သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္လႊတ္ေတာ္ ဝင္ေရာက္စီးနင္းမႈ ပုပ္ရဟန္းမင္းႀကီး ႐ႈတ္ခ်


ပုပ္ရဟန္းမင္းႀကီး Francis. (စက္တင္ဘာ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ဗုဒၶဟူးေန႔က လႊတ္ေတာ္တြင္း အတင္းဝင္ေရာက္ စီးနင္းမႈ ျဖစ္ပြါးခဲ့တာအတြက္ အံ့ၾသရေၾကာင္းနဲ႔ ဒီမိုကေရစီကို ဆန္႔က်င္လုပ္ေဆာင္မႈဟာ ဘယ္ေတာ့မွ အလုပ္မျဖစ္ေၾကာင္း ပုပ္ရဟန္းမင္းႀကီး Francis က စေနေန႔မွာ ေျပာပါတယ္။

“သူတို႔ျပည္သူေတြဟာ ဒီမိုကေရစီနဲ႔ စနစ္တက်ေနသူေတြ ျဖစ္တဲ့အတြက္ ဒီသတင္းကို ၾကားတဲ့အခါ သိပ္အံ့ၾသခဲ့ရေၾကာင္း” ေျပာသြားတာပါ။ တကယ္တမ္း ဒီလိုျဖစ္လာတာမ်ိဳး ေတြ႔ရေပမယ့္ လူ႔အသိုင္းအဝိုင္းက လက္မခံဘဲ ဒီမိုကေရစီ မက်သလို အားလံုးအတြက္ ေကာင္းေစတဲ့ကိစၥကို ဆန္႔က်င္တာမ်ိဳးဟာ ဘယ္ေတာ့မွ အလုပ္မျဖစ္ဘူးလို႔လည္း ေျပာပါတယ္။

အေရြးေကာက္ခံသမၼတ Joe Biden အႏိုင္ရေၾကာင္း အတည္ျပဳေပးဖို႔ လႊတ္ေတာ္လုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ေနစဥ္မွာပဲ ႏိုဝင္ဘာေရြးေကာက္ပြဲ ရလဒ္ကို လက္မခံေၾကာင္း ေျပာဆိုေနတဲ့ သမၼတ Donald Trump ကို ေထာက္ခံသူေတြက လႊတ္ေတာ္ထဲ အတင္းဝင္ေရာက္ စီးနင္းခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီလုိလုပ္ရပ္မ်ိဳးအတြက္ ဘယ္သူပဲပါပါ လႈပ္ရွားေဆာင္ရြက္သူေတြကို ႐ႈတ္ခ် အျပစ္တင္ရမွာ ျဖစ္ေၾကာင္းလည္း ပုပ္ရဟန္းမင္းႀကီးက အီတလီက Canale 5 သတင္းဌာန ေမးျမန္းခန္းမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

အမေရိကန်လွှတ်တော် ဝင်ရောက်စီးနင်းမှု ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့က လွှတ်တော်တွင်း အတင်းဝင်ရောက် စီးနင်းမှု ဖြစ်ပွါးခဲ့တာအတွက် အံ့သြရကြောင်းနဲ့ ဒီမိုကရေစီကို ဆန့်ကျင်လုပ်ဆောင်မှုဟာ ဘယ်တော့မှ အလုပ်မဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis က စနေနေ့မှာ ပြောပါတယ်။

“သူတို့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ စနစ်တကျနေသူတွေ ဖြစ်တဲ့အတွက် ဒီသတင်းကို ကြားတဲ့အခါ သိပ်အံ့သြခဲ့ရကြောင်း” ပြောသွားတာပါ။ တကယ်တမ်း ဒီလိုဖြစ်လာတာမျိုး တွေ့ရပေမယ့် လူ့အသိုင်းအဝိုင်းက လက်မခံဘဲ ဒီမိုကရေစီ မကျသလို အားလုံးအတွက် ကောင်းစေတဲ့ကိစ္စကို ဆန့်ကျင်တာမျိုးဟာ ဘယ်တော့မှ အလုပ်မဖြစ်ဘူးလို့လည်း ပြောပါတယ်။

အရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရကြောင်း အတည်ပြုပေးဖို့ လွှတ်တော်လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေစဉ်မှာပဲ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို လက်မခံကြောင်း ပြောဆိုနေတဲ့ သမ္မတ Donald Trump ကို ထောက်ခံသူတွေက လွှတ်တော်ထဲ အတင်းဝင်ရောက် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်မျိုးအတွက် ဘယ်သူပဲပါပါ လှုပ်ရှားဆောင်ရွက်သူတွေကို ရှုတ်ချ အပြစ်တင်ရမှာ ဖြစ်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက အီတလီက Canale 5 သတင်းဌာန မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG