သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ကြန္ဂရက္လႊတ္ေတာ္ထဲ ဖ်က္ဆီးဝင္ေရာက္သူေတြ ေဖာ္ထုတ္အေရးယူဖို႔ လုပ္ေဆာင္ေန


လႊတ္ေတာ္အေဆာက္အဦးထဲ ဝင္ဖို႔ ၾကိဳးစားေနၾကတဲ့ သမၼတ Trump ေထာက္ခံသူတခ်ိဳ႕။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

လႊတ္ေတာ္အေဆာက္အဦးထဲ ဝင္ဖို႔ ၾကိဳးစားေနၾကတဲ့ သမၼတ Trump ေထာက္ခံသူတခ်ိဳ႕။ (ဇန္နဝါရီ ၆၊ ၂၀၂၁)
လႊတ္ေတာ္အေဆာက္အဦးထဲ ဝင္ဖို႔ ၾကိဳးစားေနၾကတဲ့ သမၼတ Trump ေထာက္ခံသူတခ်ိဳ႕။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

ဗုဒၶဟူးေန႔တုန္းက အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္ထဲ အတင္းဝင္ဖ်က္ဆီးၾကသူေတြအေပၚ တရားဥပေဒ စိုးမိုးေရးတာဝန္႐ွိသူေတြ ရာဇဝတ္မႈဖြင့္ စံုစမ္းေနပါၿပီ။ အဓိက႐ုဏ္းထဲပါတဲ့ Trump လိုလားသူ ရာနဲ႔ခ်ီရဲ႕ စာရင္းကိုထုတ္ျပန္ၿပီး ေဖာ္ထုတ္ဖမ္းဆီးသြားမယ္လို႔ ၾကာသပေတးေန႔က ေၾကညာပါတယ္။ အဓိက႐ုဏ္းထဲ ပါဝင္သူ ၁၅ ေယာက္ကို ဝါရွင္တန္ၿမိဳ႕ေတာ္က ျပည္ေထာင္စုတရား႐ံုးမွာ ၾကာသပေတးေန႔က အမႈဖြင့္ထားတယ္လို႔ D.C ခ႐ိုင္ ယာယီေ႐ွ႕ေန Michael Sherwin ကေျပာပါတယ္။

ေနာက္ထပ္ အေယာက္ ၄၀ ကိုလည္း ခ႐ိုင္ အထက္တရား႐ံုးမွာ အမႈဖြင့္ထားပါတယ္။ အမ်ားစုက လႊတ္ေတာ္ပုရဝုဏ္ထဲကို တရားမဝင္ ဝင္ေရာက္မႈနဲ႔ျဖစ္တယ္လို႔ ေ႐ွ႕ေန Sherwin ကေျပာပါတယ္။

ျပည္ေထာင္စုအမႈေတြနဲ႔ တရားစြဲထားတဲ့ထဲမွာ အစိုးရအေဆာက္အဦးထဲက ပစၥည္းေတြ ခိုးယူမႈ၊ လက္နက္ဆိုင္ရာ ဥပေဒခ်ဳိးေဖာက္မႈတို႔ ပါဝင္ပါတယ္။ လႊတ္ေတာ္ အေဆာက္အဦးနားမွာ ဖမ္းမိသူ ၁ ေယာက္ကိုေတာ့ ေမာင္းျပန္ေသနတ္ကိုင္ေဆာင္မႈ၊ လက္လုပ္ ေလာင္စာဆီဗံုး ၁၁ ခု ပိုင္ဆိုင္မႈတို႔နဲ႔ ဖမ္းဆီးထားပါတယ္။

တရားဥပေဒခ်ဳိးေဖာက္ခဲ့သူေတြကို ဥပေဒနဲ႔အညီ ဖမ္းဆီးအေရးယူႏိုင္ဖုိ႔ လနဲ႔ခ်ီ အခ်ိန္ၾကာႏိုင္ေပမဲ့ အေသအခ်ာ စံုစမ္းအေရးယူသြားမယ္လို႔ D.C ခ႐ိုင္ယာယီေ႐ွ႕ေနက ေျပာပါတယ္။ လံုၿခံဳေရးကင္မရာေတြက ႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြ၊ လူမႈကြန္ယက္ေပၚတင္တဲ့ ဗီဒီယိုေတြကေန ဥပေဒခ်ဳိးေဖာက္ခဲ့သူေတြကို ပိုက္စိတ္တိုက္ ႐ွာေဖြ ေဖာ္ထုတ္သြားမယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန် ကွန်ဂရက်လွှတ်တော်ထဲ ဖျက်ဆီးဝင်ရောက်သူတွေ ဖော်ထုတ်အရေးယူဖို့ လုပ်ဆောင်နေ

ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်ပြည်ထောင်စု လွှတ်တော်ထဲ အတင်းဝင်ဖျက်ဆီးကြသူတွေအပေါ် တရားဥပဒေ စိုးမိုးရေးတာဝန်ရှိသူတွေ ရာဇဝတ်မှုဖွင့် စုံစမ်းနေပါပြီ။ အဓိကရုဏ်းထဲပါတဲ့ Trump လိုလားသူ ရာနဲ့ချီရဲ့ စာရင်းကိုထုတ်ပြန်ပြီး ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ကြာသပတေးနေ့က ကြေညာပါတယ်။ အဓိကရုဏ်းထဲ ပါဝင်သူ ၁၅ ယောက်ကို ဝါရှင်တန်မြို့တော်က ပြည်ထောင်စုတရားရုံးမှာ ကြာသပတေးနေ့က အမှုဖွင့်ထားတယ်လို့ D.C ခရိုင် ယာယီရှေ့နေ Michael Sherwin ကပြောပါတယ်။

နောက်ထပ် အယောက် ၄၀ ကိုလည်း ခရိုင် အထက်တရားရုံးမှာ အမှုဖွင့်ထားပါတယ်။ အများစုက လွှတ်တော်ပုရဝုဏ်ထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ဖြစ်တယ်လို့ ရှေ့နေ Sherwin ကပြောပါတယ်။

ပြည်ထောင်စုအမှုတွေနဲ့ တရားစွဲထားတဲ့ထဲမှာ အစိုးရအဆောက်အဦးထဲက ပစ္စည်းတွေ ခိုးယူမှု၊ လက်နက်ဆိုင်ရာ ဥပဒေချိုးဖောက်မှုတို့ ပါဝင်ပါတယ်။ လွှတ်တော် အဆောက်အဦးနားမှာ ဖမ်းမိသူ ၁ ယောက်ကိုတော့ မောင်းပြန်သေနတ်ကိုင်ဆောင်မှု၊ လက်လုပ် လောင်စာဆီဗုံး ၁၁ ခု ပိုင်ဆိုင်မှုတို့နဲ့ ဖမ်းဆီးထားပါတယ်။

တရားဥပဒေချိုးဖောက်ခဲ့သူတွေကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူနိုင်ဖို့ လနဲ့ချီ အချိန်ကြာနိုင်ပေမဲ့ အသေအချာ စုံစမ်းအရေးယူသွားမယ်လို့ D.C ခရိုင်ယာယီရှေ့နေက ပြောပါတယ်။ လုံခြုံရေးကင်မရာတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ လူမှုကွန်ယက်ပေါ်တင်တဲ့ ဗီဒီယိုတွေကနေ ဥပဒေချိုးဖောက်ခဲ့သူတွေကို ပိုက်စိတ်တိုက် ရှာဖွေ ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG