သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္လႊတ္ေတာ္ ဝင္ေရာက္ဖ်က္ဆီးသူ တဒါဇင္ထက္မနည္း စဲြခ်က္တင္ထား


အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္အတြင္း အတင္းဝင္ေရာက္ရန္ ႀကိဳးပမ္းေနသူမ်ား။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ထဲကို အတင္းဝင္ေရာက္ ဖ်က္ဆီးခဲ့သူေတြထဲက ခုခ်ိန္ထိ စြဲခ်က္တင္ထားသူေတြထဲမွာ သမၼတ Trump ကုိ ေထာက္ခံသူတဦးျဖစ္ၿပီး လႊတ္ေတာ္ထဲ အတင္းဝင္တဲ့အခ်ိန္ ကိုယ့္ကိုယ္ကို ဗီြဒီယို႐ိုက္ယူခဲ့တဲ့ ျပည္နယ္လႊတ္ေတာ္အမတ္တဦး၊ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ရဲ႕႐ံုးခန္းထဲမွာ ထိုင္ေနခဲ့တဲ့ ပံုထဲမွာပါသူ အာကင္ေဆာျပည္နယ္သား တဦးတို႔လည္း အပါအဝင္ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က ကြန္ဂရက္လႊတ္ေတာ္ ႐ုန္းရင္းဆန္ခတ္မႈကို စံုစမ္းစစ္ေဆးေနတာမွာ ခုခ်ိန္ထိဆိုရင္ လူေပါင္း တဒါဇင္ေက်ာ္ကို စြဲခ်က္တင္ထားၿပီလို႔ တာဝန္ရွိသူေတြက ေသာၾကာေန႔မွာ ေျပာပါတယ္။

ဒီျဖစ္ရပ္ကို အေမရိကန္တႏုိင္ငံလံုးက ႐ုပ္သံသတင္းေတြ၊ အင္တာနက္သတင္းေတြကေန ေစာင့္ၾကည့္ခဲ့ၾကၿပီး အမ်ားအားျဖင့္ မယံုႏုိင္ေအာင္ ျဖစ္ရသူေတြထဲ အီလီႏိြဳင္းျပည္နယ္က အစိုးရဝန္ထမ္းေဟာင္း တဦးလည္းျဖစ္၊ အၿငိမ္းစား ပါေမာကၡတဦးလည္းျဖစ္တဲ့ Kent Redfield လည္း တဦးအပါအဝင္ပါ။

"ဒါဟာ အစိုးရနဲ႔ တရားဥပေဒစိုးမိုးမႈရဲ႕ တရားဝင္မႈနဲ႔ အာဏာပိုင္ဆိုင္မႈေပၚ တိုက္ခိုက္မႈတခုပါပဲ။ လံုးဝ ေမွ်ာ္လင့္မထားပါဘူး၊ တကယ့္ကို မယံုႏုိင္ေလာက္ေအာင္ျဖစ္ၿပီး နားလည္ဖုိ႔ သိပ္ကိုခက္လွပါတယ္" လို႔ အၿငိမ္းစား ပါေမာကၡ Kent Redfield က ေျပာပါတယ္။

ဗာဂ်ီးနီးယားျပည္နယ္လႊတ္ေတာ္က ရီပတ္ဘလီကန္ အမတ္တဦးျဖစ္တဲ့ Derrick Evans ဟာ လႊတ္ေတာ္ပရဝုဏ္ထဲက တားျမစ္ေနရာထဲ ဝင္ေရာက္မႈနဲ႔ စြဲခ်က္တင္ခံထားရပါတယ္။

ေအာက္လႊတ္ေတာ္ဥကၠ႒ရဲ႕ ႐ံုးခန္းထဲဝင္၊ ထိုင္ခံုမွာထိုင္ၿပီး ဓာတ္ပံု႐ိုက္ခံ၊ ေအာက္လႊတ္ေတာ္အမတ္တဦးဆီ ပို႔မယ့္ စာအိတ္တခုကို ယူသြားခဲ့တဲ့ အသက္ ၆၀ အရြယ္ အာကင္ေဆာျပည္နယ္သား Richard Barnett ကိုေတာ့ ေသာၾကာေန႔မနက္ပိုင္းက အာကင္ေဆာမွာ ဖမ္းဆီးခဲ့ၿပီး အမ်ားပိုင္ေငြ ခိုးယူမႈ အပါအဝင္ အမႈသံုးခုနဲ႔ တရားစြဲဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကန်လွှတ်တော် ဝင်ရောက်ဖျက်ဆီးသူ တဒါဇင်ထက်မနည်း စွဲချက်တင်ထား

အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲကို အတင်းဝင်ရောက် ဖျက်ဆီးခဲ့သူတွေထဲက ခုချိန်ထိ စွဲချက်တင်ထားသူတွေထဲမှာ သမ္မတ Trump ကို ထောက်ခံသူတဦးဖြစ်ပြီး လွှတ်တော်ထဲ အတင်းဝင်တဲ့အချိန် ကိုယ့်ကိုယ်ကို ဗွီဒီယိုရိုက်ယူခဲ့တဲ့ ပြည်နယ်လွှတ်တော်အမတ်တဦး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ရုံးခန်းထဲမှာ ထိုင်နေခဲ့တဲ့ ပုံထဲမှာပါသူ အာကင်ဆောပြည်နယ်သား တဦးတို့လည်း အပါအဝင် ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကွန်ဂရက်လွှတ်တော် ရုန်းရင်းဆန်ခတ်မှုကို စုံစမ်းစစ်ဆေးနေတာမှာ ခုချိန်ထိဆိုရင် လူပေါင်း တဒါဇင်ကျော်ကို စွဲချက်တင်ထားပြီလို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။

ဒီဖြစ်ရပ်ကို အမေရိကန်တနိုင်ငံလုံးက ရုပ်သံသတင်းတွေ၊ အင်တာနက်သတင်းတွေကနေ စောင့်ကြည့်ခဲ့ကြပြီး အများအားဖြင့် မယုံနိုင်အောင် ဖြစ်ရသူတွေထဲ အီလီနွိုင်းပြည်နယ်က အစိုးရဝန်ထမ်းဟောင်း တဦးလည်းဖြစ်၊ အငြိမ်းစား ပါမောက္ခတဦးလည်းဖြစ်တဲ့ Kent Redfield လည်း တဦးအပါအဝင်ပါ။

"ဒါဟာ အစိုးရနဲ့ တရားဥပဒေစိုးမိုးမှုရဲ့ တရားဝင်မှုနဲ့ အာဏာပိုင်ဆိုင်မှုပေါ် တိုက်ခိုက်မှုတခုပါပဲ။ လုံးဝ မျှော်လင့်မထားပါဘူး၊ တကယ့်ကို မယုံနိုင်လောက်အောင်ဖြစ်ပြီး နားလည်ဖို့ သိပ်ကိုခက်လှပါတယ်" လို့ အငြိမ်းစား ပါမောက္ခ Kent Redfield က ပြောပါတယ်။

ဗာဂျီးနီးယားပြည်နယ်လွှတ်တော်က ရီပတ်ဘလီကန် အမတ်တဦးဖြစ်တဲ့ Derrick Evans ဟာ လွှတ်တော်ပရဝုဏ်ထဲက တားမြစ်နေရာထဲ ဝင်ရောက်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ရုံးခန်းထဲဝင်၊ ထိုင်ခုံမှာထိုင်ပြီး ဓာတ်ပုံရိုက်ခံ၊ အောက်လွှတ်တော်အမတ်တဦးဆီ ပို့မယ့် စာအိတ်တခုကို ယူသွားခဲ့တဲ့ အသက် ၆၀ အရွယ် အာကင်ဆောပြည်နယ်သား Richard Barnett ကိုတော့ သောကြာနေ့မနက်ပိုင်းက အာကင်ဆောမှာ ဖမ်းဆီးခဲ့ပြီး အများပိုင်ငွေ ခိုးယူမှု အပါအဝင် အမှုသုံးခုနဲ့ တရားစွဲဆိုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG