သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတက်မ္းသစၥာဆိုမည့္ေန႔ အၾကမ္းဖက္မႈျဖစ္ႏိုင္ေျခ ဒီမိုကရက္ေခါင္းေဆာင္သတိေပး


အေမရိကန္လႊတ္ေတာ္အေဆာက္အဦး။ (ဇန္နဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ဇန္နဝါရီလ ၂၀ ရက္ေန႔ က်င္းပမယ့္ သမၼတသစ္ က်မ္းက်ိန္ပြဲမွာ အၾကမ္းဖက္မႈ ျဖစ္ႏိုင္တဲ့ အႏၱရာယ္႐ွိတယ္လို႔ အထက္လႊတ္ေတာ္ Democratic ပါတီေခါင္းေဆာင္ Chuck Schumer က တနဂၤေႏြေန႔က သတိေပးလိုက္ပါတယ္။

ေ႐ြးေကာက္ခံသမၼတအျဖစ္ Joe Biden ကိုလႊတ္ေတာ္မွာ တရားဝင္အတည္ျပဳဖုိ႔ ေဆြးေႏြးခဲ့တဲ့ ေန႔တုန္းက သမၼတ Donald Trump အေပၚေထာက္ခံသူ ေထာင္နဲ႔ခ်ီတဲ့လူအုပ္ႀကီးက Capitol Hill လႊတ္ေတာ္ အေဆာက္အဦးထဲ အတင္းဖ်က္စီး ဝင္ေရာက္ခဲ့တဲ့ျဖစ္ရပ္ ျဖစ္ခဲ့ၿပီးေနာက္ ပိုၿပီးစိုးရိမ္စရာျဖစ္တယ္လို႔ အထက္လႊတ္ေတာ္အမတ္ Schumer က သတိေပးပါတယ္။

အထက္လႊတ္ေတာ္လူမ်ားစုေခါင္းေဆာင္ မၾကာခင္ျဖစ္လာေတာ့မယ့္ Mr. Schumer က သူနဲ႔ FBI ၫႊန္ၾကားေရးမွဴး Christopher Wray တို႔ တနဂၤေႏြေန႔က ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတယ္လို႔ေျပာပါတယ္။ အစြန္းေရာက္အဖဲြ႔ေတြရဲ႕ အၾကမ္းဖက္အႏၱရာယ္ ႀကီးမားေနဆဲျဖစ္တယ္လို႔ သူကေျပာပါတယ္။ ဝါ႐ွင္တန္ၿမိဳ႕ေတာ္ဝန္ Muriel Bowser ကလည္း ဇန္နဝါရီလ ၉ ရက္ေန႔စြဲနဲ႔ ျပည္တြင္းလံုၿခံဳေရး ယာယီအႀကီးအကဲ Chad Wolf ဆီကို ေပးပို႔တဲ့ စာထဲမွာ က်မ္းက်ိန္ပဲြအတြက္ ဝါ႐ွင္တန္ၿမိဳ႕ေတာ္ထဲမွာ လံုၿခံဳေရးတာဝန္ကို လက္႐ွိ ၃ ရက္ကေန သီတင္း ၂ ပတ္ တုိးယူေပးဖို႔ ပန္ၾကားခဲ့့ပါတယ္။ ဒီေန႔ တနလၤာေန႔က စၿပီး ဇန္နဝါရီလ ၂၄ ရက္ေန႔အထိ လံုၿခံဳေရးယူေပးပါလို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတကျမ်းသစ္စာဆိုမည့်နေ့ အကြမ်းဖက်မှုဖြစ်နိုင်ခြေ ဒီမိုကရက်ခေါင်းဆောင်သတိပေး

အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ ကျင်းပမယ့် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အထက်လွှတ်တော် Democratic ပါတီခေါင်းဆောင် Chuck Schumer က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။

ရွေးကောက်ခံသမ္မတအဖြစ် Joe Biden ကိုလွှတ်တော်မှာ တရားဝင်အတည်ပြုဖို့ ဆွေးနွေးခဲ့တဲ့ နေ့တုန်းက သမ္မတ Donald Trump အပေါ်ထောက်ခံသူ ထောင်နဲ့ချီတဲ့လူအုပ်ကြီးက Capitol Hill လွှတ်တော် အဆောက်အဦးထဲ အတင်းဖျက်စီး ဝင်ရောက်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် ပိုပြီးစိုးရိမ်စရာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် Schumer က သတိပေးပါတယ်။

အထက်လွှတ်တော်လူများစုခေါင်းဆောင် မကြာခင်ဖြစ်လာတော့မယ့် Mr. Schumer က သူနဲ့ FBI ညွှန်ကြားရေးမှူး Christopher Wray တို့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။ အစွန်းရောက်အဖွဲ့တွေရဲ့ အကြမ်းဖက်အန္တရာယ် ကြီးမားနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။ ဝါရှင်တန်မြို့တော်ဝန် Muriel Bowser ကလည်း ဇန်နဝါရီလ ၉ ရက်နေ့စွဲနဲ့ ပြည်တွင်းလုံခြုံရေး ယာယီအကြီးအကဲ Chad Wolf ဆီကို ပေးပို့တဲ့ စာထဲမှာ ကျမ်းကျိန်ပွဲအတွက် ဝါရှင်တန်မြို့တော်ထဲမှာ လုံခြုံရေးတာဝန်ကို လက်ရှိ ၃ ရက်ကနေ သီတင်း ၂ ပတ် တိုးယူပေးဖို့ ပန်ကြားခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့က စပြီး ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လုံခြုံရေးယူပေးပါလို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG