သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ရဲ႕ Twitter အေကာင့္ အၿပီးအပိုင္ အပိတ္ခံလိုက္ရၿပီ


သမၼတ Trump ရဲ႕ Twitter အေကာင့္

(Zawgyi/Unicode)

သမၼတ Donald Trump ရဲ႕ Twitter လူမႈကြန္ယက္အေကာင့္ကုိ အၿပီးအပုိင္ ပိတ္လုိက္ၿပီျဖစ္ေၾကာင္း Twitter က ေသာၾကာေန႔မွာ ေၾကညာလုိက္ပါတယ္။

အၾကမ္းဖက္ဆူပူမႈေတြ ျဖစ္ေပၚေအာင္ ေနာက္ထပ္ ေသြးထုိးလႈံ႔ေဆာ္မႈေတြ ျဖစ္ေပၚလာမွာစုိးရိန္တဲ့အတြက္ အခုလုိ ပိတ္ပင္လုိက္ရျခင္းျဖစ္ေၾကာင္း Twitter အုပ္ခ်ဳပ္ေရးအဖြဲ႔က ၀ါရွင္တန္ ေဒသစံေတာ္ခ်ိန္ ေသာၾကာေန႔ ညေနမွာ ထုတ္ျပန္တဲ့ ေၾကာညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Facebook နဲ႔ Instagram လူမႈကြန္ယက္ အေကာင့္တုိ႔ကလည္း သမၼတ Trump ရဲ႕ အေကာင့္ေတြကုိ အခ်ိန္အကန္႔အသတ္မရွိ ပိတ္လိုက္ေၾကာင္း၊ အနည္းဆံုး ၿငိမ္းခ်မ္းစြာ အာဏာလႊဲၿပီးတဲ့အခ်ိန္အထိ ျဖစ္လိမ့္မယ္လို႔ Facebook ကုမၸဏီ အမႈေဆာင္အရာ႐ွိခ်ဳပ္ Mark Zuckerberg က ဇန္န၀ါရီလ ၇ ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။ Facebook နဲ႔ Instagram လူမႈကြန္ယက္ ၂ ခုစလုံးကုိ Facebook က ပုိင္တာပါ။

ဗုဒၶဟူးေန႔က သမၼတ Trump ကုိ ေထာက္ခံသူေတြက အေမရိကန္လႊတ္ေတာ္အေဆာက္အဦးကုိ ၀င္ေရာက္ စီးနင္းခဲ့တဲ့ ျဖစ္စဥ္မွာ သမၼတ Trump ရဲ႕ ေသြးထုိး လႈံ႔ေဆာ္မႈေတြေၾကာင့္ျဖစ္တယ္ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ လႊတ္ေတာ္ကုိ ၀င္ေရာက္စီးနင္းတဲ့ ဇန္န၀ါရီလ ၆ ရက္၊ ဗုဒၶဟူးေန႔မွာဘဲ Twitter က သမၼတ Trump ရဲ႕ အေကာင့္ကုိ ၁၂ နာရီၾကာ ယာယီ ပိတ္ပင္ခဲ့ပါတယ္။

မေန႔က သူ႔အေကာင့္ ျပန္ရတဲ့အခ်ိန္မွာေတာ့ သူ႔အေနနဲ႔ ေရြးေကာက္ခံသမၼတ Joe Biden အစုိးရအဖြဲ႔ကုိ အဆင္ေျပ ေခ်ာေမြ႔စြာ အာဏာလြဲေျပာင္းေရးအတြက္ အေလးေပး လုပ္ေဆာင္သြားမယ့္အေၾကာင္း သမၼတ Trump က သူ႔ရဲ႕ Twitter အေကာင့္ကေန ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕အေကာင့္ကုိ အခုလုိ အၿပီးအပုိင္ ပိတ္ပင္လုိက္တဲ့ကိစၥနဲ႔ပတ္သက္လုိ႔ သမၼတ Trump ဘက္က အခုခ်ိန္ထိ တစုံတရာ တုန္႔ျပန္ ေျပာဆုိျခင္း မရွိေသးပါဘူး။

...........

သမ္မတ Trump ရဲ့ Twitter အကောင့် အပြီးအပိုင် အပိတ်ခံလိုက်ရပြီ

(Unicode)

သမ္မတ Donald Trump ရဲ့ Twitter လူမှုကွန်ယက်အကောင့်ကို အပြီးအပိုင် ပိတ်လိုက်ပြီဖြစ်ကြောင်း Twitter က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်ဆူပူမှုတွေ ဖြစ်ပေါ်အောင် နောက်ထပ် သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပေါ်လာမှာစိုးရိန်တဲ့အတွက် အခုလို ပိတ်ပင်လိုက်ရခြင်းဖြစ်ကြောင်း Twitter အုပ်ချုပ်ရေးအဖွဲ့က ဝါရှင်တန် ဒေသစံတော်ချိန် သောကြာနေ့ ညနေမှာ ထုတ်ပြန်တဲ့ ကြောညာချက်မှာ ဖော်ပြထားပါတယ်။

Facebook နဲ့ Instagram လူမှုကွန်ယက် အကောင့်တို့ကလည်း သမ္မတ Trump ရဲ့ အကောင့်တွေကို အချိန်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း၊ အနည်းဆုံး ငြိမ်းချမ်းစွာ အာဏာလွှဲပြီးတဲ့အချိန်အထိ ဖြစ်လိမ့်မယ်လို့ Facebook ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ Facebook နဲ့ Instagram လူမှုကွန်ယက် ၂ ခုစလုံးကို Facebook က ပိုင်တာပါ။

ဗုဒ္ဓဟူးနေ့က သမ္မတ Trump ကို ထောက်ခံသူတွေက အမေရိကန်လွှတ်တော်အဆောက်အဦးကို ဝင်ရောက် စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ သမ္မတ Trump ရဲ့ သွေးထိုး လှုံ့ဆော်မှုတွေကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်ကို ဝင်ရောက်စီးနင်းတဲ့ ဇန်နဝါရီလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာဘဲ Twitter က သမ္မတ Trump ရဲ့ အကောင့်ကို ၁၂ နာရီကြာ ယာယီ ပိတ်ပင်ခဲ့ပါတယ်။

မနေ့က သူ့အကောင့် ပြန်ရတဲ့အချိန်မှာတော့ သူ့အနေနဲ့ ရွေးကောက်ခံသမ္မတ Joe Biden အစိုးရအဖွဲ့ကို အဆင်ပြေ ချောမွေ့စွာ အာဏာလွဲပြောင်းရေးအတွက် အလေးပေး လုပ်ဆောင်သွားမယ့်အကြောင်း သမ္မတ Trump က သူ့ရဲ့ Twitter အကောင့်ကနေ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့အကောင့်ကို အခုလို အပြီးအပိုင် ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ သမ္မတ Trump ဘက်က အခုချိန်ထိ တစုံတရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG