သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္အေရး Joe Biden အစိုးရ ဦးေဆာင္ေျဖရွင္းေပးဖို႔ RI အဖြဲ႔တိုက္တြန္း


၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္ကေန ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ ရိုဟင္ဂ်ာ ဒုကၡသည္မ်ားကို ျမန္မာ ဘဂၤလားနယ္စပ္အနီးမွာ ေတြ႔ရ။ (စင္တင္ဘာ ၀၄၊ ၂၀၁၇)

[Zawgyi/Unicode]

ေရြးေကာက္ခံသမၼတ Joe Biden
ေရြးေကာက္ခံသမၼတ Joe Biden

အေမရိကန္ ျပည္ေထာင္စုမွာ ေရြးေကာက္ခံသမၼတ Joe Biden အစုိးရတက္လာတဲ့အခါ ႐ုိဟင္ဂ်ာအေရး ဦးေဆာင္ေျဖရွင္းဖုိ႔ ဒုကၡသည္အေရး လႈပ္ရွားေနတဲ့ ၀ါရွင္တန္အေျခစုိက္ Refugees International အဖဲြ႔က တုိက္တြန္းလုိက္တဲ့အေၾကာင္းကို ကိုေအာင္လြင္ဦးက ေျပာျပပါမယ္။

“႐ုိဟင္ဂ်ာအေရး ႏုိင္ငံတကာအတုိင္းအတာနဲ႔ ဦးေဆာင္ေျဖရွင္းဖုိ႔ ေရြးေကာက္ခံသမၼတ Biden အတြက္ အေရးႀကီးတဲ့ မူ၀ါဒေရးရာ အႀကံျပဳခ်က္” ဆုိတဲ့ အမည္နဲ႔ အစီရင္ခံစာတေစာင္ ဒီကေန႔ပဲ ထုတ္ျပန္လိုက္ၿပီး Refugees International အဖဲြ႔က တုိက္တြန္းလုိက္တာ ျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာအေရး ေျဖရွင္းရာမွာ ႏုိင္ငံတကာအသုိင္းအ၀န္းကုိ တြန္းအားေပးႏုိင္တာေၾကာင့္ အခုလုိ တုိက္တြန္းရတာလုိ႔လည္း အစီရင္ခံစာကုိ ဦးေဆာင္ျပဳစုခဲ့တဲ့ Daniel Sullivan ကေျပာဆုိခဲ့တာပါ။

“အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ အဓိကအခန္းက႑က ဦးေဆာင္ႏုိင္မယ္လုိ႔ က်ေနာ္တုိ႔ ယုံၾကည္ထားပါတယ္။ ျဖစ္ခဲ့တာေတြအေပၚ ျဖစ္တဲ့အတုိင္း တရား၀င္ အသိအမွတ္ျပဳ သုံးႏႈန္းေျပာဆုိတာမ်ဳိးကအစ လုပ္ႏုိင္တာေတြလည္း ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ လူမ်ဳိးတုံး သတ္ျဖတ္မႈ၊ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈအျဖစ္ သတ္မွတ္ဖုိ႔နဲ႔ ေနာက္ဆက္တဲြ သံတမန္ေရးအရ အေရးတႀကီး ေဆာင္ရြက္တာေတြ အပါအ၀င္ တျခားအေရးယူ ေဆာင္ရြက္တာေတြ လုပ္သြားဖုိ႔လည္း လုိပါတယ္။”

႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကုိ လူမ်ဳိးတုံး သတ္ျဖတ္မႈအျဖစ္ တရား၀င္သတ္မွတ္ဖုိ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ၊ လႊတ္ေတာ္အမတ္ေတြက တုိက္တြန္းတာေတြ ရွိေနေပမဲ့ အေမရိကန္ အစုိးရကေတာ့ လက္ခံမထားပါဘူး။ ဒါေပမဲ့လည္း မၾကာခင္ အစုိးရသစ္ လက္ထက္မွာေတာ့ ဒီမူ၀ါဒကုိ ေျပာင္းလဲဖုိ႔လည္း Refugees International အဖဲြ႔အပါအ၀င္ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ တြန္းအားေပး ေနၾကတာပါ။

အထူးသျဖင့္ ေရြးေကာက္ခံသမၼတ Biden အစုိးရသစ္မွာ အေရးႀကီးတဲ့ အခန္းက႑က ပါ၀င္လာၾကမယ့္ သူေတြ အေနနဲ႔ ႐ုိဟင္ဂ်ာအေရး အပါအ၀င္ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္လုိ႔ အာ႐ုံစုိက္တဲ့ မွတ္တမ္းေတြ ရွိခဲ့ဖူးတာေၾကာင့္ မူ၀ါဒသစ္ေတြကုိ အေကာင္အထည္ ေဖာ္ႏုိင္ဖုိ႔လည္း ေမွ်ာ္လင့္ေနၾကပါတယ္။ ေရြးေကာက္ခံ ဒုသမၼတ Kamala Harris ႏုိင္ငံျခားေရး ၀န္ႀကီးအျဖစ္ အဆုိျပဳခံထားရတဲ့ Anthony Blinken အျပင္ အေမရိကန္ ႏုိင္ငံတကာ ဖြံ႔ၿဖိဳးေရး ေအဂ်င္စီ (USAID) အႀကီးအကဲအျဖစ္ ကုလသမဂၢဆုိင္ရာ သံအမတ္ႀကီးေဟာင္း Samantha Power တုိ႔လုိ ပုဂၢိဳလ္ေတြ အေနနဲ႔ ႐ုိဟင္ဂ်ာအေရးမွာ တြန္းအားေပးႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း Refugees International အဖဲြ႔က Daniel Sullivan ကေျပာပါတယ္။

“အဆင့္ျမင့္ရာထူးတာ၀န္ ထမ္းေဆာင္ၾကမယ့္ သူေတြရဲ႕ ေျပာဆုိခ်က္ေတြေၾကာင့္ က်ေနာ္အားရေက်နပ္မိတ္တာေတြ ရွိပါတယ္။ Biden အစုိးရအဖဲြ႔မွာ ပထမဆုံးအေနနဲ႔ Kamala Harris ဟာဆုိရင္လည္း အထက္လႊတ္ေတာ္အမတ္ ဘ၀မွာတုန္းက ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးဆုိင္ရာ ဥပေဒၾကမ္းကုိ ပူးတဲြတင္သြင္းဖူးပါတယ္။ ႏုိင္ငံျခားေရး ၀န္ႀကီးအျဖစ္ အဆုိျပဳခံထားရတဲ့ Anthony Blinken ဟာ ဆုိရင္လည္း ႐ုိဟင္ဂ်ာေတြ တုိက္ခုိက္ခံရမႈေတြ စခဲ့တဲ့ ၃ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၅ ရက္ေန႔က ႐ုိဟင္ဂ်ာအေရး တာ၀န္ခံမႈရွိဖုိ႔နဲ႔ ႏုိင္ငံသားအခြင့္အေရး ရရွိဖုိ႔ Twitter လူမႈကြန္ယက္ကေန ေတာင္းဆုိခဲ့ဖူးပါတယ္။ Samantha Power ဟာလည္း အစုိးရအဖဲြ႔မွာ ပါလာဖုိ႔ ရွိတာေၾကာင့္ ႐ုိဟင္ဂ်ာအေရး ေျဖရွင္းဖုိ႔ လုိလုိလားလား ေျပာဆုိၾကသူေတြ ေတာ္ေတာ္မ်ားမ်ား အစုိးရအဖဲြ႔သစ္မွာ ပါလာၾကေတာ့မွာပါ။”

ရခုိင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္တုန္းက လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြက ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက စြပ္စဲြထားပါတယ္။ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအစုိးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ႏုိင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖဲြ႔ေတြက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္းနဲ႔ က်ဳးလြန္သူတခ်ဳိ႕ကုိ စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြ ရွိခဲ့ေၾကာင္းလည္း ေျပာဆုိထားပါတယ္။

Refugees International အဖဲြ႔ရဲ႕ အစီရင္ခံစာမွာေတာ့ အေမရိကန္က ဦးေဆာင္ၿပီး ႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမွာ တာ၀န္ရွိသူေတြကုိ ပစ္မွတ္ထား အေရးယူဒဏ္ခတ္တာေတြ အပါအ၀င္ ဖိအားေပးဖုိ႔လည္း တုိက္တြန္းထားပါတယ္။ တခ်ိန္တည္းမွာပဲ ဒုကၡသည္ေတြ လုံၿခံဳမႈရွိရွိနဲ႔ ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏုိင္ေအာင္ သံတမန္ေရးနည္းလမ္းေတြနဲ႔ ႀကိဳးပမ္းႏုိင္တာေတြ ရွိတယ္လုိ႔လည္း ေထာက္ျပထားပါတယ္။

Refugees International အဖဲြ႔ရဲ႕ အစီရင္ခံစာကုိ ဦးေဆာင္ျပဳစုခဲ့တဲ့ Daniel Sullivan ကုိ Skype ကေန ဆက္သြယ္ေမးျမန္းခ်က္ အျပည့္အစုံကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္းတနဂၤေႏြေန႔ညနဲ႔ တနလၤာေန႔မနက္ အစီအစဥ္ေတြမွာ အျပည့္အစုံ နားဆင္ႏုိင္ေၾကာင္းလည္း ႀကိဳတင္အသိေပးခ်င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည်အရေး Joe Biden အစိုးရ ဦးဆောင်ဖြေရှင်းပေးဖို့ RI အဖွဲ့တိုက်တွန်း

အမေရိကန် ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ Joe Biden အစိုးရတက်လာတဲ့အခါ ရိုဟင်ဂျာအရေး ဦးဆောင်ဖြေရှင်းဖို့ ဒုက္ခသည်အရေး လှုပ်ရှားနေတဲ့ ဝါရှင်တန်အခြေစိုက် Refugees International အဖွဲ့က တိုက်တွန်းလိုက်တဲ့အကြောင်းကို ကိုအောင်လွင်ဦးက ပြောပြပါမယ်။

“ရိုဟင်ဂျာအရေး နိုင်ငံတကာအတိုင်းအတာနဲ့ ဦးဆောင်ဖြေရှင်းဖို့ ရွေးကောက်ခံသမ္မတ Biden အတွက် အရေးကြီးတဲ့ မူဝါဒရေးရာ အကြံပြုချက်” ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစောင် ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပြီး Refugees International အဖွဲ့က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ နိုင်ငံတကာအသိုင်းအဝန်းကို တွန်းအားပေးနိုင်တာကြောင့် အခုလို တိုက်တွန်းရတာလို့လည်း အစီရင်ခံစာကို ဦးဆောင်ပြုစုခဲ့တဲ့ Daniel Sullivan ကပြောဆိုခဲ့တာပါ။

“အမေရိကန် ပြည်ထောင်စုအနေနဲ့ အဓိကအခန်းကဏ္ဍက ဦးဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဖြစ်ခဲ့တာတွေအပေါ် ဖြစ်တဲ့အတိုင်း တရားဝင် အသိအမှတ်ပြု သုံးနှုန်းပြောဆိုတာမျိုးကအစ လုပ်နိုင်တာတွေလည်း တော်တော်များများ ရှိပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့နဲ့ နောက်ဆက်တွဲ သံတမန်ရေးအရ အရေးတကြီး ဆောင်ရွက်တာတွေ အပါအဝင် တခြားအရေးယူ ဆောင်ရွက်တာတွေ လုပ်သွားဖို့လည်း လိုပါတယ်။”

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေက တိုက်တွန်းတာတွေ ရှိနေပေမဲ့ အမေရိကန် အစိုးရကတော့ လက်ခံမထားပါဘူး။ ဒါပေမဲ့လည်း မကြာခင် အစိုးရသစ် လက်ထက်မှာတော့ ဒီမူဝါဒကို ပြောင်းလဲဖို့လည်း Refugees International အဖွဲ့အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေ တွန်းအားပေး နေကြတာပါ။

အထူးသဖြင့် ရွေးကောက်ခံသမ္မတ Biden အစိုးရသစ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာကြမယ့် သူတွေ အနေနဲ့ ရိုဟင်ဂျာအရေး အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာရုံစိုက်တဲ့ မှတ်တမ်းတွေ ရှိခဲ့ဖူးတာကြောင့် မူဝါဒသစ်တွေကို အကောင်အထည် ဖော်နိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။ ရွေးကောက်ခံ ဒုသမ္မတ Kamala Harris နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ Anthony Blinken အပြင် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အကြီးအကဲအဖြစ် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဟောင်း Samantha Power တို့လို ပုဂ္ဂိုလ်တွေ အနေနဲ့ ရိုဟင်ဂျာအရေးမှာ တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း Refugees International အဖွဲ့က Daniel Sullivan ကပြောပါတယ်။

“အဆင့်မြင့်ရာထူးတာဝန် ထမ်းဆောင်ကြမယ့် သူတွေရဲ့ ပြောဆိုချက်တွေကြောင့် ကျနော်အားရကျေနပ်မိတ်တာတွေ ရှိပါတယ်။ Biden အစိုးရအဖွဲ့မှာ ပထမဆုံးအနေနဲ့ Kamala Harris ဟာဆိုရင်လည်း အထက်လွှတ်တော်အမတ် ဘဝမှာတုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို ပူးတွဲတင်သွင်းဖူးပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ Anthony Blinken ဟာ ဆိုရင်လည်း ရိုဟင်ဂျာတွေ တိုက်ခိုက်ခံရမှုတွေ စခဲ့တဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာအရေး တာဝန်ခံမှုရှိဖို့နဲ့ နိုင်ငံသားအခွင့်အရေး ရရှိဖို့ Twitter လူမှုကွန်ယက်ကနေ တောင်းဆိုခဲ့ဖူးပါတယ်။ Samantha Power ဟာလည်း အစိုးရအဖွဲ့မှာ ပါလာဖို့ ရှိတာကြောင့် ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ လိုလိုလားလား ပြောဆိုကြသူတွေ တော်တော်များများ အစိုးရအဖွဲ့သစ်မှာ ပါလာကြတော့မှာပါ။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

Refugees International အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ အမေရိကန်က ဦးဆောင်ပြီး ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်တာတွေ အပါအဝင် ဖိအားပေးဖို့လည်း တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ ဒုက္ခသည်တွေ လုံခြုံမှုရှိရှိနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်အောင် သံတမန်ရေးနည်းလမ်းတွေနဲ့ ကြိုးပမ်းနိုင်တာတွေ ရှိတယ်လို့လည်း ထောက်ပြထားပါတယ်။

Refugees International အဖွဲ့ရဲ့ အစီရင်ခံစာကို ဦးဆောင်ပြုစုခဲ့တဲ့ Daniel Sullivan ကို Skype ကနေ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းတနင်္ဂနွေနေ့ညနဲ့ တနင်္လာနေ့မနက် အစီအစဉ်တွေမှာ အပြည့်အစုံ နားဆင်နိုင်ကြောင်းလည်း ကြိုတင်အသိပေးချင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG