဟိုခ်ီမင္းစီးတီး အေျခစိုက္ Mazars စီးပြားေရး အႀကံေပး လုပ္ငန္းႀကီးရဲ႕ စီးပြားဖက္ တဦး ျဖစ္တဲ႔ Jack Nguyen ကေတာ့ အခုလို ေျပာပါတယ္။
“Boeing ဘက္က မွာထားတဲ႔ MAX ေလယာဥ္ေတြ ရၿပီဆိုတာနဲ႔ ဗီယက္နမ္ဘက္က ထပ္ၿပီး မွာယူမွာပါ။ Boeing လုပ္ငန္းႀကီးထံကေန အမ်ားႀကီး ၀ယ္ယူဖို႔ မွာၾကားထားပါတယ္။ ဒါက ကုန္သြယ္ေရးကို ခ်ိန္ညွိဖို႔ က်ေနာ္တို႔ရဲ႕ ေဆာင္ရြက္ခ်က္ ျဖစ္ပါတယ္။”

ၿပီးခဲ႔တဲ႔ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ တုန္းကလည္း တရုတ္ႏုိင္ငံကို ေငြေၾကး ေစ်းကစားတဲ႔ ႏုိင္ငံ အျဖစ္ အေမရိကန္က သတ္မွတ္ခဲ႔ေပမယ့္လည္း အေမရိကန္ လုပ္ငန္းေတြ အတြက္ ေကာင္းတယ္လို႔ ဆိုတဲ႔ ကနဦးကုန္သြယ္ေရး သေဘာတူညီခ်က္ကို တရုတ္ဘက္က သေဘာတူခဲ႔ၿပီးေနာက္ ဒီႏွစ္ ဇန္န၀ါရီလမွာ အဲဒီ စာရင္းကေန တရုတ္ကို ဖယ္ေပးခဲ႔ပါတယ္။

ဗီယက္နမ္ ဗဟိုဘဏ္ ကလည္း အေမရိကန္နဲ႔ ပူးေပါင္းေဆာင္ရြက္လိုေၾကာင္း ေျပာဆိုထားတာပါ။

အေမရိကန္နဲ႔ ဗီယက္နမ္ၾကား မွ်တၿပီး ဟန္ခ်က္ညီတဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ျဖစ္ထြန္းလာေရး၊ ႏွစ္ဖက္ အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္ေရး စိတ္ဆႏၵေတြ အေပၚ အေျခခံၿပီး ဆက္စပ္ ျပသနာေတြကို အေမရိကန္နဲ႔ ေဆြးေႏြးၿပီး ဗီယက္နမ္ဘက္က ပူးေပါင္းေဆာင္ရြက္လိုေၾကာင္း အစိုးရပိုင္ VGP News က ေဖာ္ျပပါတယ္။

ၿဗိတိန္ႏုိင္ငံ လန္ဒန္ အေျခစိုက္ ေစ်းကြက္ သုေတသန လုပ္ငန္းႀကီး HIS Markit က ေဒသဆိုင္ရာ အႀကီးတန္း စီးပြားေရး ပညာရွင္ Rajiv Biswas ကေတာ့ ဗီယက္နမ္ အေနနဲ႔ အေမရိကန္ထံကေန သြင္းကုန္ တိုးျမွင့္ေရး ဒါမွမဟုတ္လည္း ကုန္သြယ္ေရး မညီမွ်မႈကို ေလွ်ာ့ခ်ေရးတို႔ကို အခ်ိန္တို အတြင္း လုပ္ႏုိင္ဖို႔ ခက္မယ္လို႔ သံုးသပ္ပါတယ္။ ဗီယက္နမ္ အေနနဲ႔ ႏုိင္ငံျခားေငြ လဲလွယ္ႏႈန္းမွာ စြက္ဖက္ေနတာကို ေလွ်ာ့တာက ပိုၿပီး လြယ္ကူမွာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

တရုတ္နည္းတူဘဲ ဗီယက္နမ္ ႏုိင္ငံဟာလည္း ထုတ္ကုန္တင္ပို႔မႈကို အမ်ားစု မွီခိုေနရတာ ျဖစ္ၿပီး ေငြေၾကးလဲလွယ္ႏႈန္းထား မွာလည္း ဗီယက္နမ္ ကြန္ျမဴနစ္ အစိုးရက ထိန္းခ်ဳပ္ထားတာ ျဖစ္ပါတယ္။ တရုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရး အျငင္းပြားမႈမွာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကာကြယ္ေဆာင္ရြက္မႈေတြေၾကာင့္ ၂၀၁၈ ခုႏွစ္က စလို႔ ႏွစ္ဘက္စလံုးမွာ အခြန္စည္းၾကပ္မႈေတြ အျပန္အလွန္ ျဖစ္ေနတာပါ။
အေမရိကန္ သမၼတ Donald Trump အေနနဲ႔ ဗီယက္နမ္ကို ပစ္မွတ္ထားတာ မဟုတ္ဘူးလို႔ ပညာရွင္ေတြက ယံုၾကည္ၾကပါတယ္။ အေမရိကန္နဲ႔ တရုတ္ၾကား ကုန္သြယ္ခြန္ေတြကို ေရွာင္ႏုိင္ဖို႔ အတြက္ တရုတ္ အေျခစိုက္ စက္ရံုေတြ အမ်ားအျပား ဗီယက္နမ္ကုိ ေရႊ႕လာၾကတာေၾကာင့္ အေမရိကန္ တာ၀န္ရွိသူေတြဘက္က စိုးရိမ္တႀကီး ေစာင့္ၾကည့္ေနၾကတာလို႔ ယူဆၾကပါတယ္။

မေလးရွားဘဏ္ CIMB က စီးပြားေရး ပညာရွင္ Song Seng Wun ကေတာ့ ဗီယက္နမ္ အေနနဲ႔ ကုန္စည္ ထုတ္လုပ္ ျဖန္႔ျဖဴးမႈရဲ႕ အက်ိဳးအျမတ္ေတြ အေပၚမွာ အလြန္ အမင္း ေက်နပ္အားရ ျဖစ္မေနဖို႔ အတြက္ အေမရိကန္ဘက္က အနည္းငယ္ သတိေပးလိုက္တဲ႔ အခ်က္ဘဲ ျဖစ္ပါတယ္လို႔ ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗီယက်နမ်ကို ငွေကြေး ဈေးကစားသူ အဖြစ် အမေရိကန် သတ်မှတ်ချက်ရဲ့ ရလဒ်


ဗီယက်နမ် နိုင်ငံကို ငွေကြေး ဈေးကစားတဲ့ နိုင်ငံ အဖြစ် ဒီဇင်ဘာလ အတွင်း အမေရိကန်က သတ်မှတ်လိုက်တာဟာဆိုရင် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ အတွက် တွန်းအားဖြစ်လာနိုင်ပြီး ဗီယက်နမ်ဘက်က အမေရိကန်တွေ ကုန်စည်တွေကို ပိုပြီး ဝယ်ယူလာမှု ဒါမှမဟုတ်လည်း နိုင်ငံခြား ငွေကြေးလဲလှယ်မှုနှုန်းမှာ ဗီယက်နမ် အစိုးရရဲ့ ဝင်ရောက် စွက်ဖက်မှု ကျဆင်းသွားတာမျိုး တွေ့ရနိုင်တယ်လို့ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာတော့ Ralph Jennings ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ဟုတ်ကဲ့ပါ။

အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဘက်တွေရဲ့ အကြီးစား စီးပွားရေးနဲ့ နိုင်ငံခြား ငွေကြေးလဲလှယ်မှု မူဝါဒဆိုင်ရာ နှစ်လည် အစီရင်ခံစာကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီ အစီရင်ခံစာ အရ ဗီယက်နမ်နဲ့ ဆွစ်ဇာလန် နိုင်ငံကို ငွေကြေး ကစားတဲ့ နိုင်ငံတွေ အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း ဗီယက်နမ်ရဲ့ ငွေကြေး တန်ဖိုးကို ၄ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးချထားတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတာပါ။

ဒီနှစ် ဇွန်လ အထိ ဗီယက်နမ်နဲ့ ဆွစ်ဇာလန်တို့ရဲ့ နိုင်ငံခြား ငွေကြေး လဲလှယ်မှု မူဝါတွေဟာဆိုရင် လုပ်ခလစာ ပြင်ဆင်ညှိနှိုင်းရမှုတွေကို ကောင်းကောင်း ထိန်းညှိ ကာကွယ်ထားနိုင်ရေးကို တစိတ်တပိုင်းအားဖြင့် ရည်ရွယ်ခဲ့တာ တွေ့တဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ ဒါပေမယ့် ဗီယက်နမ် နိုင်ငံရဲ့ နိုင်ငံခြား ငွေလဲလှယ်မှု မူဝါဒမှာတော့ နိုင်ငံတကာ ကုန်သွယ်ရေးမှာ မမျှမတ အသားစီးရဖို့ အတွက်ပါ ရည်ရွယ်တာ တွေ့ရကြောင်း ဖော်ပြပါတယ်။
ငွေကြေး ဈေးချမှု အကြောင်းရင်းတွေကို အရေးယူဖြေရှင်းဖို့ တိုက်တွန်းချက်တွေ အပါအဝင် ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း ဗီယက်နမ်ရဲ့ ပို့ကုန်ပိုငွေက ဒေါ်လာ ၅၄ ဒသမ ၄ ဘီလျံ ရှိခဲ့ပြီး အမေရိကန် အတွက် ကသိကအောက် ဖြစ်စရာ ကိစ္စတခုပါ။ ငွေကြေး ကစားတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို ဗီယက်နမ် ဗဟိုဘဏ်က လက်မခံ ပယ်ချပါတယ်။

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်ရေးနဲ့ နိုင်ငံရဲ့ အကြီးစား စီးပွားရေး တည်ငြိမ်စေရေးကို ငွေကြေးလဲလှယ်မှုနှုန်းက အထောက်အကူ ဖြစ်အောင် ရည်ရွယ်ဆောင်ရွက်တာသာ ဖြစ်ပြီး ကမ္ဘာတလွှား ကုန်သွယ်မှုမှာ အသာစီး ရစေဖို့ ရည်ရွယ် လုပ်ဆောင်တာ မဟုတ်ဘူးလို့ ဗီယက်နမ် ဗဟိုဘဏ်ရဲ့ ပြောဆိုချက်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အစိုးရရဲ့ အွန်လိုင်း သတင်းစာ VGP News မှာ ဖော်ပြပါတယ်။

ဗီယက်နမ် ဒေါင် ငွေကြေး ဈေးနှုန်းကို လျှော့ချထားတာကြောင့် ဗီယက်နမ် ကုမ္ပဏီတွေ အနေနဲ့ အမေရိကန်ကို ကုန်ပစ္စည်း ရောင်းချရာမှာ အမေရိကန် ဝယ်လက်တွေထံကနေ ဗီယက်နမ် ဒေါင် ငွေကြေး ပိုပြီး ရရှိတာ ဖြစ်ပါတယ်။ အမေရိကန် ပို့ကုန်သမားတွေ အနေနဲ့ကတော့ ဗီယက်နမ် ဒေါင် ငွေကြေး လဲလှယ်ရာမှာ ပိုပြီး ကုန်ကျစေတာပါ။

ဗီယက်နမ်နဲ့ အမေရိကန်ကြား လာမယ့်နှစ် အတွင်း ငွေကြေးဆိုင်ရာ သဘောတူညီချက် တခု ရမယ်လို့ မျှော်လင့်ကြောင့် ကျွမ်းကျင်သူ ၂ ဦးက ပြောပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စစ်ပွဲတွေ အဆုံးသတ်ခဲ့ကြတဲ့ အမေရိကန်နဲ့ ဗီယက်နမ်ကြားမှာ ဒီကနေ့ ခေတ်မှာတော့ နိုင်ငံရေး အရ အဆင်ပြေနေကြတာပါ။
ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် ဈေးကွက် သုတေသန လုပ်ငန်းကြီး HIS Markit က ဒေသဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် Rajiv Biswas က အခုလို သုံးသပ်ပါတယ်။
“ အခြေခံ အားဖြင့်တော့ ဒီအခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန် ဘက်က ဗီယက်နမ်နဲ့ ဆွေးနွေးလာ မလားဆိုတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ”
အမေရိကန် အစိုးရ အနေနဲ့ကတော့ မူဝါဒ အတိုင်းအတာ အရ ချက်ချင်းကြီး အရေးယူ လုပ်ဆောင်မှာ မဟုတ်ပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဗီယက်နမ် အစိုးရဘက်ကတော့ အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေ ပိုပြီး ဝယ်ယူလာတာမျိုး ဒါမှမဟုတ်လည်း နိုင်ငံခြား ငွေကြေး လဲလှယ်မှုမှာ ဝင်ရောက် စွက်ဖက်မှုကို လျှော့ပြီး လွတ်လပ်တဲ့ ဈေးကွက်အလို အတိုင်း ဆုံးဖြတ်စေတာမျိုး ဖြစ်လာဖို့ သဘောတူနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ နောက်နှစ် အတွင်းမှာမှ ဗီယက်နမ်ဘက်က အရေးယူ ဆောင်ရွက်တာမျိုး မရှိရင်တော့ အမေရိကန် တာဝန်ရှိသူတွေ ဘက်က သွင်းကုန်ခွန် စည်းကြပ်လာနိုင်ပါတယ်။

ဗီယက်နမ် စီးပွားရေးရဲ့ လေးပုံ တပုံလောက်က ပို့ကုန်ပေါ်မှာ မှီခိုတာပါ။ ထုတ်လုပ်မှု ကုန်ကျစာရိတ် သက်သာမှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာစေရေး အတွက် ဗီယက်နမ် အစိုးရဘက်က မက်လုံးပေး ဆွဲဆောင်မှုတွေကြောင့် Ford ၊ Intel နဲ့ Samsung Electronics တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိနေတာပါ။

ဗီယက်နမ်ရဲ့ ပို့ကုန်တွေထဲမှာ စမတ်ဖုန်းတွေ၊ အဝတ်အထည်တွေ၊ ဖိနပ်နဲ့ ကားပစ္စည်း အစိတ်အပိုင်းတွေလည်း ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း ဗီယက်နမ်ရဲ့ သွင်းကုန် ပို့ကုန် လုပ်ငန်း ထိပ်တန်း မိတ်ဖက်တွေထဲမှာ အမေရိကန် ပြည်ထောင်စုလည်း ပါဝင်ပါတယ်။

ငွေကြေး ဈေးကစားတယ်လို့ အမေရိကန်က သတ်မှတ်ခံရတဲ့ တခြားနိုင်ငံတွေကတော့ အမေရိကန် ကုန်ပစ္စည်းတွေကို ပိုပြီး ဝယ်ယူဖို့ သဘောတူညီချက်နဲ့ အမေရိကန်နဲ့ ပြန်လည် ရင်ကြားစေ့ခဲ့ကြပါတယ်။ ဥပမာ အားဖြင့် ထိုင်ဝမ် ဆိုရင် အမေရိကန်နဲ့ ကုန်သွယ်မှု အသာစီးရမှုကို လျှော့ချပြီး ငွေကြေး ဈေးကစားသူ အဖြစ် သတ်မှတ်ခံရမယ့် အရေး ရှောင်ကျဉ်နိုင်ရေး အတွက် ပြီးခဲ့နှစ် နှစ်ကုန်ပိုင်းမှာ အမေရိကန် ကုန်စည်တွေ ပိုပြီး ဝယ်ယူရေး စီစဉ်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။

၂၀၁၉ ဖေဖော်ဝါရီ လ အတွင်းမှာဘဲ ဗီယက်နမ် အခြေစိုက် ဈေးနှုန်း သက်သက်သာသာနဲ့ ပျံသန်းတဲ့ Vietjet Air က Boeing 737 MAX လေယာဉ် အစီးရေ ၁၀၀ ထပ်မံ ဝယ်ယူရေး အမေရိကန်ထုတ် Boeing လုပ်ငန်းကြီးနဲ့ သဘောတူခဲ့ကြပါတယ်။

ဟိုချီမင်းစီးတီး အခြေစိုက် Mazars စီးပွားရေး အကြံပေး လုပ်ငန်းကြီးရဲ့ စီးပွားဖက် တဦး ဖြစ်တဲ့ Jack Nguyen ကတော့ အခုလို ပြောပါတယ်။
“Boeing ဘက်က မှာထားတဲ့ MAX လေယာဉ်တွေ ရပြီဆိုတာနဲ့ ဗီယက်နမ်ဘက်က ထပ်ပြီး မှာယူမှာပါ။ Boeing လုပ်ငန်းကြီးထံကနေ အများကြီး ဝယ်ယူဖို့ မှာကြားထားပါတယ်။ ဒါက ကုန်သွယ်ရေးကို ချိန်ညှိဖို့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ တုန်းကလည်း တရုတ်နိုင်ငံကို ငွေကြေး ဈေးကစားတဲ့ နိုင်ငံ အဖြစ် အမေရိကန်က သတ်မှတ်ခဲ့ပေမယ့်လည်း အမေရိကန် လုပ်ငန်းတွေ အတွက် ကောင်းတယ်လို့ ဆိုတဲ့ ကနဦးကုန်သွယ်ရေး သဘောတူညီချက်ကို တရုတ်ဘက်က သဘောတူခဲ့ပြီးနောက် ဒီနှစ် ဇန်နဝါရီလမှာ အဲဒီ စာရင်းကနေ တရုတ်ကို ဖယ်ပေးခဲ့ပါတယ်။

ဗီယက်နမ် ဗဟိုဘဏ် ကလည်း အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောဆိုထားတာပါ။

အမေရိကန်နဲ့ ဗီယက်နမ်ကြား မျှတပြီး ဟန်ချက်ညီတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ထွန်းလာရေး၊ နှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး စိတ်ဆန္ဒတွေ အပေါ် အခြေခံပြီး ဆက်စပ် ပြသနာတွေကို အမေရိကန်နဲ့ ဆွေးနွေးပြီး ဗီယက်နမ်ဘက်က ပူးပေါင်းဆောင်ရွက်လိုကြောင်း အစိုးရပိုင် VGP News က ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် ဈေးကွက် သုတေသန လုပ်ငန်းကြီး HIS Markit က ဒေသဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် Rajiv Biswas ကတော့ ဗီယက်နမ် အနေနဲ့ အမေရိကန်ထံကနေ သွင်းကုန် တိုးမြှင့်ရေး ဒါမှမဟုတ်လည်း ကုန်သွယ်ရေး မညီမျှမှုကို လျှော့ချရေးတို့ကို အချိန်တို အတွင်း လုပ်နိုင်ဖို့ ခက်မယ်လို့ သုံးသပ်ပါတယ်။ ဗီယက်နမ် အနေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ စွက်ဖက်နေတာကို လျှော့တာက ပိုပြီး လွယ်ကူမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တရုတ်နည်းတူဘဲ ဗီယက်နမ် နိုင်ငံဟာလည်း ထုတ်ကုန်တင်ပို့မှုကို အများစု မှီခိုနေရတာ ဖြစ်ပြီး ငွေကြေးလဲလှယ်နှုန်းထား မှာလည်း ဗီယက်နမ် ကွန်မြူနစ် အစိုးရက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး အငြင်းပွားမှုမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်ဆောင်ရွက်မှုတွေကြောင့် ၂၀၁၈ ခုနှစ်က စလို့ နှစ်ဘက်စလုံးမှာ အခွန်စည်းကြပ်မှုတွေ အပြန်အလှန် ဖြစ်နေတာပါ။
အမေရိကန် သမ္မတ Donald Trump အနေနဲ့ ဗီယက်နမ်ကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ခွန်တွေကို ရှောင်နိုင်ဖို့ အတွက် တရုတ် အခြေစိုက် စက်ရုံတွေ အများအပြား ဗီယက်နမ်ကို ရွှေ့လာကြတာကြောင့် အမေရိကန် တာဝန်ရှိသူတွေဘက်က စိုးရိမ်တကြီး စောင့်ကြည့်နေကြတာလို့ ယူဆကြပါတယ်။

မလေးရှားဘဏ် CIMB က စီးပွားရေး ပညာရှင် Song Seng Wun ကတော့ ဗီယက်နမ် အနေနဲ့ ကုန်စည် ထုတ်လုပ် ဖြန့်ဖြူးမှုရဲ့ အကျိုးအမြတ်တွေ အပေါ်မှာ အလွန် အမင်း ကျေနပ်အားရ ဖြစ်မနေဖို့ အတွက် အမေရိကန်ဘက်က အနည်းငယ် သတိပေးလိုက်တဲ့ အချက်ဘဲ ဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။

XS
SM
MD
LG