သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လႊတ္ေတာ္အေဆာက္အဦ ဝင္ေရာက္စီးနင္းလို႔ တရားစြဲခံရသူေတြထဲ ျပည္နယ္လႊတ္ေတာ္အမတ္တဦး ပါဝင္


အေမရိကန္လႊတ္ေတာ္တြင္း ဝင္ေရာက္စီးနင္းခဲ့တဲ့ သမၼတ Donald Trump ကုိ ေထာက္ခံသူမ်ား။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္လႊတ္ေတာ္ကို ဗုဒၶဟူးေန႔က ဝင္ေရာက္စီးနင္းမႈနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေနရာမွာ အခုခ်ိန္အထိ ဗဟိုအစိုးရေရွ႕ေနေတြ တရားစြဲဆိုထားသူ တဒါဇင္ေက်ာ္ရွိတဲ့အထဲမွာ သမၼတ Donald Trump ကို ေထာက္ခံသူ ျပည္နယ္အမတ္တဦးနဲ႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ႐ုံးခန္းမွာထိုင္ၿပီး ဓာတ္ပံု႐ုိက္ခဲ့သူ Arkansas ျပည္နယ္သား တဦးတို႔လည္း ပါဝင္ေၾကာင္း ဗဟိုအစိုးရ အရာရွိေတြက ေျပာပါတယ္။

အေနာက္ဗာဂ်ီးနီးယားျပည္နယ္ ေအာက္လႊတ္ေတာ္အမတ္ Derrick Evans ကို လႊတ္ေတာ္ ကန္႔သတ္နယ္ေျမတြင္း ဝင္ေရာက္မႈနဲ႔ တရားစြဲဆိုထားပါတယ္။ သူဟာ လႊတ္ေတာ္ဝင္စီးစဥ္က ကုိယ့္လႈပ္ရွားမႈကိုကိုယ္ ဗီြဒီိယို႐ုိက္ၿပီး ေဖ့စ္ဘုတ္မွာ တင္ခဲ့ေပမယ့္ ခုေတာ့ အဲဒါကို ျပန္ဖ်က္ပစ္ခဲ့တာပါ။ သူ အခုလို လႊတ္ေတာ္ကို စီးနင္းမႈမွာ ပါဝင္တဲ့အတြက္ အေနာက္ဗာဂ်ီးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးက အျပစ္တင္ ေဝဖန္ခဲ့သလို သူႏုတ္ထြက္ေပးဖို႔ပါ ေတာင္းဆိုခဲ့ပါတယ္။

ေအာက္လႊတ္ေတာ္ဥကၠ႒ ႐ုံးခန္းထဲ ဝင္ထိုင္ၿပီး အခန္႔သား ဓာတ္ပံု႐ုိက္ခဲ့တဲ့ Arkansas နယ္သား Richard Barnett ရဲ႕ပံုဟာ အခုအခါမွာ ႏွစ္ေပါင္း ၂၀၀ ေက်ာ္အတြင္း ပထမဆံုး လူအစုလိုက္ လႊတ္ေတာ္ဝင္ေရာက္စီးနင္းမႈအတြက္ ျပယုဂ္ပံုတခု ျဖစ္ခဲ့တာပါ။ သူ႔ကိုေတာ့ Arkansas ျပည္နယ္ Little Rock မွာ ေသာၾကာေန႔က ဖမ္းဆီးခဲ့ၿပီး ကန္႔သတ္နယ္ေျမတြင္း ဝင္ေရာက္မႈ၊ လႊတ္ေတာ္တြင္း အၾကမ္းဖက္ဝင္ေရာက္မႈနဲ႔ ျပည္သူပိုင္ပစၥည္း ခိုးယူမႈ ပါဝင္တဲ့ အမႈ ၃ ခုနဲ႔ တရားစြဲဆိုထားပါတယ္။ ဒီက်ဴးလြန္မႈေတြအတြက္ သူဟာ ေထာင္ဒဏ္ တႏွစ္အထိ က်ခံရႏိုင္ဖြယ္ရာ ရွိပါတယ္။

သူတို႔ ၂ ဦး အပါအဝင္ အခုခ်ိန္အထိ ဝါရွင္တန္ဒီစီ ဗဟိုတရား႐ုံးက တရားစြဲဆိုထားသူ ၁၃ ဦးရွိၿပီျဖစ္ပါတယ္။ ဝါရွင္တန္ဒီစီ အထက္တရား႐ုံးက တရားစြဲဆိုထားသူက အေယာက္ ၄၀ ရွိၿပီး အမ်ားစုက တရားမဝင္ ဝင္ေရာက္မႈနဲ႔ ညမထြက္ရဥပေဒ ခ်ိဳးေဖာက္မႈေတြနဲ႔ တရားစြဲခံရတာ ျဖစ္ပါတယ္။

လႊတ္ေတာ္တြင္း စီးနင္းဝင္ေရာက္မႈအတြက္ စံုစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း FBI အႀကီးအကဲ Christopher Wray က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

လွှတ်တော်အဆောက်အဦ ဝင်ရောက်စီးနင်းလို့ တရားစွဲခံရသူတွေထဲ ပြည်နယ်လွှတ်တော်အမတ်တဦး ပါဝင်

အမေရိကန်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေရာမှာ အခုချိန်အထိ ဗဟိုအစိုးရရှေ့နေတွေ တရားစွဲဆိုထားသူ တဒါဇင်ကျော်ရှိတဲ့အထဲမှာ သမ္မတ Donald Trump ကို ထောက်ခံသူ ပြည်နယ်အမတ်တဦးနဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ရုံးခန်းမှာထိုင်ပြီး ဓာတ်ပုံရိုက်ခဲ့သူ Arkansas ပြည်နယ်သား တဦးတို့လည်း ပါဝင်ကြောင်း ဗဟိုအစိုးရ အရာရှိတွေက ပြောပါတယ်။

အနောက်ဗာဂျီးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Derrick Evans ကို လွှတ်တော် ကန့်သတ်နယ်မြေတွင်း ဝင်ရောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူဟာ လွှတ်တော်ဝင်စီးစဉ်က ကိုယ့်လှုပ်ရှားမှုကိုကိုယ် ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘုတ်မှာ တင်ခဲ့ပေမယ့် ခုတော့ အဲဒါကို ပြန်ဖျက်ပစ်ခဲ့တာပါ။ သူ အခုလို လွှတ်တော်ကို စီးနင်းမှုမှာ ပါဝင်တဲ့အတွက် အနောက်ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက အပြစ်တင် ဝေဖန်ခဲ့သလို သူနုတ်ထွက်ပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းထဲ ဝင်ထိုင်ပြီး အခန့်သား ဓာတ်ပုံရိုက်ခဲ့တဲ့ Arkansas နယ်သား Richard Barnett ရဲ့ပုံဟာ အခုအခါမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံး လူအစုလိုက် လွှတ်တော်ဝင်ရောက်စီးနင်းမှုအတွက် ပြယုဂ်ပုံတခု ဖြစ်ခဲ့တာပါ။ သူ့ကိုတော့ Arkansas ပြည်နယ် Little Rock မှာ သောကြာနေ့က ဖမ်းဆီးခဲ့ပြီး ကန့်သတ်နယ်မြေတွင်း ဝင်ရောက်မှု၊ လွှတ်တော်တွင်း အကြမ်းဖက်ဝင်ရောက်မှုနဲ့ ပြည်သူပိုင်ပစ္စည်း ခိုးယူမှု ပါဝင်တဲ့ အမှု ၃ ခုနဲ့ တရားစွဲဆိုထားပါတယ်။ ဒီကျိူးလွန်မှုတွေအတွက် သူဟာ ထောင်ဒဏ် တနှစ်အထိ ကျခံရနိုင်ဖွယ်ရာ ရှိပါတယ်။

သူတို့ ၂ ဦး အပါအဝင် အခုချိန်အထိ ဝါရှင်တန်ဒီစီ ဗဟိုတရားရုံးက တရားစွဲဆိုထားသူ ၁၃ ဦးရှိပြီဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ အထက်တရားရုံးက တရားစွဲဆိုထားသူက အယောက် ၄၀ ရှိပြီး အများစုက တရားမဝင် ဝင်ရောက်မှုနဲ့ ညမထွက်ရဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

လွှတ်တော်တွင်း စီးနင်းဝင်ရောက်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း FBI အကြီးအကဲ Christopher Wray က ပြောပါတယ်။

XS
SM
MD
LG