သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

William Burns ကို CIA အႀကီးအကဲအျဖစ္ Joe Biden ေ႐ြးခ်ယ္


William Burns

(Zawgyi/Unicode)
အေမရိကန္ေထာက္လွမ္းေရးေအဂ်င္စီ CIA အႀကီးအကဲအျဖစ္ ဝါရင့္သံတမန္ William Burns ကို အမည္စာရင္းတင္သြင္းမွာ ျဖစ္ေၾကာင္း အေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒန္က တနလၤာေန႔မွာ ေၾကညာလိုက္ပါတယ္။

မစၥတာ Burns ဟာ အေမရိကန္ႏိုင္ငံျခားေရးဌာနမွာ ရီပတ္ဘလစ္ကင္နဲ႔ ဒီမိုကရက္ သမၼတေတြလက္ေအာက္မွာ ၃၃ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ သမၼတေဟာင္း George W. Bush လက္ထက္မွာ ရုရွားသံအမတ္အျဖစ္တာဝန္ယူခဲ့သလို သမၼတေဟာင္း Barack Obama လက္ထက္မွာေတာ့ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တာပါ။

အသက္ ၆၄ ႏွစ္အရြယ္ ဝါရင့္သံတမန္ Burns အေနနဲ႔ ေထာက္လွမ္းေရးလုပ္ငန္းမွာ ႏိုင္ငံေရးကင္းရွင္းရမယ္လို႔ ယံုၾကည္သူတဦးျဖစ္ၿပီး သူဟာ အတုယူထိုက္တဲ့ စံျပသံတမန္တဦးျဖစ္ေၾကာင္း တနလၤာေန႔ ထုတ္ျပန္တဲ့ ဗီြဒီယိုမွ မစၥတာဘိုင္ဒန္က ခ်ီးၾကဴးထားပါတယ္။ ဒါ့အျပင္ ဒီအခ်ိန္ဟာ အေမရိကန္ ေထာက္လွမ္းေရး အသိုင္းဝိုင္းအတြက္ အမွီအခိုကင္းတဲ့ လြတ္လပ္မႈျပန္ရေအာင္ လုပ္ရမယ့္ အခ်ိန္ ျဖစ္သလို CIA အပါအဝင္ ဌာနဆိုင္ရာ အရာရွိေတြ အေပၚ ယံုၾကည္ အားထားမႈ ျပန္ရေအာင္ လုပ္ေဆာင္ရမယ့္ အေရးအႀကီးဆံုး အခ်ိန္ ျဖစ္တဲ့ အတြက္ ဒီရာထူးဟာ William Burns နဲ႔ အသင့္ေတာ္ဆံုး ျဖစ္ေၾကာင္း လည္း ေျပာပါတယ္။

တကယ္လုိ႔ Burns ကိုခန္႔ဖို႔ အတည္ျပဳမႈ ရခဲ့မယ္ဆိုရင္ သူဟာ လက္ရွိ CIA အႀကီးအကဲ Gina Haspel ေနရာမွာ ဆက္ခံရမွာ ျဖစ္ပါတယ္။ အေမရိကန္ေထာက္လွမ္းေရးေလာကမွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ တာဝန္ထမ္းေဆာင္ေနတဲ့ Haspel ဟာ ၂၀၁၈ ခုႏွစ္ မွာ CIA ရဲ့ ပထမဆံုး အမ်ိဳးသမီး အႀကီးအကဲျဖစ္လာခဲ့တာပါ။

သမၼတအိမ္ျဖဴေတာ္နဲ႔ အေမရိကန္ေထာက္လွမ္းေရး အသိုင္းဝိုင္းၾကား အဆင္မေျပမႈေတြ ႀကီးထြားလာေနခ်ိန္မွာ ဒီတာဝန္ကို ထမ္းေဆာင္ေနတဲ့ Haspel ကို ထင္ထင္ေပၚေပၚသိပ္ ေတြ႔ရေလ့ မရွိေပမယ့္ သမၼတေဒၚနယ္ထရမ့္နဲ႔ ျပႆနာျဖစ္ၿပီး ထိပ္တိုက္ေတြ႔ခဲ့တာေတာ့ ရွိပါတယ္။

ေထာက္လွမ္းေရးဟာ အေမရိကန္ႏိုင္ငံအတြက္ အကာကြယ္ေပးတဲ့ ေရွ႕တန္းခံစစ္ျဖစ္ၿပီး ဒီတာဝန္ကို ဂုဏ္သိကၡာရွိရွိ ေျဖာင့္မွန္စြာ ဘက္လိုက္မႈမရွိပဲ ထမ္းေဆာင္မွာ ျဖစ္ေၾကာင္း Burn ရဲ့ ေျပာၾကားခ်က္ကို ဘိုင္ဒန္ရဲ့ အစိုးရအလႊဲအေျပာင္းကာလ တာဝန္ခံအဖြဲ႔က ထုတ္ျပန္တဲ့ ဗီြဒီယို္မွာ ေဖၚျပထားပါတယ္။

Burns ဟာ Philadelphia ျပည္နယ္ LaSalle တကၠသိုလ္က သမိုင္းဘာသာနဲ႔ ဘြဲရခဲ့သလို Oxford တကၠသိုလ္က ႏိုင္ငံတကာဆက္ဆံေရးဆိုင္ရာ မဟာဘြဲနဲ႔ ပါရဂူဘြဲေတြရခဲ့ သူျဖစ္ပါတယ္။

William Burns ကို CIA အႀကီးအကဲအျဖစ္ Joe Biden ေ႐ြးခ်ယ္
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္


.............

William Burns ကို CIA အကြီးအကဲအဖြစ် Joe Biden ရွေးချယ်
(Unicode)
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲအဖြစ် ဝါရင့်သံတမန် William Burns ကို အမည်စာရင်းတင်သွင်းမှာ ဖြစ်ကြောင်း အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

မစ္စတာ Burns ဟာ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက် သမ္မတတွေလက်အောက်မှာ ၃၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတဟောင်း George W. Bush လက်ထက်မှာ ရုရှားသံအမတ်အဖြစ်တာဝန်ယူခဲ့သလို သမ္မတဟောင်း Barack Obama လက်ထက်မှာတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

အသက် ၆၄ နှစ်အရွယ် ဝါရင့်သံတမန် Burns အနေနဲ့ ထောက်လှမ်းရေးလုပ်ငန်းမှာ နိုင်ငံရေးကင်းရှင်းရမယ်လို့ ယုံကြည်သူတဦးဖြစ်ပြီး သူဟာ အတုယူထိုက်တဲ့ စံပြသံတမန်တဦးဖြစ်ကြောင်း တနင်္လာနေ့ ထုတ်ပြန်တဲ့ ဗွီဒီယိုမှ မစ္စတာဘိုင်ဒန်က ချီးကြူးထားပါတယ်။ ဒါ့အပြင် ဒီအချိန်ဟာ အမေရိကန် ထောက်လှမ်းရေး အသိုင်းဝိုင်းအတွက် အမှီအခိုကင်းတဲ့ လွတ်လပ်မှုပြန်ရအောင် လုပ်ရမယ့် အချိန် ဖြစ်သလို CIA အပါအဝင် ဌာနဆိုင်ရာ အရာရှိတွေ အပေါ် ယုံကြည် အားထားမှု ပြန်ရအောင် လုပ်ဆောင်ရမယ့် အရေးအကြီးဆုံး အချိန် ဖြစ်တဲ့ အတွက် ဒီရာထူးဟာ William Burns နဲ့ အသင့်တော်ဆုံး ဖြစ်ကြောင်း လည်း ပြောပါတယ်။

တကယ်လို့ Burns ကိုခန့်ဖို့ အတည်ပြုမှု ရခဲ့မယ်ဆိုရင် သူဟာ လက်ရှိ CIA အကြီးအကဲ Gina Haspel နေရာမှာ ဆက်ခံရမှာ ဖြစ်ပါတယ်။ အမေရိကန်ထောက်လှမ်းရေးလောကမှာ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်နေတဲ့ Haspel ဟာ ၂၀၁၈ ခုနှစ် မှာ CIA ရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲဖြစ်လာခဲ့တာပါ။

သမ္မတအိမ်ဖြူတော်နဲ့ အမေရိကန်ထောက်လှမ်းရေး အသိုင်းဝိုင်းကြား အဆင်မပြေမှုတွေ ကြီးထွားလာနေချိန်မှာ ဒီတာဝန်ကို ထမ်းဆောင်နေတဲ့ Haspel ကို ထင်ထင်ပေါ်ပေါ်သိပ် တွေ့ရလေ့ မရှိပေမယ့် သမ္မတဒေါ်နယ်ထရမ့်နဲ့ ပြဿနာဖြစ်ပြီး ထိပ်တိုက်တွေ့ခဲ့တာတော့ ရှိပါတယ်။

ထောက်လှမ်းရေးဟာ အမေရိကန်နိုင်ငံအတွက် အကာကွယ်ပေးတဲ့ ရှေ့တန်းခံစစ်ဖြစ်ပြီး ဒီတာဝန်ကို ဂုဏ်သိက္ခာရှိရှိ ဖြောင့်မှန်စွာ ဘက်လိုက်မှုမရှိပဲ ထမ်းဆောင်မှာ ဖြစ်ကြောင်း Burn ရဲ့ ပြောကြားချက်ကို ဘိုင်ဒန်ရဲ့ အစိုးရအလွှဲအပြောင်းကာလ တာဝန်ခံအဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ ဖေါ်ပြထားပါတယ်။

Burns ဟာ Philadelphia ပြည်နယ် LaSalle တက္ကသိုလ်က သမိုင်းဘာသာနဲ့ ဘွဲရခဲ့သလို Oxford တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မဟာဘွဲနဲ့ ပါရဂူဘွဲတွေရခဲ့ သူဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG