သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲ Donald Trump တက်ရောက်မည်မဟုတ်


 အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် နဲ့ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်
အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် နဲ့ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ အစိုးရတရပ်ကနေ နောက်အစိုးရတရပ်ကို ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးတဲ့ အထိမ်းအမှတ်အဖြစ် ရာစုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ တဲ့ အစဉ်အလာကို ဖျက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ပွဲကို တက်ရောက်မှာ မဟုတ်ဖူးလို့ သောကြာနေ့မှာ တွစ်တာကနေ အသိပေးလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန် အနိုင်ရကြောင်း အတည်ပြုတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့ လွှတ်တော်ထဲ သမ္မတထရမ့်ကို ထောက်ခံသူတွေ ဝင်ရောက်စီးနင်းမှု ဖြစ်ပွါးခဲ့ပြီး ၂ ရက်အကြာမှာ သမ္မတထရမ့်က ဇန်နဝါရီ ၂၀ မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲကို သူသွားမှာ မဟုတ်ဘူးလို့ တွစ်တာမှာ ရေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်တက်မယ့် ဘိုင်ဒန်အစိုးရကို အာဏာလွှဲပြောင်းပေးရေးကို ချောချောမွေ့မွေ့နဲ့ အစီစဉ်တကျဖြစ်အောင် သူသမ္မတတာဝန်ယူထားတဲ့ ကျန်အချိန်အတွင်းမှာ လုပ်ဆောင်သွားမယ်ဆိုတဲ့ ဗွီဒီယိုမိန့်ခွန်းကိုတော့ ကြာသာပတေးနေ့ကပဲ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ လက်ရှိသမ္မတ တဦးအနေနဲ့ အခုလို ကျမ်းသစ္စာကျိန်ဆိုပွဲ မတက်ရောက်ပဲ နေတာဟာ လွန်ခဲ့တဲ့ ၁၅၂ နှစ်နောက်ပိုင်း ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။ အဲဒီအချိန်က သမ္မတ Andrew Johnson က မတက်ရောက်ခဲ့ပါဘူး။

သမ္မတထရမ့်ကို ပံ့ပိုးမှုအများဆုံး ပေးခဲ့တဲ့ ဒုသမ္မတ Mike Pence နဲ့ သမ္မတတို့ကြား ဒီသီတင်းပတ်အတွင်းမှာပဲ မပြေလည်မှုတွေ သိသိသာသာ တွေ့လာနေရပြီး ဒုသမ္မတနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းရဲ့ ပြောဆိုချက်တွေအရ ဒီကျမ်းသစ္စာကျိန်ဆိုပွဲကို ဒုသမ္မတ Pence တက်ရောက်ဖို့ရှိပါတယ်။

သမ္မတရဲ့ အခုလို ပြောကြားချက်အတွက် အာဏာအကူးအပြောင်းကာလ တာဝန်ထမ်းဆောင်နေတဲ့ ဘိုင်ဒန်အဖွဲ့ကတော့ တစုံတရာ တုန့်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင်း ဝင်ရောက်စီးနင်းမှု ဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ ဇန်နဝါရီ ၂၀ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးတွေ တင်းတင်ကြပ်ကြပ် ထားရှိမှာ ဖြစ်ပါတယ်။

Joe Biden ကျမ်းသစ္စာကျိန်ဆိုပွဲ Donald Trump တက်ရောက်မည်မဟုတ်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်


..................


(Unicode)




သမ်မတထရမ့ျကို ပံ့ပိုးမှုအမြားဆုံး ပေးခဲ့တဲ့ ဒုသမ်မတ Mike Pence နဲ့ သမ်မတတို့ကွား ဒီသီတငျးပတျအတှငျးမှာပဲ မပွလေညျမှုတှေ သိသိသာသာ တှေ့လာနရေပွီး ဒုသမ်မတနဲ့ နီးစပျတဲ့ အသိုငျးဝိုငျးရဲ့ ပွောဆိုခကြျတှအေရ ဒီကမြျးသစ်စာကြိနျဆိုပှဲကို ဒုသမ်မတ Pence တကျရောကျဖို့ရှိပါတယျ။



XS
SM
MD
LG