သမ္မတ Trump ကို တရားစွဲဖို့ အောက်လွှတ်တော် မဲခွဲအတည်ပြု
သမ္မတ Donald Trump ကို အရေးယူရေး တရားစွဲဆိုဖို့ ဒီမိုကရက်အမတ်အများစုလွှမ်းမိုးတဲ့ အမေရိကန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ တရားစွဲဆိုထားတဲ့အမှု အထက်လွှတ်တော်က ကြားနာဖို့ ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ Katherine Gypson ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ကိုငြိမ်းချမ်းစုစည်းတင်ပြပါလိမ့်မယ်။