သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ကို အေရးယူဖို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္ေတြ ျပင္ဆင္


အေမရိကန္သမၼတ Donald Trump. (ဇန္နဝါရီ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ထဲကို လူအုပ္ႀကီး ဝင္ေရာက္စီးနင္းေအာင္ လႈံ႔ေဆာ္ခဲ့တယ္ဆိုတဲ့ စဲြခ်က္နဲ႔ သမၼတ Donald Trump ကို လႊတ္ေတာ္ကေန အေရးယူဖို႔ အရွိန္ျမႇင့္ လုပ္ေဆာင္လာေနပါတယ္။ သမၼတကို တရားစြဲဆိုမႈကို တနလၤာေန႔ အေစာဆုံးထားၿပီး စတင္လုပ္ေဆာင္မယ္လို႔ အေမရိကန္ ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္ေတြက စေနေန႔က ေျပာဆိုခဲ့ၾကပါတယ္။

သမၼတကို တရားစြဲဆိုေရး စြဲခ်က္ေတြကို ေအာက္လႊတ္ေတာ္အမတ္ေပါင္း ၁၈၀ က ပူးတြဲအဆိုျပဳ တင္သြင္းမယ္လို႔ အဲဒီစြဲခ်က္ေတြကို ျပင္ဆင္ေရးသားရာမွာ ပါဝင္သူ ကယ္လီဖိုးနီးယားျပည္နယ္က ေအာက္လႊတ္ေတာ္အမတ္ Ted Lieu က ေျပာပါတယ္။ အဲဒီအထဲ ရီပတ္ဘလီကန္အမတ္ေတာ့ တဦးတေယာက္မွ ပါဝင္ျခင္း မရွိပါဘူး။

ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ႔ လုပ္ေဖာ္ကိုင္ဘက္ အမတ္ေတြက ဇန္နဝါရီလ ၂၀ ရက္ေန႔မတိုင္ခင္ သမၼတကို ရာထူးကဖယ္ရွားဖို႔ လိုလားေနတာပါ။ ဒါေပမယ့္ လက္ရွိ ရီပတ္ဘလီကန္ေတြ ႀကီးစိုးထားတဲ့ အထက္လႊတ္ေတာ္ရဲ႕ ေထာက္ခံမႈကိုေတာ့ ရႏိုင္ဖြယ္မရွိပါဘူး။

သမၼတ Trump ကို သူ႔ရဲ႕သက္တမ္းမွာ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ေအာက္လႊတ္ေတာ္က တရားစြဲဆိုမယ္ဆိုရင္ အထက္လႊတ္ေတာ္မွာ ၾကားနာစစ္ေဆးမႈ ဆက္လက္လုပ္ဆာင္ရမွာ ျဖစ္ပါတယ္။

အရင္တေခါက္ သမၼတအေပၚ တရားစြဲဆိုတုန္းကေတာ့ သမၼတ အျပစ္ကင္းလြတ္ေၾကာင္း အထက္လႊတ္ေတာ္က ဆုံးျဖတ္ခဲ့ဖူးပါတယ္။ အခုတႀကိမ္မွာလည္း ဇန္နဝါရီလ ၁၉ ရက္ေန႔အထိ အထက္လႊတ္ေတာ္ကို ရပ္နားထားတာေၾကာင့္ သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုမယ့္ရက္ မတိုင္မီအထိ ၾကားနာစစ္ေဆးမႈေတြ လုပ္ေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။

ဒါ့အျပင္ ဒုတိယသမၼတ Mike Pence အေနနဲ႔ အေျခခံဥပေဒ ျပင္ဆင္ျဖည့္စြက္ခ်က္ အမွတ္ ၂၅ ကို အသုံးျပဳၿပီး သမၼတကို ရာထူးကျဖဳတ္ခ်ဖို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္ေတြက ေတာင္းဆိုေနတာလည္း ျဖစ္ပါတယ္။

သမၼတ Trump ကို ရာထူးကေန ဖယ္ရွားေရး ဒါမွမဟုတ္ သူ႔ရဲ႕ အနာဂတ္ႏိုင္ငံေရး လႈပ္ရွားေဆာင္ရြက္မႈေတြ ကန္႔သတ္ႏိုင္ဖို႔အေရး ဒီမိုကရက္အမတ္ ေတာ္ေတာ္မ်ားမ်ားနဲ႔အတူ ရီပတ္ဘလီကန္အမတ္ တခ်ဳိ႕က ေထာက္ခံေတြမႈ ေပးထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

သမ္မတ Trump ကို အရေးယူဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေ ပြင်ဆင်

အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲကို လူအုပ်ကြီး ဝင်ရောက်စီးနင်းအောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သမ္မတ Donald Trump ကို လွှတ်တော်ကနေ အရေးယူဖို့ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ သမ္မတကို တရားစွဲဆိုမှုကို တနင်္လာနေ့ အစောဆုံးထားပြီး စတင်လုပ်ဆောင်မယ်လို့ အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက စနေနေ့က ပြောဆိုခဲ့ကြပါတယ်။

သမ္မတကို တရားစွဲဆိုရေး စွဲချက်တွေကို အောက်လွှတ်တော်အမတ်ပေါင်း ၁၈၀ က ပူးတွဲအဆိုပြု တင်သွင်းမယ်လို့ အဲဒီစွဲချက်တွေကို ပြင်ဆင်ရေးသားရာမှာ ပါဝင်သူ ကယ်လီဖိုးနီးယားပြည်နယ်က အောက်လွှတ်တော်အမတ် Ted Lieu က ပြောပါတယ်။ အဲဒီအထဲ ရီပတ်ဘလီကန်အမတ်တော့ တဦးတယောက်မှ ပါဝင်ခြင်း မရှိပါဘူး။

အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ လုပ်ဖော်ကိုင်ဘက် အမတ်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်ခင် သမ္မတကို ရာထူးကဖယ်ရှားဖို့ လိုလားနေတာပါ။ ဒါပေမယ့် လက်ရှိ ရီပတ်ဘလီကန်တွေ ကြီးစိုးထားတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုကိုတော့ ရနိုင်ဖွယ်မရှိပါဘူး။

သမ္မတ Trump ကို သူ့ရဲ့သက်တမ်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် အောက်လွှတ်တော်က တရားစွဲဆိုမယ်ဆိုရင် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှု ဆက်လက်လုပ်ဆာင်ရမှာ ဖြစ်ပါတယ်။

အရင်တခေါက် သမ္မတအပေါ် တရားစွဲဆိုတုန်းကတော့ သမ္မတ အပြစ်ကင်းလွတ်ကြောင်း အထက်လွှတ်တော်က ဆုံးဖြတ်ခဲ့ဖူးပါတယ်။ အခုတကြိမ်မှာလည်း ဇန်နဝါရီလ ၁၉ ရက်နေ့အထိ အထက်လွှတ်တော်ကို ရပ်နားထားတာကြောင့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမယ့်ရက် မတိုင်မီအထိ ကြားနာစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် ဒုတိယသမ္မတ Mike Pence အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၂၅ ကို အသုံးပြုပြီး သမ္မတကို ရာထူးကဖြုတ်ချဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။

သမ္မတ Trump ကို ရာထူးကနေ ဖယ်ရှားရေး ဒါမှမဟုတ် သူ့ရဲ့ အနာဂတ်နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုတွေ ကန့်သတ်နိုင်ဖို့အရေး ဒီမိုကရက်အမတ် တော်တော်များများနဲ့အတူ ရီပတ်ဘလီကန်အမတ် တချို့က ထောက်ခံတွေမှု ပေးထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG