သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတက်မ္းသစၥာဆိုပဲြကာလ ျခိမ္းေျခာက္မႈမ်ား FBI ေစာင့္ၾကည့္ေန


သမၼတက်မ္းသစၥာဆိုပဲြအတြက္ ကန္လႊတ္ေတာ္အေဆာက္အဦးမွာ အလံခ်ိတ္ေနတဲ့ အလုပ္သမားတခ်ိဳ႕။ (ဇန္နဝါရီ ၉၊ ၂၀၂၁)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ သီတင္းပတ္တြင္းက သမၼတ Donald Trump ကို ေထာက္ခံသူ အစြန္းေရာက္ေတြ အေမရိကန္လႊတ္ေတာ္တြင္း ဝင္ေရာက္စီးနင္းမႈျဖစ္ခဲ့တာေၾကာင့္ လာမယ့္ ဇန္နဝါရီ ၂၀ ေ႐ြးေကာက္ခံ သမၼတ Joe Biden က်မ္းသစၥာ က်ိန္ဆိုပြဲ မတိုင္မီ ႏိုင္ငံတဝွမ္း လက္နက္ကိုင္ဆႏၵျပပြဲေတြ ေပၚေပါက္လာႏိုင္တဲ့ အေပၚ စိုးရိမ္မႈေတြ ျမင့္တက္လာေနပါတယ္။

လူပုဂၢိဳလ္ တဦးခ်င္း ဒါမွမဟုတ္ လူအုပ္စုေတြက အၾကမ္းဖက္မႈနဲ႔ ရာဇဝတ္မႈ လုပ္ရပ္ေတြကို လႈံ႕ေဆာ္ခဲ့တယ္လို႔ ယူဆရတဲ့ အထာက္အထားေတြကို စံုစမ္း စစ္ေဆးေနတယ္လို႔ ျပည္ေထာင္စု စုံစမ္းေထာက္လွမ္းေရး ဗ်ဴ႐ိုအဖြဲ႕ FBI က VOA ကိုေျပာပါတယ္။

သီးသန္႔ရရွိထားတဲ့ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ေတြနဲ႔ ပတ္သက္လို႔ FBI အေနနဲ႔ ေဝဖန္ေျပာၾကားေလ့ မရွိေပမဲ့ ျပည္နယ္ေဒသဆိုင္ရာနဲ႔ ျပည္ေထာင္စုတရား ဥပေဒစိုးမိုးေရး အဖြဲ႕အစည္းေတြကို အကူအညီေပးေနေၾကာင္း ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပသူေတြကို ပစ္မွတ္မထားေပမဲ့ လုံၿခဳံေရးနဲ႔ ႏိုင္ငံသားေတြ အသက္အိုးအိမ္ စည္းစိမ္ထိခိုက္ေလာက္ေအာင္ အႏၲရာယ္ျပဳၿခိမ္းေျခာက္လာမွာကိုေတာ့ FBI အေနနဲ႔ အဓိကထား ေစာင့္ၾကည့္သြားမယ္လို႔ လည္းေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿမိဳ႕ေတာ္ ဝါရွင္တန္နဲ႔ ျပည္နယ္ ၅၀ လုံးမွာ ျဖစ္လာႏိုင္ဖြယ္ရွိတဲ့ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္လို႔လည္း ဌာနတြင္းျဖန္႔တဲ့ FBI စာထဲမွာ သတိေပးထားတယ္လို႔ အေမရိကန္သတင္းဌာနေတြက ေရးပါတယ္။ ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ၿမိဳ႕ေတာ္ ဝါရွင္တန္ကို လက္နက္ကိုင္ေဆာင္တဲ့အဖြဲ႕တဖြဲ႕ လာေရာက္ဖို႔ ျပင္ဆင္ေနၿပီး ဇန္နဝါရီ ၂၀ မတိုင္ခင္မွာ သမၼတ ကို အေျခခံဥပေဒ ျပင္ဆင္ျဖည့္စြက္ခ်က္ အမွတ္ ၂၅ အရ ရာထူးက ဖယ္ရွားဖို႔ ႀကိဳးပမ္းမယ္ဆိုရင္ အဲဒီအဖြဲ႕က ဆူပူအုံႂကြမႈႀကီး ျပဳလုပ္မယ္လို႔ဆိုတာကို သတင္းရရွိထားေၾကာင္းလည္း FBI က ေျပာပါတယ္။

အဲဒီ အဖြဲ႕က ႏိုင္ငံတြင္း အစိုးရ အေဆာက္အအုံေတြကို စီးနင္း ဝင္ေရာက္ဖို႔ လႈံေဆာ္ေနတယ္လို႔ လည္း FBI စာထဲ ေဖာ္ျပထားတယ္လို႔ အေမရိကန္သတင္းဌာနေတြက ေရးပါတယ္။

ဇန္နဝါရီ ၂၀ ရက္ေန႔ သမၼတက်မ္းသစၥာ က်ိန္ဆိုပြဲမတိုင္ခင္ဒီ တနလၤာေန႔အေစာပိုင္းကတည္းက ၿမိဳ႕ေတာ္ ဝါရွင္တန္မွာ အမ်ိဳးသားအေစာင့္ တပ္ဖြဲ႕ဝင္ ၁၅,၀၀၀ ေလာက္ကို လုံၿခဳံေရးအတြက္ အကူအညီ တိုးျမႇင့္ခ်ထားေပးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတကျမ်းသစ္စာဆိုပွဲကာလ ခြိမ်းခြောက်မှုများ FBI စောင့်ကြည့်နေ

ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက သမ္မတ Donald Trump ကို ထောက်ခံသူ အစွန်းရောက်တွေ အမေရိကန်လွှတ်တော်တွင်း ဝင်ရောက်စီးနင်းမှုဖြစ်ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီ ၂၀ ရွေးကောက်ခံ သမ္မတ Joe Biden ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်မီ နိုင်ငံတဝှမ်း လက်နက်ကိုင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

လူပုဂ္ဂိုလ် တဦးချင်း ဒါမှမဟုတ် လူအုပ်စုတွေက အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှု လုပ်ရပ်တွေကို လှုံ့ဆော်ခဲ့တယ်လို့ ယူဆရတဲ့ အထာက်အထားတွေကို စုံစမ်း စစ်ဆေးနေတယ်လို့ ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေး ဗျူရိုအဖွဲ့ FBI က VOA ကိုပြောပါတယ်။

သီးသန့်ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ FBI အနေနဲ့ ဝေဖန်ပြောကြားလေ့ မရှိပေမဲ့ ပြည်နယ်ဒေသဆိုင်ရာနဲ့ ပြည်ထောင်စုတရား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေကို အကူအညီပေးနေကြောင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို ပစ်မှတ်မထားပေမဲ့ လုံခြုံရေးနဲ့ နိုင်ငံသားတွေ အသက်အိုးအိမ် စည်းစိမ်ထိခိုက်လောက်အောင် အန္တရာယ်ပြုခြိမ်းခြောက်လာမှာကိုတော့ FBI အနေနဲ့ အဓိကထား စောင့်ကြည့်သွားမယ်လို့ လည်းကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြို့တော် ဝါရှင်တန်နဲ့ ပြည်နယ် ၅၀ လုံးမှာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း ဌာနတွင်းဖြန့်တဲ့ FBI စာထဲမှာ သတိပေးထားတယ်လို့ အမေရိကန်သတင်းဌာနတွေက ရေးပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ မြို့တော် ဝါရှင်တန်ကို လက်နက်ကိုင်ဆောင်တဲ့အဖွဲ့တဖွဲ့ လာရောက်ဖို့ ပြင်ဆင်နေပြီး ဇန်နဝါရီ ၂၀ မတိုင်ခင်မှာ သမ္မတ ကို အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၂၅ အရ ရာထူးက ဖယ်ရှားဖို့ ကြိုးပမ်းမယ်ဆိုရင် အဲဒီအဖွဲ့က ဆူပူအုံကြွမှုကြီး ပြုလုပ်မယ်လို့ဆိုတာကို သတင်းရရှိထားကြောင်းလည်း FBI က ပြောပါတယ်။

အဲဒီ အဖွဲ့က နိုင်ငံတွင်း အစိုးရ အဆောက်အအုံတွေကို စီးနင်း ဝင်ရောက်ဖို့ လှုံဆော်နေတယ်လို့ လည်း FBI စာထဲ ဖော်ပြထားတယ်လို့ အမေရိကန်သတင်းဌာနတွေက ရေးပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်ခင်ဒီ တနင်္လာနေ့အစောပိုင်းကတည်းက မြို့တော် ဝါရှင်တန်မှာ အမျိုးသားအစောင့် တပ်ဖွဲ့ဝင် ၁၅,၀၀၀ လောက်ကို လုံခြုံရေးအတွက် အကူအညီ တိုးမြှင့်ချထားပေးပါတယ်။

XS
SM
MD
LG