သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္လႊတ္ေတာ္စီးနင္းမႈမွာပါတဲ့ ျပည္နယ္အမတ္တဦး တာဝန္မွႏုတ္ထြက္


ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ရဲ႕႐ုံးခန္းထဲအထိ ဝင္ေရာက္ခဲ့တဲ့ Arkansas ျပည္နယ္ Little Rock က Richard Barnett. (ဇန္နဝါရီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက အေမရိကန္ လႊတ္ေတာ္အေဆာက္အဦထဲ စီးနင္း ဝင္ေရာက္ခဲ့သူေတြထဲ ပါဝင္ခဲ့သူေတြကို ထပ္ၿပီး ဖမ္းဆီးလိုက္ပါတယ္။

ဒီဆူပူမႈ အဓိက႐ုဏ္းမွာ ပါဝင္ခဲ့တဲ့ သမၼတ Trump ကိုေထာက္ခံသူ အေနာက္ဗာဂ်ီးနီးယားျပည္နယ္ ရီပတ္ဘလီကန္ လႊတ္ေတာ္အမတ္ Derrick Evans ကလည္း သူ ရာထူးကႏုတ္ထြက္ေၾကာင္း စာတေၾကာင္းေရးသားၿပီး မေန႔တုန္းက ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Jim Justice ဆီကို ေရးသားေပးဖို႔ခဲ့ပါတယ္။

Evans က လႊတ္ေတာ္အေဆာက္အဦထဲ ဝင္ေရာက္တဲ့အခ်ိန္မွာ Facebook ကေန တိုက္႐ိုက္ထုတ္လႊင့္ခဲ့တာပါ။ အေစာပိုင္းတုန္းကလည္း သူက လႊတ္ေတာ္အေဆာက္အဦထဲကို ဝင္ၿပီး ဆူပူလႈပ္ရွားမႈေတြ လုပ္မယ္လို႔ Facebook ေပၚကေန ေျပာဆိုခဲ့ပါတယ္။ သူ႔ကို တားျမစ္နယ္ေျမထဲ ဝင္ေရာက္မႈနဲ႔ လႊတ္ေတာ္ထဲ တရားဥပေဒမဲ့ ျပဳမူမႈေတြနဲ႔ တရားစြဲဆိုထားၿပီး ျပစ္မႈထင္ရွားရင္ အစိုးရအက်ဥ္းေထာင္မွာ ေထာင္ဒဏ္ ၁ ႏွစ္ခြဲ က်ခံရမွာျဖစ္ပါတယ္။

ဒါ့အျပင္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ရဲ႕႐ုံးခန္းထဲအထိ ဝင္ေရာက္ခဲ့တဲ့ Arkansas ျပည္နယ္ Little Rock က Richard Barnett ဆိုသူကိုလည္း ေသာၾကာေန႔ မနက္ပိုင္းက ဖမ္းဆီးလိုက္ပါတယ္။

သူက Nancy Pelosi ရဲ႕ ႐ုံးခန္းထဲက အလုပ္စားပြဲေပၚမွာ ေျခေထာက္တင္ၿပီး ဓာတ္ပုံ႐ိုက္ခဲ့တာပါ။ သူ႔ကိုေတာ့ တားျမစ္နယ္ေျမထဲ ဝင္ေရာက္ ဆူပူလႈပ္ရွားမႈ၊ လႊတ္ေတာ္ထဲ တရားဥပေဒမဲ့ ျပဳမူမႈနဲ႔ ျပည္သူပိုင္ေငြေၾကး၊ ပိုင္ဆိုင္မႈနဲ႔ စာရြက္စာတမ္းေတြကို ခိုးယူမႈနဲ႔ တရားစြဲဆိုထားပါတယ္။

အသက္ ၆၀ အရြယ္ရွိတဲ့ Barnett မွာ အျပစ္ရွိေၾကာင္း ထင္ရွားရင္ သူဟာ ေထာင္ဒဏ္တႏွစ္ထိ က်ခံရႏိုင္ပါတယ္။ အခု သူ႔ကို Arkansas ျပည္နယ္မွာ ဖမ္းဆီးထိန္းသိမ္းထားၿပီး ၿမိဳ႕ေတာ္ဝါရွင္တန္ကို တရားခံလႊဲေျပာင္းေပးသြားမွာ ျဖစ္ပါတယ္။

အခုဆူပူမႈနဲ႔ ပတ္သက္လို႔ သူတို႔ ၂ ဦးကို ဝါရွင္တန္ဒီစီ ျပည္ေထာင္စုတရား႐ုံးမွာ တရားစြဲဆိုထားပါတယ္။ ေနာက္ထပ္ ဒီအဓိက႐ုဏ္းမွာ ပါဝင္ခဲ့သူေတြနဲ႔ ညမထြက္ရအမိန္႔ ခ်ိဳးေဖာက္သူ လူ ၄၀ ေလာက္ကို ဒီစီ ေဒသဆိုင္ရာ တရား႐ုံးခ်ဳပ္မွာ စြဲခ်က္တင္ထားပါတယ္။

အခုထိေၾကညာထားတဲ့ ဖမ္းဆီးခံရသူေတြစာရင္းက ဗုဒၶဟူးေန႔က လႊတ္ေတာ္အေဆာက္အဦထဲ ဝင္ေရာက္ ဆူပူလႈပ္ရွားမႈေတြနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို (FBI) ရဲ႕ စုံစမ္းစစ္ေဆးမႈ အစပိုင္းသာ ရွိေသးတယ္လို႔ FBI ၫႊန္ၾကားေရးမွဴး Christopher Wray က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကန်လွှတ်တော်စီးနင်းမှုမှာပါတဲ့ ပြည်နယ်အမတ်တဦး တာဝန်မှနုတ်ထွက်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် လွှတ်တော်အဆောက်အဦထဲ စီးနင်း ဝင်ရောက်ခဲ့သူတွေထဲ ပါဝင်ခဲ့သူတွေကို ထပ်ပြီး ဖမ်းဆီးလိုက်ပါတယ်။

ဒီဆူပူမှု အဓိကရုဏ်းမှာ ပါဝင်ခဲ့တဲ့ သမ္မတ Trump ကိုထောက်ခံသူ အနောက်ဗာဂျီးနီးယားပြည်နယ် ရီပတ်ဘလီကန် လွှတ်တော်အမတ် Derrick Evans ကလည်း သူ ရာထူးကနုတ်ထွက်ကြောင်း စာတကြောင်းရေးသားပြီး မနေ့တုန်းက ပြည်နယ်အုပ်ချုပ်ရေးမှူး Jim Justice ဆီကို ရေးသားပေးဖို့ခဲ့ပါတယ်။

Evans က လွှတ်တော်အဆောက်အဦထဲ ဝင်ရောက်တဲ့အချိန်မှာ Facebook ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။ အစောပိုင်းတုန်းကလည်း သူက လွှတ်တော်အဆောက်အဦထဲကို ဝင်ပြီး ဆူပူလှုပ်ရှားမှုတွေ လုပ်မယ်လို့ Facebook ပေါ်ကနေ ပြောဆိုခဲ့ပါတယ်။ သူ့ကို တားမြစ်နယ်မြေထဲ ဝင်ရောက်မှုနဲ့ လွှတ်တော်ထဲ တရားဥပဒေမဲ့ ပြုမူမှုတွေနဲ့ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားရင် အစိုးရအကျဉ်းထောင်မှာ ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံရမှာဖြစ်ပါတယ်။

ဒါ့အပြင် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ရုံးခန်းထဲအထိ ဝင်ရောက်ခဲ့တဲ့ Arkansas ပြည်နယ် Little Rock က Richard Barnett ဆိုသူကိုလည်း သောကြာနေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

သူက Nancy Pelosi ရဲ့ ရုံးခန်းထဲက အလုပ်စားပွဲပေါ်မှာ ခြေထောက်တင်ပြီး ဓာတ်ပုံရိုက်ခဲ့တာပါ။ သူ့ကိုတော့ တားမြစ်နယ်မြေထဲ ဝင်ရောက် ဆူပူလှုပ်ရှားမှု၊ လွှတ်တော်ထဲ တရားဥပဒေမဲ့ ပြုမူမှုနဲ့ ပြည်သူပိုင်ငွေကြေး၊ ပိုင်ဆိုင်မှုနဲ့ စာရွက်စာတမ်းတွေကို ခိုးယူမှုနဲ့ တရားစွဲဆိုထားပါတယ်။

အသက် ၆၀ အရွယ်ရှိတဲ့ Barnett မှာ အပြစ်ရှိကြောင်း ထင်ရှားရင် သူဟာ ထောင်ဒဏ်တနှစ်ထိ ကျခံရနိုင်ပါတယ်။ အခု သူ့ကို Arkansas ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မြို့တော်ဝါရှင်တန်ကို တရားခံလွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

အခုဆူပူမှုနဲ့ ပတ်သက်လို့ သူတို့ ၂ ဦးကို ဝါရှင်တန်ဒီစီ ပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုထားပါတယ်။ နောက်ထပ် ဒီအဓိကရုဏ်းမှာ ပါဝင်ခဲ့သူတွေနဲ့ ညမထွက်ရအမိန့် ချိုးဖောက်သူ လူ ၄၀ လောက်ကို ဒီစီ ဒေသဆိုင်ရာ တရားရုံးချုပ်မှာ စွဲချက်တင်ထားပါတယ်။

အခုထိကြေညာထားတဲ့ ဖမ်းဆီးခံရသူတွေစာရင်းက ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦထဲ ဝင်ရောက် ဆူပူလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ စုံစမ်းစစ်ဆေးမှု အစပိုင်းသာ ရှိသေးတယ်လို့ FBI ညွှန်ကြားရေးမှူး Christopher Wray က ပြောပါတယ်။

XS
SM
MD
LG