(Zawgyi/Unicode)
သမၼတ ေဒၚနယ္ ထရမ့္ကို အေမရိကန္ ေအာက္လႊတ္ေတာ္က ဗုဒၶဟူးေန႔က တရားစြဲဆိုလိုက္ၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က လူ႔အသက္ ေသဆုံးရတဲ့အထိ ျဖစ္ပြားခဲ့တဲ့ လႊတ္ေတာ္ အေဆာက္အအုံကို ဝင္ေရာက္ စီးနင္းမႈ ျဖစ္ရပ္မွာ သမၼတ ထရမ့္က သူ႔ကို ေထာက္ခံသူေတြကို လႈံ႔ေဆာ္အားေပးခဲ့တယ္ဆိုတဲ့ အခ်က္ကို ေထာက္ျပၿပီး ေအာက္လႊတ္ေတာ္က အခုလို တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။
ေလးႏွစ္တာ သမၼတ သက္တမ္း ကုန္ဆုံးဖို႔ တစ္ပတ္တိတိ အလိုမွာပဲ သမၼတ ထရမ့္ကို ေအာက္လႊတ္ေတာ္က ၂၃၂ မဲ ၁၉၇ မဲနဲ႔ တရားစြဲဆို လိုက္တာပါ။ တရားစြဲတာကို ေထာက္ခံမဲေပးတဲ့ ဒီမိုကရက္အမတ္ အမ်ားစု အျပင္ သမၼတ ထရမ့္ရဲ့ ရစ္ပတ္ဘလင္ကန္ ပါတီက အမတ္ ၁၀ ဦးလည္း ေထာက္ခံမဲ ေပးခဲ့ပါတယ္။ မဲမေပးဘဲေနတဲ့ အမတ္ ၄ ဦး ရွိပါတယ္။
ေအာက္လႊတ္ေတာ္ရဲ့ ဆုံးျဖတ္ခ်က္က အေမရိကန္ နိုင္ငံရဲ့ ၄၅ ေယာက္ေျမာက္ သမၼတျဖစ္တဲ့ ေဒၚနယ္ထရမ့္ကို သက္တမ္း ၂၄၅ ႏွစ္ ရွိၿပီျဖစ္ တဲ့ အေမရိကန္နိုင္ငံရဲ့သမိုင္းမွာ ႏွစ္ႀကိမ္ႏွစ္ခါ တရားစြဲဆိုခံရတဲ့ တစ္ဦးတည္းေသာ သမၼတ ျဖစ္လာေစခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္က သူ႔ကို တရားစြဲခဲ့တုန္းကေတာ့ ဆီးနိတ္ အထက္လႊတ္ေတာ္က အျပစ္ကင္းလြတ္ခြင့္ေပးခဲ့ပါတယ္။ အခုတႀကိမ္မွာလည္း သူ႔ကို တရားစြဲဆိုထားတဲ့အမႈကို အထက္လႊတ္ေတာ္က ဆက္လက္ ၾကားနာ စစ္ေဆးေနတာကို သမၼတထရမ့္ ရင္ဆိုင္ရဖို႔ ရွိေနၿပီျဖစ္ပါတယ္။ ေရြး ေကာက္ခံ သမၼတ Joe Biden လာမယ့္ ဗုဒၶဟူးေန႔ က်မ္း သစၥာ က်ိန္ဆိုအၿပီးမွာ အထက္လႊတ္ေတာ္မွာ ဆက္လက္ ၾကားနာ စစ္ေဆးမယ့္ အေၿခ အေန ရွိေနတာပါ။
သမၼတကို တရားစြဲဆိုထားတဲ့ကိစၥကို ဒီမိုကရက္နဲ႔ ရစ္ပတ္ဘလင္ကန္ အမတ္ ၅၀ စီနဲ႔ ႏွစ္ပိုင္း ကြဲေနတဲ့ ဆီးနိတ္ အထက္လႊတ္ေတာ္မွာ မဲေပး ဆုံးျဖတ္တဲ့အခါ ေထာက္ခံမဲ ၃ ပုံ ၂ ပုံ လိုအပ္မွာ ျဖစ္ပါတယ္။ အဲဒီ ေထာက္ခံမဲ ရၿပီးတဲ့အခါမွာေတာ့ အနာဂတ္ကာလမွာ သမၼတ ထရမ့္ အစိုးရ ရာထူး မရယူနိုင္ေရး တားျမစ္တဲ့ ဆုံးျဖတ္ခ်က္ကို ရိုးရိုး မဲအသာနဲ႔ ဆုံးျဖတ္နိုင္ပါတယ္။
အေမရိကန္ ဒီမိုကေရစီစနစ္ရဲ့ ေမာ္ကြန္းအမွတ္အသားျဖစ္တဲ့ အေမရိကန္ လႊတ္ေတာ္ အေဆာက္အဦးကို ဆႏၵျပ ဆူပူသူေတြ ဝင္ေရာက္ စီးနင္းၿပီး တစ္ပတ္ တိတိ အၾကာမွာ ေအာက္လႊတ္ေတာ္က အခုလို သမၼတထရမ့္ကို တရားစြဲဆိုလိုက္တာပါ။ အဲဒီ အခ်ိန္က Joe Biden က သမၼတ ထရမ့္ကို နိုဝင္ဘာလ ေရြးေကာက္ပြဲမွာ အနိုင္ရခဲ့တယ္ဆိုတာကို ကြန္ဂရက္လႊတ္ေတာ္ တစ္ရပ္လုံးက အတည္ျပဳေပးဖို႔ ေဆြးေႏြးေန ခ်ိန္လည္း ျဖစ္ပါတယ္။
လူ ၅ ဦး ေသဆုံးခဲ့ရတဲ့ လႊတ္ေတာ္စီးနင္းမႈ ျဖစ္ပြား ၿပီးၿပီးခ်င္းနဲ႔ အဂၤါေန႔က အထိ သမၼတ ထရမ့္က စိတ္မေကာင္း ဝမ္းနည္းေၾကာင္း ထုတ္ ေဖာ္ေျပာဆိုျခင္း မရွိခဲ့ေပမယ့္ ဗုဒၶဟူးေန႔မွာေတာ့ ျပည္သူေတြ အၾကမ္းဖက္မဖက္ဖို႔၊ ဥပေဒ မခ်ိဳးေဖာက္ဖို႔နဲ႔ ဖ်က္လို ဖ်က္ဆီး မလုပ္ဖို႔ တိုက္ တြန္းတဲ့ ေၾကညာခ်က္တစ္ေစာင္ကို သမၼတ အိမ္ျဖဴေတာ္က ထုတ္ျပန္ခဲ့ပါတယ္။
လႊတ္ေတာ္ထဲ ဝင္ေရာက္ စီးနင္းမႈနဲ႔ ဆက္ႏြယ္ၿပီး လူဒါဇင္နဲ႔ခ်ီ ဖမ္းဆီးခံရၿပီးျဖစ္ပါတယ္။ ေနာက္ထပ္ စုံစမ္း စစ္ေဆးမႈေတြကို ဆက္လက္ လုပ္ေဆာင္ေန တယ္လို႔လည္း ျပည္ေထာင္စု ဗဟို အစိုးရ အာဏာပိုင္ေတြက ေျပာပါတယ္။
................
သမ္မတ Donald Trump ကို အမေရိကန်အောက်လွှတ်တော်က တရားစွဲဆိုလိုက်ပြီ
(Unicode)
သမ္မတ ဒေါ်နယ် ထရမ့်ကို အမေရိကန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လူ့အသက် သေဆုံးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ လွှတ်တော် အဆောက်အအုံကို ဝင်ရောက် စီးနင်းမှု ဖြစ်ရပ်မှာ သမ္မတ ထရမ့်က သူ့ကို ထောက်ခံသူတွေကို လှုံ့ဆော်အားပေးခဲ့တယ်ဆိုတဲ့ အချက်ကို ထောက်ပြပြီး အောက်လွှတ်တော်က အခုလို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
လေးနှစ်တာ သမ္မတ သက်တမ်း ကုန်ဆုံးဖို့ တစ်ပတ်တိတိ အလိုမှာပဲ သမ္မတ ထရမ့်ကို အောက်လွှတ်တော်က ၂၃၂ မဲ ၁၉၇ မဲနဲ့ တရားစွဲဆို လိုက်တာပါ။ တရားစွဲတာကို ထောက်ခံမဲပေးတဲ့ ဒီမိုကရက်အမတ် အများစု အပြင် သမ္မတ ထရမ့်ရဲ့ ရစ်ပတ်ဘလင်ကန် ပါတီက အမတ် ၁၀ ဦးလည်း ထောက်ခံမဲ ပေးခဲ့ပါတယ်။ မဲမပေးဘဲနေတဲ့ အမတ် ၄ ဦး ရှိပါတယ်။
အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က အမေရိကန် နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို သက်တမ်း ၂၄၅ နှစ် ရှိပြီဖြစ် တဲ့ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ နှစ်ကြိမ်နှစ်ခါ တရားစွဲဆိုခံရတဲ့ တစ်ဦးတည်းသော သမ္မတ ဖြစ်လာစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်က သူ့ကို တရားစွဲခဲ့တုန်းကတော့ ဆီးနိတ် အထက်လွှတ်တော်က အပြစ်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ အခုတကြိမ်မှာလည်း သူ့ကို တရားစွဲဆိုထားတဲ့အမှုကို အထက်လွှတ်တော်က ဆက်လက် ကြားနာ စစ်ဆေးနေတာကို သမ္မတထရမ့် ရင်ဆိုင်ရဖို့ ရှိနေပြီဖြစ်ပါတယ်။ ရွေး ကောက်ခံ သမ္မတ Joe Biden လာမယ့် ဗုဒ္ဓဟူးနေ့ ကျမ်း သစ္စာ ကျိန်ဆိုအပြီးမှာ အထက်လွှတ်တော်မှာ ဆက်လက် ကြားနာ စစ်ဆေးမယ့် အခြေ အနေ ရှိနေတာပါ။
သမ္မတကို တရားစွဲဆိုထားတဲ့ကိစ္စကို ဒီမိုကရက်နဲ့ ရစ်ပတ်ဘလင်ကန် အမတ် ၅၀ စီနဲ့ နှစ်ပိုင်း ကွဲနေတဲ့ ဆီးနိတ် အထက်လွှတ်တော်မှာ မဲပေး ဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၃ ပုံ ၂ ပုံ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ ထောက်ခံမဲ ရပြီးတဲ့အခါမှာတော့ အနာဂတ်ကာလမှာ သမ္မတ ထရမ့် အစိုးရ ရာထူး မရယူနိုင်ရေး တားမြစ်တဲ့ ဆုံးဖြတ်ချက်ကို ရိုးရိုး မဲအသာနဲ့ ဆုံးဖြတ်နိုင်ပါတယ်။
အမေရိကန် ဒီမိုကရေစီစနစ်ရဲ့ မော်ကွန်းအမှတ်အသားဖြစ်တဲ့ အမေရိကန် လွှတ်တော် အဆောက်အဦးကို ဆန္ဒပြ ဆူပူသူတွေ ဝင်ရောက် စီးနင်းပြီး တစ်ပတ် တိတိ အကြာမှာ အောက်လွှတ်တော်က အခုလို သမ္မတထရမ့်ကို တရားစွဲဆိုလိုက်တာပါ။ အဲဒီ အချိန်က Joe Biden က သမ္မတ ထရမ့်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုတာကို ကွန်ဂရက်လွှတ်တော် တစ်ရပ်လုံးက အတည်ပြုပေးဖို့ ဆွေးနွေးနေ ချိန်လည်း ဖြစ်ပါတယ်။
လူ ၅ ဦး သေဆုံးခဲ့ရတဲ့ လွှတ်တော်စီးနင်းမှု ဖြစ်ပွား ပြီးပြီးချင်းနဲ့ အင်္ဂါနေ့က အထိ သမ္မတ ထရမ့်က စိတ်မကောင်း ဝမ်းနည်းကြောင်း ထုတ် ဖော်ပြောဆိုခြင်း မရှိခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ပြည်သူတွေ အကြမ်းဖက်မဖက်ဖို့၊ ဥပဒေ မချိုးဖောက်ဖို့နဲ့ ဖျက်လို ဖျက်ဆီး မလုပ်ဖို့ တိုက် တွန်းတဲ့ ကြေညာချက်တစ်စောင်ကို သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
လွှတ်တော်ထဲ ဝင်ရောက် စီးနင်းမှုနဲ့ ဆက်နွယ်ပြီး လူဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီးဖြစ်ပါတယ်။ နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေ တယ်လို့လည်း ပြည်ထောင်စု ဗဟို အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။