သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ဖယ်ရှားရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက် အောက်လွှတ်တော်မဲခွဲမည်


သမ္မတ အိမ်ဖြူတော် မြင်ကွင်း။ (ဇန်နဝါရီ ၁၁၊ ၂၀၂၁)
သမ္မတ အိမ်ဖြူတော် မြင်ကွင်း။ (ဇန်နဝါရီ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ဒုသမ္မတ Mike Pence နဲ့ သမ္မတ Trump အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်ကကို သုံးပြီး သမ္မတကို ရာထူးက ဖယ်ရှားရေး တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို ဒီမိုကရက် အများစု လွှမ်းမိုးတဲ့ အောက်လွှတ်တော်က အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီဆုံးဖြတ်ချက်ကို ၂၄ နာရီအတွင်း တုံ့ပြန်ပေးဖို့ ဒုသမ္မတ Pence ကို တောင်းဆိုထားပေမဲ့ Pence ဘက်က တုံ့ပြန်မယ့်ပုံမရှိဘဲ သတ်မှတ်ပေးထားတဲ့အချိန် ကျော်သွားမယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတဟာ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ၊ တိုင်းပြည်နဲ့ အမေရိကန် ပြည်သူတွေကို ခြိမ်းခြောက်တော့မယ့် အန္တရယ်ရှိနေတာမို့ သူ့ကို တာဝန်က ချက်ခြင်း ဖယ်ရှားပစ်ရပါလိမ့်မယ်လို့ တနင်္လာနေ့က အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ကြေညာခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ၊ ဒုသမ္မတနဲ့ ဝန်ကြီးအဖွဲ့အများစုက သမ္မတရဲ့ တာဝန်နဲ့ အာဏာကို ပယ်ဖျက်နိုင်တဲ့ ကြေညာခွင့်မျိုးကို ဒုသမ္မတ Pence နဲ့ အစိုးရအဖွဲ့ဝင်တွေ ထောက်ခံမယ့်ပုံမျိုး လူထုကို ထုတ်ဖေါ်ပြောဆိုတာ မရှိပါဘူး။

ဆန္ဒပြသူတွေ ပြီးခဲ့တဲ့အပတ် လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း သမ္မတ Doandl Trump နဲ့ ဒုသမ္မတ Pence တို့ တနင်္လာနေ့ နှောင်းပိုင်းက ပထမဆုံးအကြိမ် တွေ့ဆုံပါတယ်။

ဥပဒေကို ချိုးဖေါက်ပြီး လွှတ်တော်ကို စီးနင်းဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ အမေရိကန်ပြည်သူ ၇၅ သန်းထောက်ခံထားတဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့် လှုပ်ရှားမှုကို ကိုယ်စားပြုသူတွေ မဟုတ်ဘူးဆိုတာ သမ္မတရော၊ ဒုသမ္မတရော နှစ်ယောက်စလုံးက အခိုင်အမာထပ်ပြောဆိုတယ်ဆိုတာကို အစိုးရ ထိပ်တန်းအရာရှိတဦးက ပြောဆိုပါတယ်။ တာဝန်ပြီးဆုံးတဲ့အထိ တိုင်းပြည်ကိုယ်စား နှစ်ယောက်စလုံး ဆက်တာဝန် ထမ်းဆောင်ဖို့ အခိုင်အမာ ကတိပြုတယ်လို့လည်း ပြောပါတယ်။

သမ္မတကို အရေးယူရေး သီးခြား ဆုံးဖြတ်ချက်တရပ် တင်သွင်းဖို့ အောက်လွှတ်တော် ခေါင်းဆောင်တွေက တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေပြီး ဗုဒ္ဓဟူးနေ့ မနက်မှာ ဒီကိစ္စကို စတင် စဉ်းစားကြဖို့ စီစဉ်ထားပါတယ်။

သမ္မတ Trump ဖယ်ရှားရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက် အောက်လွှတ်တော်မဲခွဲမည်
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG